Investment



ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား google

ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သိရပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy ဦးဆောင်သော ပြင်သစ်နိုင်ငံမှ MEDEF International စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

အသင်းအဖွဲ့များကို ရှာရန်နှိပ်ပါ

အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ပြင်သစ်ကုမ္ပဏီများအတွက် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး အခွင့်အလမ်းများနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

MEDEF International မှာ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်များ ကွန်ဖက်ဒရေးရှင်းကို ကိုယ်စားပြုတဲ့ အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်တစ်ခုဖြစ်ပါတယ်။

လာရောက်တွေ့ဆုံခဲ့သည့် ပြင်သစ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ပြင်သစ်ကုမ္ပဏီများမှ လုပ်ငန်းရှင်ကိုယ်စားလှယ် စုစုပေါင်း (၂၈) ဦးလိုက်ပါလာကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သိရပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါတယ်။

Read More >>> အမေရိကန်နိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ကိုင်မည်

Source: Myanmar State Counsellor Office

Myanmar Industry Directory

 

>>>Zawgyi<<<

ျပင္သစ္စီးပြားေရးလုပ္ငန္းရွင္မ်ားက ျမန္မာႏုိင္ငံတြင္ ရင္းႏွီးျမွဳပ္ႏွံရန္ စိတ္ဝင္စား

ျပင္သစ္စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ျမန္မာႏုိင္ငံတြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ရန္ စိတ္ဝင္စားေနေၾကာင္း ႏုိင္ငံေတာ္အတိုင္ပင္ခံ႐ံုးမွ သိရပါတယ္။

ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏိုင္ငံဆိုင္ရာ ျပင္သစ္သံအမတ္ႀကီး Mr. Christian Lechervy ဦးေဆာင္ေသာ ျပင္သစ္ႏိုင္ငံမွ MEDEF International စီးပြားေရးကိုယ္စားလွယ္အဖြဲ႕႔ကို ေနျပည္ေတာ္ရွိ ႏုိင္ငံျခားေရးဝန္ႀကီးဌာနမွာ လက္ခံေတြ႔ဆံုခဲ့ေၾကာင္း သိရပါတယ္။

အသင္းအဖြဲ႔မ်ားကို ရွာရန္ႏွိပ္ပါ

အစည္းအေဝးတြင္ ႏွစ္ႏုိင္ငံအၾကား ရင္းနွီးျမွဳပ္ႏွံမႈအေျခအေနႏွင့္ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈမ်ား၊ ျပင္သစ္ကုမၸဏီမ်ားအတြက္ ျမန္မာႏုိင္ငံတြင္ လာေရာက္ရင္းနွီးျမွဳပ္ႏွံႏုိင္ေရး အခြင့္အလမ္းမ်ားႏွင့္ စီးပြားေရး၊ ကုန္သြယ္ေရး၊ စုိက္ပ်ိဳးေရး၊ စြမ္းအင္ႏွင့္ အေျခခံအေဆာက္အအံုက႑မ်ားတြင္ အလားအလာရွိေသာ ပူးေပါင္းေဆာင္ရြက္မႈမ်ားျပဳလုပ္ရန္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရပါတယ္။

MEDEF International မွာ ျပင္သစ္စီးပြားေရးလုပ္ငန္းရွင္မ်ား ကြန္ဖက္ဒေရးရွင္းကို ကုိယ္စားျပဳတဲ့ အက်ိဳးအျမတ္မယူေသာ အဖြဲ႔အစည္းျဖစ္တစ္ခုျဖစ္ပါတယ္။

လာေရာက္ေတြ႔ဆံုခဲ့သည့္ ျပင္သစ္စီးပြားေရးကုိယ္စားလွယ္အဖြဲ႔တြင္ ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံရန္ စိတ္ဝင္စားသည့္ ျပင္သစ္ကုမၸဏီမ်ားမွ လုပ္ငန္းရွင္ကိုယ္စားလွယ္ စုစုေပါင္း (၂၈) ဦးလိုက္ပါလာေၾကာင္း ႏုိင္ငံေတာ္အတုိင္ပင္ခံ႐ံုးမွ သိရပါတယ္။

အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးစိုးဝင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္း၊ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနတို႔မွ အဆင့္ျမင့္အရာရွိႀကီးမ်ား တက္ေရာက္ခဲ့ၾကပါတယ္။

Source: Myanmar State Counsellor Office

Read times Last modified on Saturday, 08 February 2020 13:28
Rate this item
(0 votes)