Investment



တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာ-တရုတ် သီးသန့်စက်မှုဇုန်ထူထောင်လိုကြောင်း ကမ်းလှမ်း

တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာ-တရုတ် သီးသန့်စက်မှုဇုန်ထူထောင်လိုကြောင်း ကမ်းလှမ်း google

တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံမှာ မြန်မာ-တရုတ် သီးသန့်စက်မှုဇုန်ထူထောင်လိုကြောင်း ကမ်းလှမ်းထားတယ်လို့

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လုပ်ငန်းရှင်များ (၂၉) ကြိမ်မြောက်တွေ့ဆုံပွဲ အခမ်းအနားမှာ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဒုတိယသမ္မတဦးမြင့်ဆွေကို တင်ပြပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ တရုတ်နိုင်ငံက အများဆုံးမြှုပ်နှံထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုလို သီးသန့် မြန်မာ- တရုတ် စက်မှုဇုန်ထောင်ချင်နေတဲ့ တရုတ်လုပ်ငန်းများမှာ Resposible ရှိပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိမယ်ဆိုပါက ဖိတ်ခေါ်နိုင်ရေးအတွက် ၀ိုင်းဝန်းကြိုးစားပေးမယ်လို့ ဦးဇော်မင်းဝင်းက ပြောကြားပါတယ်။

လက်ရှိအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ မြေယာလျော်ကြေးများ ပေးလျော်ရန်ရှိပြီး အဆိုပါမြေယာလျော်ကြေးများအတွက် အစိုးရက သိမ်းဆည်းထားပြီးဖြစ်တဲ့ မြေများကို ပြန်လည်ရောင်းချကာ ပေးချေမှာဖြစ်ကြောင်း၊ လယ်သမားများထံမှ သိမ်းဆည်းထားတဲ့ မြေများကို ပုံစံနှစ်မျိုးဖြင့် ရောင်းချရန် ပြင်ဆင်ထားကာ တစ်မျိုးမှာ နေအိမ်ခြံဝင်းဖြင့် နေထိုင်လိုသူများအတွက် ရောင်းချပေးခြင်းနဲ့ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ပူးပေါင်းထားပြီး နိုင်ငံ့ဖွံ့ဖြိုးရေး အထောက်အကူပေးနိုင်မယ့် စီးပွားရေးလုပ်ငန်းများ လာရောက်မြှုပ်နှံသူများကို ရောင်းချပေးမှာဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

“စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ချင်တဲ့သူတွေကို ရောင်းပေးဖို့ ရှိပါတယ်။ ဒီရောင်းတဲ့နေရာမှာတော့ တကယ်ဆောင်ရွက်မဲ့သူတွေ၊ ချက်ချင်းအကောင်အထည်ဖော်မယ့်သူတွေကိုပဲ ရောင်းချမှာဖြစ်ပါတယ်။ မြေကစားဖို့အတွက် ရောင်းပေးမှာ မဟုတ်ပါဘူး။ မြေတွေကို ကိုင်ထားပြီးတော့ မြေဈေး ကမောက်ကမဖြစ်အောင် ဆောင်ရွက်မဲ့သူတွေကို ခွင့်ပြုမှာမဟုတ်ပါဘူး။ ချက်ခြင်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်တဲ့ စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံသူတွေက အမြဲတမ်းမေးပါတယ်။ မြန်မာနိုင်ငံရဲ့ မြေဈေးကကြီးတယ်။ ကြီးရတဲ့အကြောင်းရင်းက ပုဂ္ဂလိကကဏ္ဍကနေ မြေကိုကိုင်ထားပြီးတော့ အစိုးရကနေ ရင်းနှီးမြှုပ်နှံမှုအတွက် မြေကို ရောင်းချပေးတာမျိုး မရှိပါဘူး။ အခုတော့ ရင်းနှီးမြှုပ်နှံဖို့အတွက် မြေကို တကယ်လုပ်မဲ့သူတွေကို မြေရောင်းချပေးနိုင်ဖို့အတွက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ မြေဟာ နိုင်ငံခြားသားကို ရောင်းချနိုင်တာ မဟုတ်တဲ့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့တိုင်းဒေသကြီး အစိုးရဘက်ကနေ စီစဉ်နေပါတယ်” လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

 

Source: Eleven Media
Myanmar Industry Directory

Read times
Rate this item
(1 Vote)