Investment



ဂျပန်နိုင်ငံမှ လုပ်ငန်း (၁၀) ဖြင့် ပြည်တွင်း SMEs ကဏ္ဍတွင် ပါဝင်လာနိုင်ရေး လေ့လာမှုများဆောင်ရွက်

ဂျပန်နိုင်ငံမှ လုပ်ငန်း (၁၀) ဖြင့် ပြည်တွင်း SMEs ကဏ္ဍတွင် ပါဝင်လာနိုင်ရေး လေ့လာမှုများဆောင်ရွက် google

မြန်မာနိုင်ငံရဲ့ ပြည်တွင်း SMEs ကဏ္ဍမှာ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းအမျိုးအစားပေါင်း (၁၀) ခုဖြင့် ပါဝင်လာနိုင်ရေးအတွက်

အခုအခါ အနီးကပ်လေ့လာမှုများ၊ Myanmar Japan Friendship Business Meeting များ ပြုလုပ်ကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရပါတယ်။

“ လက်ရှိ မြန်မာရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ဂျပန်နိုင်ငံက အဆင့် (၅) နေရာမှာရှိနေပါတယ်။ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ အဓိကရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်ဟာ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ပါဝင်ပါတယ်။ ဒီအတွက် ဂျပန်နဲ့ မြန်မာ SMEs လုပ်ငန်းတွေမှာ ရှေ့ဆက်ပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့က ပြည်တွင်း SMEs လုပ်ငန်းရှင်တွေရဲ့ အဓိကလိုအပ်ချက်ပေါ့။

Food & Beverages Manufacturers (အစားအသောက်ထုတ်လုပ်ငန်းများ (၃၄)ခုကိုရှာရန် နှိပ်ပါ။)

Product ရှိတယ်၊ ဒါကို ဘယ်မှာသွားရောင်းရမလဲဆိုတဲ့ (SS to Market) ရှိဖို့ရယ်၊ ကုန်ကြမ်းတွေကို ကုန်ချောထုတ်ဖို့ နည်းပညာအကူအညီပေါ့ (SS to Thecinal) လိုတယ်။ ဒီအချက်နှစ်ချက် ပြည့်စုံနေပေမယ့်လည်း ချေးငွေရရှိဖို့က အပေါင်ပစ္စည်းမထားနိုင်တဲ့အတွက် SMEs တွေဟာ လုပ်ငန်းတွေဆက်လုပ်နိုင်ဖို့ အခက်အခဲတွေရှိတယ်။ ဒီအချက်တွေကို လုပ်ငန်းရှင်တွေ စုရုံးတွေ့ဆုံတဲ့ Business Merchant ပွဲတွေကနေ ရရှိနိုင်ပါတယ်” လို့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ စားသောက်ဆိုင်ရာလုပ်ငန်း၊ အိမ်၊ ခြံ၊ မြေလုပ်ငန်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ပုဂ္ဂလိကပညာရေးကျောင်း လုပ်ငန်းများ၊ IT နည်းပညာလုပ်ငန်း၊ ကုန်စည်အရောင်းအဝယ်လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် လုပ်ငန်း (၁၀) ခုခန့်ကို ပြည်တွင်း SMEs လုပ်ငန်းများမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် လေ့လာမှုများဆောင်ရွက်နေကြောင်း မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း Myanmar - Japan SEDA မှ သိရပါတယ်။

 

Read More >>> ရန်ကုန်တိုင်းသို့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်

“အဓိကကတော့ လူမျိုးမတူ၊ အမြင်မတူတာလေးတွေရှိတယ်။ ယဉ်ကျေးမှုနဲ့ စဉ်းစားတွေးခေါ်မှုမတူညီနိုင်ဘူး လုပ်နည်းကိုင်နည်းမတူညီနိုင်ဘူး။ ဒီအပေါ်မှာ မြန်မာတွေကလည်း ဂျပန်တွေအကြောင်းကို သိပေးစေချင်တယ်။ ဂျပန်တွေကလည်း မြန်မာတွေအကြောင်းကို သိပေးစေချင်တယ်။ ဒီအတွက် ပေါင်းကူးချိတ်ဆက်ပေးတာပါ။ ဒါမှလည်း နိုင်ငံအတွက်စီးပွားရေးကဏ္ဍမှာ အထောက်အကူဖြစ်သွားစေမှာပါ” လို့ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (Myanmar - Japan SEDA) ဥက္ကဌ ဦးအေးမင်းက ပြောပါတယ်။

 

Source: YCDC
Myanmar Industry Directory

Read times Last modified on Tuesday, 27 August 2019 11:50
Rate this item
(1 Vote)