Investment



ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်နိုင်ငံမှ လာရောက်ဆွေးနွေးမှု လျော့ကျ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်နိုင်ငံမှ လာရောက်ဆွေးနွေးမှု လျော့ကျ Google

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးမှုများ လျော့ကျသွားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

တရုတ်နှစ်သစ်ကူးကာလတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားပါတယ်။

ဒန်အိုးစက်လုပ်ငန်း (၁၆) ခုကို ရှာရန်နှိပ်ပါ

ဒါ့ပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လာရောက်ဆွေးနွေးသည့် တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူအရေအတွက် လျော့ကျသွားပြီး နိုင်ငံခြားခရီးသွား ဝင်ရောက်မှုလည်း လျော့ကျသွားကြောင်း ပြောပါတယ်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေသည့်အပြင် မြန်မာအပါအဝင် ၎င်း၏ အိမ်နီးချင်းနိုင်ငံများကိုလည်း သက်ရောက်စေနိုင်ပါတယ်။ ဒါ့ပြင် ဒေသတွင်း ရင်းနှီးမြှုပ်နံှမှုမြှင့်တင်ရေးအတွက် ဖေဖော်ဝါရီလကုန်တွင် ကျင်းပရန်စီစဉ်ထားသည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၀ ကို ရွှေ့ဆိုင်းထားကြောင်း ဦးသန့်စင်လွင်က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက ၁၉၈၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စီမံကိန်း (၄၃၀) ခုနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၀) ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း သိရပါတယ်။

Read More >>> ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ကိုင်သွားရန် စိတ်ဝင်စား

Source: Global New Light Of Myanmar

Myanmar Industry Directory

 

<<<Zawgyi>>>

ကုိ႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမွဳပ္ႏွံမႈျပဳလုပ္ရန္ တ႐ုတ္ႏုိင္ငံမွ လာေရာက္ေဆြးေႏြးမႈ ေလ်ာ့က်

တ႐ုတ္ႏုိင္ငံတြင္ ျဖစ္ပြားလ်က္ရွိသည့္ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ တ႐ုတ္ရင္းႏွီးျမွဳပ္ႏွံသူမ်ားက ျမန္မာႏုိင္ငံတြင္ ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ပတ္သက္၍ လာေရာက္ေဆြးေႏြးမႈမ်ား ေလ်ာ့က်သြားေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာနမွ သိရပါတယ္။

တ႐ုတ္ႏွစ္သစ္ကူးကာလတြင္ တ႐ုတ္ႏုိင္ငံမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားကို ပိုမိုဆြဲေဆာင္ႏုိင္မည္ဟု ေမွ်ာ္လင့္ထားေသာ္လည္း ကို႐ိုနာဗုိင္းရပ္စ္ျဖစ္ပြားမႈေၾကာင့္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ထိခုိက္ခဲ့ေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔စင္လြင္က ေျပာၾကားပါတယ္။

ဒန္အုိးစက္လုပ္ငန္း (၁၆) ခုကို ရွာရန္ႏွိပ္ပါ

ဒါ့ျပင္ ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ရန္ လာေရာက္ေဆြးေႏြးသည့္ တ႐ုတ္ႏုိင္ငံသား ရင္းႏွီးျမွဳပ္ႏွံသူအေရအတြက္ ေလ်ာ့က်သြားၿပီး ႏုိင္ငံျခားခရီးသြား ဝင္ေရာက္မႈလည္း ေလ်ာ့က်သြားေၾကာင္း ေျပာပါတယ္။

အဆိုပါ ကုိ႐ိုနာဗုိင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏုိင္ငံ၏ စီးပြားေရးကုိ ထိခိုက္ေစသည့္အျပင္ ျမန္မာအပါအဝင္ ၎၏ အိမ္နီးခ်င္းႏုိင္ငံမ်ားကုိလည္း သက္ေရာက္ေစႏုိင္ပါတယ္။ ဒါ့ျပင္ ေဒသတြင္း ရင္းႏွီးျမွဳပ္ႏံွမႈျမွင့္တင္ေရးအတြက္ ေဖေဖာ္ဝါရီလကုန္တြင္ က်င္းပရန္စီစဥ္ထားသည့္ ရန္ကုန္တိုင္းေဒသႀကီးရင္းႏီွးျမွဳပ္ႏွွံမႈဖိုရမ္ ၂၀၂၀ ကို ေရႊ႕ဆုိင္းထားေၾကာင္း ဦးသန္႔စင္လြင္က ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏုိင္ငံက ၁၉၈၈ ခုႏွစ္မွစ၍ ျမန္မာႏုိင္ငံတြင္ စီမံကိန္း (၄၃၀) ခုႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ (၂၀) ဘီလီယံ ရင္းႏွီးျမွဳပ္ႏွံခဲ့ၿပီး ျမန္မာႏုိင္ငံတြင္ ဒုတိယအႀကီးဆံုးရင္းႏွီးျမွဳပ္ႏွံသူျဖစ္ေၾကာင္း သိရပါတယ္။

Source: Global New Light Of Myanmar

Myanmar Industry Directory

Read times
Rate this item
(0 votes)