Investment



ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အားပေးမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိ

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အားပေးမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိ MOI

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါတယ်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ထူးက မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲတင်ပြချက်များကို လုပ်ငန်းကော်မတီ (၅) ရပ်က ဖြေရှင်းပေးသွားမှာဖြစ်ပြီး မူဝါဒဆိုင်ရာကိစ္စများကို ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲ (Public-Private Dialogue) သို့ တင်ပြသွားမှာဖြစ်ကြောင်း၊

ယခုလက်ရှိ ကြုံတွေ့နေရသည့် ကိုရိုနာဗိုင်းရပ်စ် ပြဿနာများကြောင့် အထည်ချုပ်လုပ်ငန်းများ ထိခိုက်နစ်နာမှုများဖြစ်ပေါ်သကဲ့သို့ ဖရဲသီး၊ သခွားသီး စသည့် သီးနှံထုတ်ကုန်များလည်း ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့ခဲ့ရပါကြောင်း၊ ပြည်တွင်း ရောင်းအားမြှင့်တင်နိုင်ရန်နှင့် အခြားနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဈေးကွက်ရှာဖွေနိုင်ရန် သက်ဆိုင်ရာနိုင်ငံရှိ သံအမတ်ကြီးများ၊ စီးပွားရေးသံမှူးများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကုန်သည်အသင်းအဖွဲ့များမှ တင်ပြသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကျောက်စိမ်းလုပ်ငန်းများကို ရှာရန်နှိပ်ပါ

ထို့နောက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်း၊ (UMFCCI) ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့နှင့် မြန်မာနိုင်ငံဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းရှင်များအသင်းတို့မှ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ အခမ်းအနားသို့ လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Read More >>> ဒေသန္တရရေနံချက်လုပ်ခြင်း လုပ်ငန်းလိုင်စင်သက်တမ်းတိုး နောက်ဆုံးလျှောက်ထားရမည့်ရက် ထုတ်ပြန်

Source: MOI
Myanmar Industry Directory

 

<<<Zawgyi>>>

ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အားေပးျမႇင့္တင္ေရး ေဆာင္ရြက္လ်က္ရွိ

ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈကို အားေပးျမႇင့္တင္ေရး လုပ္ငန္းေကာ္မတီ၏ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔က ေနျပည္ေတာ္ရွိ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမတြင္ က်င္းပခဲ့ပါတယ္။

အစည္းအေဝးတြင္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး၊ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈကို အားေပးျမႇင့္တင္ေရးလုပ္ငန္းေကာ္မတီဥကၠ႒ ဦးေအာင္ထူးက ျမန္မာ့စီးပြားေရးလုပ္ငန္းရွင္မ်ား ေတြ႕ႀကဳံေနရသည့္ အခက္အခဲတင္ျပခ်က္မ်ားကို လုပ္ငန္းေကာ္မတီ (၅) ရပ္က ေျဖရွင္းေပးသြားမွာျဖစ္ၿပီး မူဝါဒဆိုင္ရာကိစၥမ်ားကို ပုဂၢလိကက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီႏွင့္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ားေတြ႕ဆုံပြဲ (Public-Private Dialogue) သို႔ တင္ျပသြားမွာျဖစ္ေၾကာင္း၊

ယခုလက္ရွိ ႀကဳံေတြ႕ေနရသည့္ ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာမ်ားေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းမ်ား ထိခိုက္နစ္နာမႈမ်ားျဖစ္ေပၚသကဲ့သို႔ ဖရဲသီး၊ သခြားသီး စသည့္ သီးႏွံထုတ္ကုန္မ်ားလည္း ထိခိုက္နစ္နာမႈမ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရပါေၾကာင္း၊ ျပည္တြင္း ေရာင္းအားျမႇင့္တင္ႏိုင္ရန္ႏွင့္ အျခားႏိုင္ငံမ်ားသို႔ တင္ပို႔ႏုိင္ေရးအတြက္ ေစ်းကြက္ရွာေဖြႏိုင္ရန္ သက္ဆိုင္ရာႏုိင္ငံရွိ သံအမတ္ႀကီးမ်ား၊ စီးပြားေရးသံမွဴးမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ကုန္သည္အသင္းအဖြဲ႕မ်ားမွ တင္ျပသည့္ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ အခက္အခဲမ်ားကို သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ညႇိႏႈိင္းေျဖရွင္း ေဆာင္႐ြက္ေပးသြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ေက်ာက္စိမ္းလုပ္ငန္းမ်ားကို ရွာရန္ႏွိပ္ပါ

ထို႔ေနာက္ ျမန္မာႏိုင္ငံ ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္၊ ခ်င္းျပည္နယ္ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္း၊ မူဆယ္-နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရး ကုန္သည္အသင္း၊ (UMFCCI) ၏ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအဖြဲ႕ႏွင့္ ျမန္မာႏိုင္ငံေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးလုပ္ငန္းရွင္မ်ားအသင္းတို႔မွ တင္ျပခ်က္မ်ားအေပၚ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရွိသူမ်ားက ျပန္လည္ေဆြးေႏြးခဲ့ၾကပါတယ္။

အဆိုပါ အခမ္းအနားသို႔ လုပ္ငန္းေကာ္မတီ၊ ဒုတိယဥကၠ႒ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္စိုး၊ ေကာ္မတီအဖြဲ႕ဝင္မ်ား၊ ဖိတ္ၾကားထားသည့္ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရွိသူမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။

Source: MOI
Myanmar Industry Directory

Read times
Rate this item
(0 votes)