Investment



ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ကိုင်သွားရန် စိတ်ဝင်စား

ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ကိုင်သွားရန် စိတ်ဝင်စား MOIFER page

ဆွစ်ဇာလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လုပ်ကိုင်သွားရန် စိတ်ဝင်စားကြောင်း

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး Mr. Tim Enderlin တို့ ဖေဖော်ဝါရီလ ၁၂ ရက်က တွေ့ဆုံမှုတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

မှန်နှင့် ပုလင်းပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများကို ရှာရန်နှိပ်ပါ

အဆိုပါတွေ့ဆုံမှုတွင် မြန်မာ-ဆွစ်ဇာလန် ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ (၂၀၁၉-၂၀၂၃) အရ ငြိမ်းချမ်းရေး၊ ဒီမို ကရေစီ ရှင်သန်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးတွင် ဆွစ်ဇာလန်နိုင်ငံက ကူညီထောက်ပံ့သွားရန်ရှိကြောင်း၊ ဒါ့ပြင် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်သွားနိုင်ရေးကိုပါ စိတ်ဝင်စားမှုရှိကြောင်း ဆွေးနွေးခဲ့ကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းတွင် ဆွစ်ဇာလန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုအဆင့် နံပါတ် (၂၅) မှာရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအင်းများအရ သိရပါတယ်။

Read More >>> ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

Myanmar Industry Directory

 

<<<Zawgyi>>>






Read times Last modified on Saturday, 15 February 2020 15:03
Rate this item
(0 votes)