Investment



လျှပ်စစ်ဓာတ်အားလုပ်ငန်းတွင် ကိုရီးယားသမ္မတနိုင်ငံကဒေါ်လာ ၃၅ သန်းကျော် ရင်းနှီးမြှုပ်နှံ

လျှပ်စစ်ဓာတ်အားလုပ်ငန်းတွင် ကိုရီးယားသမ္မတနိုင်ငံကဒေါ်လာ ၃၅ သန်းကျော် ရင်းနှီးမြှုပ်နှံ google

ကိုရီးယားသမ္မတနိုင်ငံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် ရင်းနှီးမြှုပ်နှံမှာဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။

ကိုရီးယားသမ္မတနိုင်ငံ MCM Power Company မှ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရွှေတောင်ကျေးရွာရှိ ရွှေတောင်ဓာတ်အားပေးစက်ရုံတွင် IPP (BOT) စနစ်ဖြင့် မဂ္ဂါဝပ် ၄၀ ထုတ်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

"လျှပ်စစ်ကဏ္ဍမှာ အခုနောက်ဆုံးခွင့်ပြုခဲ့တာကတော့ ပြည်မြို့နယ် ရွှေတောင်စက်မှုဇုန်မှာရှိတဲ့ ဂက်စ်တာဝါတိုင်ဖြစ်ပါတယ်။ မဂ္ဂါဝပ် ၄၀ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုပါပါတယ်။ ဆက်လက်ပြီးတော့လည်း လျှပ်စစ်ကဏ္ဍမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်ကို ဆက်ပြီးတင်ပြဦးမယ့် ပရောဂျက်တွေရှိပါသေးတယ်"ဟု ဦးသန့်စင်လွင်က ပြောပါတယ်။

ထို့ပြင် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာကုမ္ပဏီများ စိတ်ဝင်စားလျက်ရှိပြီး ယင်းနိုင်ငံများမှာ ဟောင်ကောင်၊ စင်ကာပူနှင့် တရုတ်တို့ ဖြစ်ကြောင်း ၎င်းကဆက်ပြောပါတယ်။

"ဟောင်ကောင်၊ စင်ကာပူ၊ တရုတ်နိုင်ငံတွေက လျှပ်စစ်နဲ့ပတ်သက်လို့ ရှိပြီးသား တာဘိုင်စက်တွေကို အဆင့်မြင့်စက်တွေနဲ့ လဲလှယ်ပြီးတော့မှ လျှပ်စစ်အားပိုထွက်အောင် ယခင်မဂ္ဂါဝပ် ၂၀ ထွက်တယ်။ သုံးတဲ့လျှပ်စစ်ကုဗပေ ယူနစ်က ဒီလောက်ပဲ။ ဒါပေမယ့် အခုဒီစက်ကြီးပြောင်းလဲ ပြီးတပ်ဆင်လိုက်မယ်ဆိုရင် လျှပ်စစ်ကနှစ်ဆ၊ သုံးဆလောက်ပိုထွက်လာမယ်"ဟု ဦးသန့်စင်လွင်က ပြောပါတယ်။

လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍကို အားပေးနေခြင်းကြောင့် ယခုလဆန်းပိုင်းတွင်လည်း ရန်ကုန်နှင့် ကျောက်ဖြူတွင် LNG ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ရန်အတွက် ဟောင်ကောင်မှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရပါတယ်။

အဆိုပါ LNG စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနပိုင် သာကေတ ဓာတ်အားပေးစက်ရုံတွင် ဟောင်ကောင် CNTIC Vpower ကုမ္ပဏီက အမေရိကန်ဒေါ်လာ (၃၆၃ ဒသမ ၀၇၀) သန်း ရင်းနှီးမြှုပ်နှံပြီး IPP (BOO) စနစ်ဖြင့် မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ထို့ပြင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာအုပ်စု ကံတီကွင်း ကွင်းအမှတ် (၄၅၃) တွင်လည်း ဟောင်ကောင် CNTIC Vpower ကုမ္ပဏီက အမေရိကန်ဒေါ်လာ (၁၄၀ ဒသမ ၄၇၀) သန်း ရင်းနှီးမြှုပ်နှံပြီး IPP (BOO) စနစ်ဖြင့် မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိလျှပ်စစ်ကဏ္ဍတွင် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၅၆၂၃ ဒသမ ၆၇) သန်း ဝင်ရောက်ထားကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရပါတယ်။

Source: The Mirror

 

>>>Zawgyi<<<

လွ်ပ္စစ္ဓာတ္အားလုပ္ငန္းတြင္ ကိုရီးယားသမၼတႏိုင္ငံကေဒၚလာ ၃၅ သန္းေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံ

ကိုရီးယားသမၼတႏိုင္ငံမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရာင္းခ်ျခင္း လုပ္ငန္းေဆာင္႐ြက္ရန္အတြက္ အေမရိကန္ေဒၚလာ ၃၅ သန္းေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံမွာျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈ ဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန႔္စင္လြင္က ေျပာပါတယ္။

ကိုရီးယားသမၼတႏိုင္ငံ MCM Power Company မွ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံ တည္ေဆာက္၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ ေရာင္းခ်ျခင္းလုပ္ငန္းကို ပဲခူးတိုင္းေဒသႀကီး ျပည္ၿမိဳ႕နယ္ ေ႐ႊေတာင္ေက်း႐ြာရွိ ေ႐ႊေတာင္ဓာတ္အားေပးစက္႐ုံတြင္ IPP (BOT) စနစ္ျဖင့္ မဂၢါဝပ္ ၄၀ ထုတ္လုပ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

"လွ်ပ္စစ္က႑မွာ အခုေနာက္ဆုံးခြင့္ျပဳခဲ့တာကေတာ့ ျပည္ၿမိဳ႕နယ္ ေ႐ႊေတာင္စက္မႈဇုန္မွာရွိတဲ့ ဂက္စ္တာဝါတိုင္ျဖစ္ပါတယ္။ မဂၢါဝပ္ ၄၀ ထုတ္လုပ္တာ ျဖစ္ပါတယ္။ ကိုရီးယားႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈပါပါတယ္။ ဆက္လက္ၿပီးေတာ့လည္း လွ်ပ္စစ္က႑မွာ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံ မႈေကာ္မရွင္ကို ဆက္ၿပီးတင္ျပဦးမယ့္ ပေရာဂ်က္ေတြရွိပါေသးတယ္"ဟု ဦးသန႔္စင္လြင္က ေျပာပါတယ္။

ထို႔ျပင္ လွ်ပ္စစ္က႑တြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ ႏိုင္ငံတကာကုမၸဏီမ်ား စိတ္ဝင္စားလ်က္ရွိၿပီး ယင္းႏိုင္ငံမ်ားမွာ ေဟာင္ေကာင္၊ စင္ကာပူႏွင့္ တ႐ုတ္တို႔ ျဖစ္ေၾကာင္း ၎ကဆက္ေျပာပါတယ္။

"ေဟာင္ေကာင္၊ စင္ကာပူ၊ တ႐ုတ္ႏိုင္ငံေတြက လွ်ပ္စစ္နဲ႔ပတ္သက္လို႔ ရွိၿပီးသား တာဘိုင္စက္ေတြကို အဆင့္ျမင့္စက္ေတြနဲ႔ လဲလွယ္ၿပီးေတာ့မွ လွ်ပ္စစ္အားပိုထြက္ေအာင္ ယခင္မဂၢါဝပ္ ၂၀ ထြက္တယ္။ သုံးတဲ့လွ်ပ္စစ္ကုဗေပ ယူနစ္က ဒီေလာက္ပဲ။ ဒါေပမယ့္ အခုဒီစက္ႀကီးေျပာင္းလဲ ၿပီးတပ္ဆင္လိုက္မယ္ဆိုရင္ လွ်ပ္စစ္ကႏွစ္ဆ၊ သုံးဆေလာက္ပိုထြက္လာမယ္"ဟု ဦးသန႔္စင္လြင္က ေျပာပါတယ္။

လက္ရွိႏိုင္ငံေတာ္အစိုးရအေနျဖင့္ လွ်ပ္စစ္က႑ကို အားေပးေနျခင္းေၾကာင့္ ယခုလဆန္းပိုင္းတြင္လည္း ရန္ကုန္ႏွင့္ ေက်ာက္ျဖဴတြင္ LNG ျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရာင္းခ်ျခင္း လုပ္ငန္းလုပ္ကိုင္ရန္အတြက္ ေဟာင္ေကာင္မွ အေမရိကန္ေဒၚလာ သန္း ၅၀၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနထံမွ သိရပါတယ္။

အဆိုပါ LNG စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံ တည္ေဆာက္၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ ေရာင္းခ်ျခင္းလုပ္ငန္းကို ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕နယ္ရွိ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနပိုင္ သာေကတ ဓာတ္အားေပးစက္႐ုံတြင္ ေဟာင္ေကာင္ CNTIC Vpower ကုမၸဏီက အေမရိကန္ေဒၚလာ (၃၆၃ ဒသမ ၀၇၀) သန္း ရင္းႏွီးျမႇဳပ္ႏွံၿပီး IPP (BOO) စနစ္ျဖင့္ မဂၢါဝပ္ ၄၀၀ ထုတ္လုပ္မွာျဖစ္ေၾကာင္း သိရပါတယ္။

ထို႔ျပင္ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ ဂုံးခ်ိန္ေက်း႐ြာအုပ္စု ကံတီကြင္း ကြင္းအမွတ္ (၄၅၃) တြင္လည္း ေဟာင္ေကာင္ CNTIC Vpower ကုမၸဏီက အေမရိကန္ေဒၚလာ (၁၄၀ ဒသမ ၄၇၀) သန္း ရင္းႏွီးျမႇဳပ္ႏွံၿပီး IPP (BOO) စနစ္ျဖင့္ မဂၢါဝပ္ ၁၅၀ ထုတ္လုပ္မွာျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိလွ်ပ္စစ္က႑တြင္ ၁၉၈၈-၁၉၈၉ ဘ႑ာႏွစ္မွ ၂၀၁၉ -၂၀၂၀ ဘ႑ာႏွစ္ ႏိုဝင္ဘာလအထိ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေပါင္း ၂၁ ခုမွ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ (၁၅၆၂၃ ဒသမ ၆၇) သန္း ဝင္ေရာက္ထားေၾကာင္း ရင္းႏွီး ျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန၏ စာရင္းမ်ားအရ သိရပါတယ္။

Source: The Mirror

Read times
Rate this item
(1 Vote)