Investment



လက်လီလက်ကားလုပ်ငန်းများ လုပ်ကိုင်ရန် ပထမဆုံး Makro Myanmar စတိုးကို ရန်ကုန်တွင် ဖွင့်လှစ်မည်

လက်လီလက်ကားလုပ်ငန်းများ လုပ်ကိုင်ရန် ပထမဆုံး Makro Myanmar စတိုးကို ရန်ကုန်တွင် ဖွင့်လှစ်မည် google

ထိုင်းနိုင်ငံအခြေစိုက် Makro ကုမ္ပဏီက ရန်ကုန်တွင် ပထမဆုံး Makro Myanmar စတိုးကို မတ်လမှာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၏ ပြောကြားချက်အရ သိရပါတယ်။

ထိုင်းအခြေစိုက် Makro ကုမ္ပဏီမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (၁၀၀) ရာခိုင်နှုန်းရရှိမည့် ၎င်းစတိုးဆိုင်ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါကုမ္ပဏီက လက်လီလက်ကားလုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ (၂၈.၇) သန်း ရင်းနှီးမြှုပ်နှံကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပိုင်ဆိုင်သည့် (၉.၂) ဧက ကျယ်ဝန်းသော မြေကွက်ပေါ်မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။

အစားအသောက်ထုတ်လုပ်ငန်းများ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့က Makro ကုမ္ပဏီကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခဲ့ပြီး ကုမ္ပဏီအနေနဲ့ မတ်လမှာ လက်လီလက်ကားရောင်းဝယ်ရေးလုပ်ငန်းကို ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

Makro မှ ကုန်ပစ္စည်းအမျိုးမျိုးကို လက်လီအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုများ၊ အစိုးရဌာနများ၊ ပညာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနဲ့ အဖွဲ့ဝင်များဆီ ရောင်းချမှာဖြစ်ပါတယ်။

ကုမ္ပဏီအနေဖြင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအတွက် အမြတ်အစွန်းရရှိစေရန် အရည်အသွေးမြင့်မားသော ထုတ်ကုန်များ ရောင်းချခြင်းကို ပံ့ပိုးပေးမှာဖြစ်ပြီး ၎င်းတို့ရဲ့ ဘဏ္ဍာရေးစွမ်းဆောင်ရည်ကို တိုးတက်စေမှာဖြစ်ပါတယ်။

Read More >>> မြန်မာ့စွမ်းအင်နှင့် စားသောက်ကုန်ကဏ္ဍတွင် ချက်သမ္မတနိုင်ငံက ရင်းနှီးမြှုပ်နှံလို

Makro Myanmar ကုမ္ပဏီက ARO ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီလီမိတက်ကို တည်ထောင်ခြင်းအားဖြင့် ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ခဲ့ပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့မှာ ထုတ်ကုန် (၁၂၀၀၀) ကျော်ကို ရောင်းချနေတာဖြစ်ပါတယ်။

Siam Makro ကုမ္ပဏီကို ‘Makro’ တံဆိပ်အောက်တွင် အသင်းဝင်အခြေပြုလက်ကားစင်တာအဖြစ် ၁၉၈၈ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှာ Makro စတိုးဆိုင် (၁၃၀) ကျော်နှင့် Makro အသင်းဝင် (၃) သန်းကျော်ရှိပါတယ်။

၂၀၁၈ ခုနှစ်မှာ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ မြန်မာနှင့် တရုတ်နိုင်ငံများသို့ ကုမ္ပဏီတိုးချဲ့၍ လုပ်ငန်းများလုပ်ကိုင်ခဲ့ကြောင်း သိရပါတယ်။

Source: Global New Light Of Myanmar

Myanmar Industry Directory

 

>>>Zawgyi<<<

လက္လီလက္ကားလုပ္ငန္းမ်ား လုပ္ကိုင္ရန္ ပထမဆံုး Makro Myanmar စတုိးကို ရန္ကုန္တြင္ ဖြင့္လွစ္မည္

ထုိင္းႏုိင္ငံအေျခစုိက္ Makro ကုမၸဏီက ရန္ကုန္တြင္ ပထမဆံုး Makro Myanmar စတုိးကို မတ္လမွာ ဖြင့္လွစ္သြားမွာျဖစ္ေၾကာင္း ရင္းႏွီးျမွွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔စင္လြင္၏ ေျပာၾကားခ်က္အရ သိရပါတယ္။

ထုိင္းအေျခစိုက္ Makro ကုမၸဏီမွ ႏုိင္ငံျခားတုိက္႐ိုက္ရင္းႏွီးျမွဳပ္ႏွံမႈ (၁၀၀) ရာခုိင္ႏႈန္းရရွိမည့္ ၎စတိုးဆုိင္ကို ရန္ကုန္တုိင္းေဒသႀကီး မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္မွာ ဖြင့္လွစ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

အဆုိပါကုမၸဏီက လက္လီလက္ကားလုပ္ငန္းမ်ား လုပ္ကိုင္ရန္ အေမရိကန္ေဒၚလာ (၂၈.၇) သန္း ရင္းႏွီးျမွဳပ္ႏွံကာ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ပိုင္ဆုိင္သည့္ (၉.၂) ဧက က်ယ္ဝန္းေသာ ေျမကြက္ေပၚမွာ ဖြင့္လွစ္မွာျဖစ္ပါတယ္။

ျမန္မာႏုိင္ငံရင္းႏွီးျမွဳပ္နွံမႈေကာ္မရွင္ (MIC) မွ ၂၀၁၁ ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၀) ရက္ေန႔က Makro ကုမၸဏီကုိ ျမန္မာႏုိင္ငံတြင္ ရင္းနွီးျမွဳပ္နွံရန္ ခြင့္ျပဳခဲ့ၿပီး ကုမၸဏီအေနနဲ႔ မတ္လမွာ လက္လီလက္ကားေရာင္းဝယ္ေရးလုပ္ငန္းကို ဖြင့္လွစ္သြားမွာျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။

Makro မွ ကုန္ပစၥည္းအမ်ိဳးမ်ိဳးကို လက္လီအေရာင္းဆုိင္မ်ား၊ စားေသာက္ဆုိင္မ်ား၊ အစားအစာႏွင့္ အေဖ်ာ္ယမကာဝန္ေဆာင္မႈမ်ား၊ အစုိးရဌာနမ်ား၊ ပညာေရးဆုိင္ရာအဖြဲ႔အစည္းမ်ားႏွင့္ အျခားစီးပြားေရးလုပ္ငန္းမ်ားအပါအဝင္ ကမ႓ာတစ္ဝွမ္းရွိ စီးပြားေရးလုပ္ေဖာ္ကုိင္ဖက္မ်ားနဲ႔ အဖြဲ႔ဝင္မ်ားဆီ ေရာင္းခ်မွာျဖစ္ပါတယ္။

ကုမၸဏီအေနျဖင့္ စီးပြားေရးလုပ္ေဖာ္ကိုင္ဖက္မ်ားအတြက္ အျမတ္အစြန္းရရွိေစရန္ အရည္အေသြးျမင့္မားေသာ ထုတ္ကုန္မ်ား ေရာင္းခ်ျခင္းကုိ ပံ့ပိုးေပးမွာျဖစ္ၿပီး ၎တို႔ရဲ႕ ဘ႑ာေရးစြမ္းေဆာင္ရည္ကို တုိးတက္ေစမွာျဖစ္ပါတယ္။

Makro Myanmar ကုမၸဏီက ARO ကူးသန္းေရာင္းဝယ္ေရးကုမၸဏီလီမိတက္ကုိ တည္ေထာင္ျခင္းအားျဖင့္ ၂၀၁၈ ခုႏွစ္မွာ ျမန္မာႏုိင္ငံတြင္ လုပ္ငန္းတုိးခ်ဲ႕ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕မွာ ထုတ္ကုန္ (၁၂၀၀၀) ေက်ာ္ကို ေရာင္းခ်ေနတာျဖစ္ပါတယ္။

Siam Makro ကုမၸဏီကို ‘Makro’ တံဆိပ္ေအာက္တြင္ အသင္းဝင္အေျချပဳလက္ကားစင္တာအျဖစ္ ၁၉၈၈ ခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး လက္ရွိတြင္ ထုိင္းႏုိင္ငံမွာ Makro စတုိးဆုိင္ (၁၃၀) ေက်ာ္ႏွင့္ Makro အသင္းဝင္ (၃) သန္းေက်ာ္ရွိပါတယ္။

၂၀၁၈ ခုႏွစ္မွာ ကေမ႓ာဒီးယား၊ အိႏိၵယ၊ ျမန္မာႏွင့္ တ႐ုတ္ႏုိင္ငံမ်ားသို႔ ကုမၸဏီတုိးခ်ဲ႕၍ လုပ္ငန္းမ်ားလုပ္ကိုင္ခဲ့ေၾကာင္း သိရပါတယ္။

Source: Global New Light Of Myanmar

Read times
Rate this item
(0 votes)