Investment



သီလဝါတွင် မဂ္ဂါဝပ် ၁၂၀၀ ဖြန့်ဖြူးပေးမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ ဖော်ဆောင်မည်

သီလဝါတွင် မဂ္ဂါဝပ် ၁၂၀၀ ဖြန့်ဖြူးပေးမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ ဖော်ဆောင်မည် google

ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် မြန်မာ-ဂျပန်ကုမ္ပဏီများ ပူးပေါင်း၍ LNG သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းဆောင်ရွက်ရန်

ယခုနှစ် နှစ်ဆန်းပိုင်းတွင် လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်၏ ပြောကြားချက်အရ သိရပါတယ်။

အဆိုပါစီမံကိန်းကို သီလဝါအထူးစီးပွားရေးဇုန်ရှိ ယခင်သီးနံှသိုလှောင်ရုံ ဘက်စုံသုံးဆိပ်ကမ်းစီမံကိန်းလုပ်ဆောင်ရန် ရည်ရွယ်ထားသည့်နေရာတွင် အစားထိုးဖော်ဆောင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်။

၎င်းစီမံကိန်းအတွက် MAPCO နှင့် Eden Group တို့ ပူးပေါင်းထားတဲ့ Myanmar Consortium အဖွဲ့နှင့် ဂျပန်နိုင်ငံမှ Marubeni Corporation၊ Sumitomo Corporation နှင့် Mitsui ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။

ပထမဖော်ဆောင်မည့် စီမံကိန်းနေရာကို LNG သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ၎င်းစီမံကိန်းကနေ လျှပ်စစ်ဓာတ်အား (၁၂၀၀) မဂ္ဂါဝပ်ကျော် ထုတ်လုပ်နိုင်မယ်လို့ လျာထားကြောင်း၊ ဒါ့ပြင် စက်မှုဇုန်တွေအတွက်လည်း လျှပ်စစ်ဓာတ်အား အထောက်အကူရရှိလာမှာဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မယ့် ကုမ္ပဏီတွေနဲ့လည်း ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း ဦးရဲမင်းအောင်က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုမှာ ယခုနောက်ပိုင်း ပိုမိုများပြားလာကြောင်း၊ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံအတွင်း လျှပ်စစ်ကဏ္ဍတွင် ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂၁) ဘီလီယံကျော်ရှိကြောင်း သိရပါတယ်။

Source: Myawady

Myanmar Industry Directory

 

>>>Zawgyi<<<

သီလဝါတြင္ မဂၢါဝပ္ ၁၂၀၀ ျဖန႔္ျဖဴးေပးမည့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးစက္႐ုံ ေဖာ္ေဆာင္မည္

ရန္ကုန္တိုင္းေဒသႀကီးရွိ သီလဝါအထူးစီးပြားေရးဇုန္တြင္ ျမန္မာ-ဂ်ပန္ကုမၸဏီမ်ား ပူးေပါင္း၍ LNG သုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးစီမံကိန္းေဆာင္႐ြက္ရန္ ယခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ လက္မွတ္ေရးထိုးႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံလယ္ယာစီးပြားေရး အမ်ားပိုင္ကုမၸဏီလီမိတက္ (MAPCO) အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးရဲမင္းေအာင္၏ ေျပာၾကားခ်က္အရ သိရပါတယ္။

အဆိုပါစီမံကိန္းကို သီလဝါအထူးစီးပြားေရးဇုန္ရွိ ယခင္သီးနံွသိုေလွာင္႐ုံ ဘက္စုံသုံးဆိပ္ကမ္းစီမံကိန္းလုပ္ေဆာင္ရန္ ရည္႐ြယ္ထားသည့္ေနရာတြင္ အစားထိုးေဖာ္ေဆာင္မည္ျဖစ္ၿပီး အေမရိကန္ေဒၚလာ ႏွစ္ဘီလီယံခန႔္ ရင္းႏွီးျမႇဳပ္ႏွံမွာျဖစ္ပါတယ္။

၎စီမံကိန္းအတြက္ MAPCO ႏွင့္ Eden Group တို႔ ပူးေပါင္းထားတဲ့ Myanmar Consortium အဖြဲ႕ႏွင့္ ဂ်ပန္ႏိုင္ငံမွ Marubeni Corporation၊ Sumitomo Corporation ႏွင့္ Mitsui ကုမၸဏီတို႔ ပူးေပါင္းေဆာင္႐ြက္မွာျဖစ္ေၾကာင္း သိရပါတယ္။

ပထမေဖာ္ေဆာင္မည့္ စီမံကိန္းေနရာကို LNG သုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးစီမံကိန္းအျဖစ္ ေဆာင္႐ြက္မွာျဖစ္ၿပီး ၎စီမံကိန္းကေန လွ်ပ္စစ္ဓာတ္အား (၁၂၀၀) မဂၢါဝပ္ေက်ာ္ ထုတ္လုပ္ႏိုင္မယ္လို႔ လ်ာထားေၾကာင္း၊ ဒါ့ျပင္ စက္မႈဇုန္ေတြအတြက္လည္း လွ်ပ္စစ္ဓာတ္အား အေထာက္အကူရရွိလာမွာျဖစ္ေၾကာင္း၊ ပူးေပါင္းေဆာင္႐ြက္မယ့္ ကုမၸဏီေတြနဲ႔လည္း ေဆြးေႏြးမႈေတြျပဳလုပ္ေနေၾကာင္း ဦးရဲမင္းေအာင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံအတြင္း လွ်ပ္စစ္က႑အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ ယခုေနာက္ပိုင္း ပိုမိုမ်ားျပားလာေၾကာင္း၊ ၁၉၈၈-၁၉၈၉ ဘ႑ာႏွစ္မွ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အထိ ျမန္မာႏိုင္ငံအတြင္း လွ်ပ္စစ္က႑တြင္ ဝင္ေရာက္ထားသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ (၂၁) ဘီလီယံေက်ာ္ရွိေၾကာင္း သိရပါတယ္။

Source: Myawady

Read times
Rate this item
(0 votes)