Investment



ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်တော့မည်

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်တော့မည် google

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရေး ဂျာမန်အပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့ (GIZ) အကူအညီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားပါတယ်။

၎င်းအွန်လိုင်းစနစ်က ရင်းနှီးမြှုပ်နှံမှုဥပဒေအပေါ်မှာ အခြေခံကာလုပ်ရတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေရဲ့ ပေးထားချက်တွေအပေါ် လျှောက်လွှာတင်တာ၊ ဖောင်ပုံစံတင်တာ၊ စဆက်သွယ်တာ၊ သတင်းယူတာ၊ သတင်းစုံစမ်းမေးမြန်းတာတွေ အားလုံးအတွက် ရုံးကိုလာစရာမလိုဘဲ အွန်လိုင်းပေါ်ကို တင်မှာဖြစ်ပါတယ်။

ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို ရှာရန်နှိပ်ပါ

ဦးသန့်စင်လွင်က "ဥပမာ စက်ရုံတစ်ရုံတည်ထောင်မယ်၊ တည်ထောင်မယ့်စက်ရုံက လှိုင်သာယာစက်မှုဇုန်မှာဆိုရင် မြေနဲ့ပတ်သက်တဲ့ သဘောထားတောင်းစရာမလိုဘူး၊ လှိုင်သာယာစက်မှုဇုန်ရဲ့ အပြင်ဘက်ဆိုရင် မြေနဲ့ပတ်သက်တဲ့ သဘောထားတောင်းရမယ် စတဲ့ဒီအချက်အလက်တွေအားလုံးကို ကျွန်တော်တို့ အွန်လိုင်းကနေ သွားဖို့လုပ်နေတယ်ဆိုတော့ ဒီ Process က ဥပဒေမှာရှိတာကို ကျွန်တော်တို့က System ထဲကို တည့်မယ်၊ အဲဒီလိုထည့်ဖို့အတွက်ကို GIZ က အကူအညီပေးချင်တာ" လု့ိ ပြောပါတယ်။

အဆိုပါ Online Investment Application System ကို ဆောင်ရွက်နိုင်ရေး ဂျာမနီအပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွက် အကူအညီပေးရန် လျာထားသည့် ရန်ပုံငွေထဲမှ အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ ကုမ္ပဏီများမှတ်ပုံတင်ခြင်းကိုလည်း ၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ကုမ္ပဏီဥပဒေအရ အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCo) အသုံးပြု၍ မှတ်ပုံတင်ရမှာဖြစ်ပြီး ထိုသို့မှတ်ပုံတင်ရာတွင် Manual Filings ကို အသုံးမပြုဘဲ Online Application ကိုသာ ၁၀၀ ရာခိုင်နှုန်းအသုံးပြုလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရပါတယ်။

Read More >>> အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ နှစ်ဘီလီယံကျော် ရရှိထား

Source: The Mirror

Myanmar Industry Directory

 

>>>Zawgyi<<<

ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းမ်ားအတြက္ ခြင့္ျပဳမိန္႔ႏွင့္ အတည္ျပဳမိန္႔မ်ားကို အြန္လုိင္းမွ ေလွ်ာက္ထားနုိင္ေတာ့မည္

ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းမ်ားအတြက္ ခြင့္ျပဳမိန္႔ႏွင့္ အတည္ျပဳမိန္႔မ်ားကို အြန္လုိင္းမွ ေလွ်ာက္ထားႏုိင္ေရး ဂ်ာမန္အျပည္ျပည္ဆုိင္ရာ ကူညီေပးေရးအဖြဲ႔ (GIZ) အကူအညီျဖင့္ ေဆာင္ရြက္လ်က္ရွိေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔စင္လြင္က ေျပာၾကားပါတယ္။

၎အြန္လုိင္းစနစ္က ရင္းနွီးျမွွဳပ္ႏွံမႈဥပေဒအေပၚမွာ အေျခခံကာလုပ္ရတာျဖစ္ၿပီး ရင္းႏွီးျမွဳပ္ႏွံမႈဥပေဒရဲ႕ ေပးထားခ်က္ေတြအေပၚ ေလ်ွာက္လႊာတင္တာ၊ ေဖာင္ပံုစံတင္တာ၊ စဆက္သြယ္တာ၊ သတင္းယူတာ၊ သတင္းစံုစမ္းေမးျမန္းတာေတြ အားလံုးအတြက္ ႐ံုးကိုလာစရာမလုိဘဲ အြန္လုိင္းေပၚကို တင္မွာျဖစ္ပါတယ္။

ဦးသန္႔စင္လြင္က "ဥပမာ စက္႐ံုတစ္႐ံုတည္ေထာင္မယ္၊ တည္ေထာင္မယ့္စက္႐ံုက လႈိင္သာယာစက္မႈဇုန္မွာဆုိရင္ ေျမနဲ႔ပတ္သက္တဲ့ သေဘာထားေတာင္းစရာမလိုဘူး၊ လႈိင္သာယာစက္မႈဇုန္ရဲ႕ အျပင္ဘက္ဆုိရင္ ေျမနဲ႔ပတ္သက္တဲ့ သေဘာထားေတာင္းရမယ္ စတဲ့ဒီအခ်က္အလက္ေတြအားလံုးကို ကၽြန္ေတာ္တို႔ အြန္လိုင္းကေန သြားဖို႔လုပ္ေနတယ္ဆုိေတာ့ ဒီ Process က ဥပေဒမွာရွိတာကို ကၽြန္ေတာ္တို႔က System ထဲကို တည့္မယ္၊ အဲဒီလုိထည့္ဖို႔အတြက္ကုိ GIZ က အကူအညီေပးခ်င္တာ" လု႔ိ ေျပာပါတယ္။

အဆိုပါ Online Investment Application System ကုိ ေဆာင္ရြက္ႏုိင္ေရး ဂ်ာမနီအျပည္ျပည္ဆုိင္ရာ ကူညီေပးေရးအဖြဲ႔အေနျဖင့္ ျမန္မာႏုိင္ငံအတြက္ အကူအညီေပးရန္ လ်ာထားသည့္ ရန္ပံုေငြထဲမွ အသံုးျပဳသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိ ကုမၸဏီမ်ားမွတ္ပံုတင္ျခင္းကိုလည္း ၂၀၁၇ ခုႏွစ္တြင္ အတည္ျပဳျပ႒ာန္းခဲ့သည့္ ကုမၸဏီဥပေဒအရ အီလက္ထေရာနစ္ မွတ္ပံုတင္စနစ္ (MyCo) အသံုးျပဳ၍ မွတ္ပံုတင္ရမွာျဖစ္ၿပီး ထုိသို႔မွတ္ပံုတင္ရာတြင္ Manual Filings ကုိ အသံုးမျပဳဘဲ Online Application ကိုသာ ၁၀၀ ရာခုိင္ႏႈန္းအသံုးျပဳလာေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာနထံမွ သိရပါတယ္။

Source: The Mirror

Read times
Rate this item
(0 votes)