Investment



မှော်ဘီမြို့နယ်တွင် စက်မှုဇုန်စီမံကိန်းဆောင်ရွက်ရန် လာရောက်စုံစမ်းမှုများရှိနေ

မှော်ဘီမြို့နယ်တွင် စက်မှုဇုန်စီမံကိန်းဆောင်ရွက်ရန် လာရောက်စုံစမ်းမှုများရှိနေ google

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် စက်မှုဇုန်စီမံကိန်းဆောင်ရွက်ရန် လာရောက်စုံစမ်းမှုများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၏ ပြောကြားချက်အရ သိရပါတယ်။

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပမြို့နယ်ပေါင်း ၁၁ မြို့နယ်တွင် စက်မှုဇုန်စီမံကိန်းများဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများကို ဖိတ်ခေါ်ခဲ့သဖြင့် လာရောက်စုံစမ်းခြင်းဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လက်အောက်မှာ မြို့ပြအဖြစ် ၃၃ မြို့နယ်ရှိပြီး အဆိုပါမြို့ပြများတွင်သာ စက်မှုဇုန် ၂၉ ဇုန်ရှိကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စက်မှုဇုန်စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် မှော်ဘီမြို့နယ်ရှိ စက်မှုဇုန်စီမံကိန်းများအတွက် မြေဧက ၇၅၀ သတ်မှတ်ထားကြောင်း သိရပါတယ်။

Read More >>> ဒဂုံမြို့နယ်များတွင် စက်မှုဇုန်ဖော်ဆောင်ရန် Amata ကော်ပိုရေးရှင်းနှင့် စာချုပ်လက်မှတ်ရေးထိုး

လက်ရှိ စက်မှုဇုန်စီမံကိန်းများ ဖော်ဆောင်ရန် လှည်းကူးမြို့နယ်တွင် မြေဧက ၁၀၀၀ နှင့် ထန်းတပင်မြို့နယ်တွင် မြေဧက ၁၀၀၀ တွင် လုပ်ငန်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။

ဆက်လက်ပြီး ကွမ်းခြံကုန်းမြို့နယ်တွင် မြေဧက (၁၀၉၁ ဒသမ ၉၆) ဧကတွင်လည်းကောင်း၊ ကော့မှူးမြို့နယ်တွင် မြေဧက (၁၀၀၀) တွင်လည်းကောင်း၊ သန်လျင်မြို့နယ်တွင် မြေ (၁၀၈၈) ဧကတွင်လည်းကောင်း၊ ကျောက်တန်းမြို့နယ်တွင် မြေ (၁၀၅၁ ဒသမ ၃၆) ဧကတွင်လည်းကောင်း၊ သုံးခွမြို့နယ်တွင် မြေ (၁၈၇၁) ဧကတွင်လည်းကောင်း၊ ခရမ်းမြို့နယ်တွင် မြေဧက (၁၀၀၀) တွင်လည်းကောင်း၊ တွံတေးမြို့နယ်တွင် မြေဧက (၈၅၀) တွင်လည်းကောင်း အသီးသီးအကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း သိရပါတယ်။

Source: Myawady

 

>>>Zawgyi<<<

ေမွာ္ဘီၿမိဳ႕နယ္တြင္ စက္မႈဇုန္စီမံကိန္းေဆာင္ရြက္ရန္ လာေရာက္စံုစမ္းမႈမ်ားရွိေန

ရန္ကုန္တုိင္းေဒသႀကီး ေမွာ္ဘီၿမိဳ႕နယ္တြင္ စက္မႈဇုန္စီမံကိန္းေဆာင္ရြက္ရန္ လာေရာက္စံုစမ္းမႈမ်ားရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစုိးရအဖြဲ႔ဝင္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္း၏ ေျပာၾကားခ်က္အရ သိရပါတယ္။

ရန္ကုန္စည္ပင္သာယာနယ္နိမိတ္ျပင္ပၿမိဳ႕နယ္ေပါင္း ၁၁ ၿမိဳ႕နယ္တြင္ စက္မႈဇုန္စီမံကိန္းမ်ားေဆာင္ရြက္ရန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ရင္းႏွီးျမွဳပ္ႏွံလုပ္ကိုင္လုိသူမ်ားကို ဖိတ္ေခၚခဲ့သျဖင့္ လာေရာက္စံုစမ္းျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ လက္ေအာက္မွာ ၿမိဳ႕ျပအျဖစ္ ၃၃ ၿမိဳ႕နယ္ရွိၿပီး အဆုိပါၿမိဳ႕ျပမ်ားတြင္သာ စက္မႈဇုန္ ၂၉ ဇုန္ရွိေၾကာင္း သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစုိးရအဖြဲ႔အေနနဲ႔ စက္မႈဇုန္စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ရာတြင္ ေမွာ္ဘီၿမိဳ႕နယ္ရွိ စက္မႈဇုန္စီမံကိန္းမ်ားအတြက္ ေျမဧက ၇၅၀ သတ္မွတ္ထားေၾကာင္း သိရပါတယ္။

လက္ရွိ စက္မႈဇုန္စီမံကိန္းမ်ား ေဖာ္ေဆာင္ရန္ လွည္းကူးၿမိဳ႕နယ္တြင္ ေျမဧက ၁၀၀၀ ႏွင့္ ထန္းတပင္ၿမိဳ႕နယ္တြင္ ေျမဧက ၁၀၀၀ တြင္ လုပ္ငန္းေဆာင္ရြက္ေနဆဲျဖစ္ပါတယ္။

ဆက္လက္ၿပီး ကြမ္းၿခံကုန္းၿမိဳ႕နယ္တြင္ ေျမဧက (၁၀၉၁ ဒသမ ၉၆) ဧကတြင္လည္းေကာင္း၊ ေကာ့မွဴးၿမိဳ႕နယ္တြင္ ေျမဧက (၁၀၀၀) တြင္လည္းေကာင္း၊ သန္လ်င္ၿမိဳ႕နယ္တြင္ ေျမ (၁၀၈၈) ဧကတြင္လည္းေကာင္း၊ ေက်ာက္တန္းၿမိဳ႕နယ္တြင္ ေျမ (၁၀၅၁ ဒသမ ၃၆) ဧကတြင္လည္းေကာင္း၊ သံုးခြၿမိဳ႕နယ္တြင္ ေျမ (၁၈၇၁) ဧကတြင္လည္းေကာင္း၊ ခရမ္းၿမိဳ႕နယ္တြင္ ေျမဧက (၁၀၀၀) တြင္လည္းေကာင္း၊ တြံေတးၿမိဳ႕နယ္တြင္ ေျမဧက (၈၅၀) တြင္လညး္ေကာင္း အသီးသီးအေကာင္အထည္ေဖာ္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရပါတယ္။

Source: Myawady

Read times
Rate this item
(0 votes)