Investment



လုပ်သား (၄၀၀၀) ကျော်အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၀) ခုခွင့်ပြု

လုပ်သား (၄၀၀၀) ကျော်အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၀) ခုခွင့်ပြု google

သြဂုတ်လ (၂၈) ရက်က ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၄) ကြိမ်မြောက် အစည်းအဝေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၀) ခုကို အတည်ပြုခွင့်ပြုခဲ့ပြီး ၎င်းလုပ်ငန်းများမှ ပြည်တွင်းလုပ်သား (၄၂၆၈) ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

၎င်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၀) ခုရဲ့ မတည်ငွေရင်းပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၀.၆၅၅) သန်း ဖြစ်ပြီး အဆိုပါလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ (၁) ရက်မှ ဩဂုတ် (၂၈) ရက်အထိ စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍနဲ့ အခြားဝန်ဆောင်မှုကဏ္ဍတို့မှာ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဆေးရှဲလ်၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယနဲ့ မလေးရှားတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၄၂) ခုနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၈) ခုတို့ကို အတည်ပြုမိန့်များ ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။

Cosmetics (အလှကုန်ပစ္စည်းထုတ်လုပ်ငန်း(၁၆၈)ခုကိုရှာရန် နှိပ်ပါ)

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့ မတည်ငွေရင်းပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၃၉.၃၀၄) သန်းနဲ့ မြန်မာငွေကျပ် (၃၅၆၅၃.၉၆၆) သန်းဖြစ်ပြီး လုပ်သား (၈၂၆၁၀) အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လိုသူတွေအနေဖြင့် မတည်ငွေရင်းပမာဏ အမေရိကန်ဒေါ်လာ ငါးသန်းမှ ကျပ်သန်း (၆၀၀၀) အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့ အတည်ပြုလျှောက်လွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဖုန်း-၉၅-၀၁-၆၅၈၂၆၃ သို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

Read More >>> ဂျပန်နိုင်ငံမှ လုပ်ငန်း (၁၀) ဖြင့် ပြည်တွင်း SMEs ကဏ္ဍတွင် ပါဝင်လာနိုင်ရေး လေ့လာမှုများဆောင်ရွက်

Source: Ministry Of Information
Myanmar Industry Directory

Read times
Rate this item
(0 votes)