Investment



နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ (၁၅) သန်းကျော် ဝင်ရောက်ထားသည့် သီလဝါ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ (၁၅) သန်းကျော် ဝင်ရောက်ထားသည့် သီလဝါ google

လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁၅) သန်းကျော် ဝင်ရောက်မြှုပ်နှံမှုနှင့်အတူ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁ ဒသမ ၃၉) ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှ သိရပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏ အစည်းအဝေးအမှတ်စဉ် (၁၉/ ၂၀၁၉) ကို နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း (၃) ခု၊ အတည်ပြုလုပ်ငန်း (၃) ခု စုစုပေါင်း (၆) ခု ခွင့်ပြုခဲ့ပါတယ်။ အဆိုပါလုပ်ငန်းများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်း(၃) ခု၊ အတည်ပြုလုပ်ငန်း (၁) ခုနှင့် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း (၂) ခု ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

၎င်းလုပ်ငန်း (၆) ခု၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ (၈၅၇ ဒသမ ၂၉၀) သန်းရှိပြီး အဆိုပါ လုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃၀၁၈) ဦးကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ခွင့်ပြု/အတည်ပြု လုပ်ငန်းခြောက်ခုမှာ လျှပ်စစ်ကဏ္ဍမှ (၂) ခု၊ အိမ်ယာအဆောက်အအုံကဏ္ဍမှ (၁) ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍမှ (၁) ခုနှင့် စက်မှုကဏ္ဍမှ (၂) ခု ဖြစ်ပါတယ်။

Read More >>> ၂ နှစ်ကျော်အတွင်း ပမာဏအများဆုံး စီမံကိန်းငါးခု ရင်းနှီးမြှုပ်နှံခွင့်ပြု

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄၁) ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁၃၅၃ ဒသမ ၅၇၂) သန်း ခွင့်ပြုခဲ့ပါတယ်။ အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက် မှ နိုဝင်ဘာ ၂၉ ရက်အထိ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁၅ ဒသမ ၂၀၃) သန်း ဖြစ်ပါတယ်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁၃၉၂ ဒသမ ၆၂၉) သန်းဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ (၂၇) ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်ပါတယ်။

Source: Eleven

 

>>>Zawgyi<<<








Source: Eleven

Read times Last modified on Friday, 31 January 2020 17:04
Rate this item
(1 Vote)