Investment



၂၀၂၀ တွင် ထိုင်းနာမည်ကြီး ပီတီတီကုမ္ဗဏီက မြန်မာနိုင်ငံတွင် ဓာတ်ဆီဆိုင်ဖွင့်မည်

၂၀၂၀ တွင် ထိုင်းနာမည်ကြီး ပီတီတီကုမ္ဗဏီက မြန်မာနိုင်ငံတွင် ဓာတ်ဆီဆိုင်ဖွင့်မည် google

မြန်မာနိုင်ငံမှာ ၂၀၂၀ အတွင်း ထိုင်းရေနံကုမ္ဗဏီက ဓာတ်ဆီဆိုင်ဖွင့်ဖို့ ရည်မှန်းထားကြောင်း အေးရှားနယူးစ် နက်ခ်ဝါ့ခ် သတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ထိုင်းနိုင်ငံ ပီတီတီအိုအာရ် (PTT Oil and Retail Busi ness-PTTOR) ကုမ္ဗဏီဟာ ပြည်ပလုပ်ငန်း မဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အိမ်နီးချင်းနိုင်ငံတွေဆီကို ဈေးကွက်ချဲ့ထွင်ဖို့ စီမံချက်ရှိကြောင်း ဖော်ပြထားပါတယ်။

စက်ဆီ/ ချောဆီများကိုဝယ်ယူနိုင်သည့်လုပ်ငန်းများ

ရေနံဓာတ်ငွေ့ရည်လုပ်ငန်း၊ ရေနံထွက်ပစ္စည်းလုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ ဒေသခံမိတ်ဖက်ကုမ္ဗဏီနဲ့ ဖက်စပ်လုပ်ကိုင်ဖို့ ပီတီတီအိုအာရ်ဟာ မြန်မာအစိုးရရဲ့ ခွင့်ပြုချက်ရရှိပြီးပြီလို့ ဆိုပါတယ်။ ပီတီတီဓာတ်ဆီဆိုင် တည်ဆောက်ဖွင့်လှစ်ဖို့ ပုံမှန်အားဖြင့် လေးလကနေ ခြောက်လသာ ကြာမြင့်မှာဖြစ်ပါတယ်။

ပီတီတီအိုအာရ်ဟာ မြန်မာနိုင်ငံက ကမ္ဘောဇဂရု (ပ်) နဲ့အတူ တွဲဖက်လုပ်ကိုင်မှာဖြစ်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သိုလှောင်လုပ်ငန်း၊ ထောက်ပံ့သယ်ပို့လုပ်ငန်းတွေ လုပ်ဆောင်မယ်လို့ ဖော်ပြပါရှိပါတယ်။

Read More >>> ဗြိတိန်ကုမ္ပဏီများ ဘဏ်လုပ်ငန်းနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

မြန်မာနိုင်ငံမှာ အကြီးဆုံးရေနံနှင့် သဘာဝဓာတ်ငွေ့သိုလှောင်မှုလုပ်ငန်းကြီး ဖြစ်လာမှာဖြစ်ပြီး ရေနံစည် တစ်သန်းနဲ့ ရေနံဓာတ်ငွေ့ရည် (၄၅ဝဝ) တန် သိုလှောင်သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။

ပီတီတီအိုအာရ်ရဲ့ အောင်မြင်နေတဲ့ ဖရန်ချိုက်စ်လုပ်ငန်းတွေက ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ အိုမန်၊ ဂျပန်၊ စင်ကာပူ၊ တရုတ်၊ မလေးရှားနဲ့ မြန်မာ နိုင်ငံတို့မှာ လုပ်ငန်းခွဲ (၂၂၂) ခု လည်ပတ်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

Ref: Bangkok Post

 

>>>Zawgyi<<<

၂၀၂၀ တြင္ ထိုင္းနာမည္ၾကီး ပီတီတီကုမၺဏီက ျမန္မာႏိုင္ငံတြင္ ဓာတ္ဆီဆိုင္ဖြင့္မည္

ျမန္မာႏိုင္ငံမွာ ၂၀၂၀ အတြင္း ထိုင္းေရနံကုမၺဏီက ဓာတ္ဆီဆိုင္ဖြင့္ဖို႔ ရည္မွန္းထားေၾကာင္း ေအးရွားနယူးစ္ နက္ခ္ဝါ့ခ္ သတင္းမွာ ေဖာ္ျပထားတာေတြ႕ရပါတယ္။

ထိုင္းႏိုင္ငံ ပီတီတီအိုအာရ္ (PTT Oil and Retail Busi ness-PTTOR) ကုမၺဏီဟာ ျပည္ပလုပ္ငန္း မဟာဗ်ဴဟာရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ အိမ္နီးခ်င္းႏိုင္ငံေတြဆီကို ေဈးကြက္ခ်ဲ႕ထြင္ဖို႔ စီမံခ်က္ရွိေၾကာင္း ေဖာ္ျပထားပါတယ္။

စက္ဆီ/ ေခ်ာဆီမ်ားကိုဝယ္ယူႏုိင္သည့္လုပ္ငန္းမ်ား

ေရနံဓာတ္ေငြ႕ရည္လုပ္ငန္း၊ ေရနံထြက္ပစၥည္းလုပ္ငန္းေတြကို ျမန္မာႏိုင္ငံမွာ ေဒသခံမိတ္ဖက္ကုမၺဏီနဲ႔ ဖက္စပ္လုပ္ကိုင္ဖို႔ ပီတီတီအိုအာရ္ဟာ ျမန္မာအစိုးရရဲ႕ ခြင့္ျပဳခ်က္ရရွိၿပီးၿပီလို႔ ဆိုပါတယ္။ ပီတီတီဓာတ္ဆီဆိုင္ တည္ေဆာက္ဖြင့္လွစ္ဖို႔ ပုံမွန္အားျဖင့္ ေလးလကေန ေျခာက္လသာ ၾကာျမင့္မွာျဖစ္ပါတယ္။

ပီတီတီအိုအာရ္ဟာ ျမန္မာႏိုင္ငံက ကေမာၻဇဂ႐ု (ပ္) နဲ႔အတူ တြဲဖက္လုပ္ကိုင္မွာျဖစ္ပါတယ္။ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕လုပ္ငန္း၊ သိုေလွာင္လုပ္ငန္း၊ ေထာက္ပံ့သယ္ပို႔လုပ္ငန္းေတြ လုပ္ေဆာင္မယ္လို႔ ေဖာ္ျပပါရွိပါတယ္။

Read More >>> ၿဗိတိန္ကုမၸဏီမ်ား ဘဏ္လုပ္ငန္းႏွင့္ ေရနံ၊ သဘာဝဓာတ္ေငြ႕လုပ္ငန္းတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ စိတ္ဝင္စား

ျမန္မာနုိင္ငံမွာ အႀကီးဆံုးေရနံႏွင့္ သဘာဝဓာတ္ေငြ႔သိုေလွာင္မႈလုပ္ငန္းႀကီး ျဖစ္လာမွာျဖစ္ၿပီး ေရနံစည္ တစ္သန္းနဲ႔ ေရနံဓာတ္ေငြ႕ရည္ (၄၅ဝဝ) တန္ သိုေလွာင္သိမ္းဆည္းထားႏိုင္မွာ ျဖစ္ပါတယ္။

ပီတီတီအိုအာရ္ရဲ႕ ေအာင္ျမင္ေနတဲ့ ဖရန္ခ်ိဳက္စ္လုပ္ငန္းေတြက ကေမာၻဒီးယား၊ လာအို၊ ဖိလစ္ပိုင္၊ အိုမန္၊ ဂ်ပန္၊ စင္ကာပူ၊ တ႐ုတ္၊ မေလးရွားနဲ႔ ျမန္မာ ႏိုင္ငံတို႔မွာ လုပ္ငန္းခြဲ (၂၂၂) ခု လည္ပတ္လုပ္ကိုင္ေနတယ္လို႔ ဆိုပါတယ္။

Ref: Bangkok Post

Read times Last modified on Monday, 10 February 2020 16:25
Rate this item
(1 Vote)