Investment



မွေးမြူရေးနှင့် ရေလုပ်ငန်းအပါအဝင် ကဏ္ဍ (၃) ခုတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ ခွင့်ပြု

မွေးမြူရေးနှင့် ရေလုပ်ငန်းအပါအဝင် ကဏ္ဍ (၃) ခုတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ ခွင့်ပြု google

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ (၂၉) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။


အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်တဲ့နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ နိုင်ငံပေါင်း (၅၀) မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၂၉ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၅ ဒသမ ၇၇ ရာခိုင်နှုန်း ) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၀၄ ရာခိုင်နှုန်း ) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်မှ သိရပါတယ်။

Source: DICA

Unicode

မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်၏ (၁၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ (၂၉) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍတို့မှ လုပ်ငန်း (၅) ခု ခွင့်ပြုပေးခဲ့ပြီး ၎င်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅၀၃ ဒသမ ၉၄၀) သန်းနှင့် ငွေကျပ် (၂၆,၅၂၃) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁,၁၀၁) နေရာကို ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုုပ်နှံမှုအများဆုံး ပြုလုပ်တဲ့နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။

Read More >>> မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း (၅၀) မှ ဒေါ်လာ (၈၁) ဘီလျံကျော် ရင်းနှီးမြှုပ်နှံထား

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ နိုင်ငံပေါင်း (၅၀) မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုုပ်နှံမှု၏ (၂၇ ဒသမ ၂၉ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုုပ်နှံမှု၏ (၂၅ ဒသမ ၇၇ ရာခိုင်နှုန်း ) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုုပ်နှံမှု၏ (၁၄ ဒသမ ၀၄ ရာခိုင်နှုန်း ) ဖြင့်လည်းကောင်း ရင်းနှီးမြှုုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်မှ သိရပါတယ်။

Source: DICA

Read times
Rate this item
(0 votes)