Investment



တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ သယ်ဆောင်လာ

တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ သယ်ဆောင်လာ google

အမေရိကန်ကုမ္ပဏီများက တာဝန်ခံမှု၊ တာဝန်မှုရှိသော ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ သယ်ဆောင်လာနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားပါတယ်။

မြန်မာနိုင်ငံတွင် ဒေသခံလုပ်သားများခန့်အပ်ပြီး လေ့ကျင့်သင်တန်းပေးကာ အခွန်အခများလည်း အပြည့်အဝပေးဆောင်သည်ဟု သြဂုတ် (၂၀) ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်သည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းဆိုင်ရာ မြန်မာ၊ ဂျပန်၊ အမေရိကန်ဖိုရမ်တွင် ၎င်းကပြောကြားခဲ့ပါတယ်။

‘‘လာဘ်မထိုးပါဘူး။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပြီး ဒေသခံအသိုင်းအ၀ိုင်းအတွက် အကျိုးရှိစေမယ့် ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါတယ်’’ ဟု စကော့မာစီရယ်က ပြောပါတယ်။

တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို မြန်မာ့စီးပွားရေးအသိုင်းအ၀ိုင်းက လိုလားကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။

အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာအစိုးရ၏ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများဖြစ်သော လက်လီ၊ လက်ကား ရောင်းဝယ်ရေးကဏ္ဍ၊ အာမခံလုပ်ငန်းကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လမ်းဖွင့်ပေးခြင်းများကို ကြိုဆိုပါကြောင်း စကော့မာစီရယ်က ပြောပါတယ်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံကဲ့သို့ မဟာဗျူဟာကျသည့် စီမံကိန်းအကြီးစားများကို ရင်းနှီးမြှုပ်နှံရန် မရှိကြောင်း မြန်မာ - အမေရိကန် ကုန်သည်ကြီးများအသင်း၏ မြန်မာ့စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုများ တိုးတက်လာစေရေး ဆွေးနွေးပွဲ၌ အမေရိကန်သံအမတ်ကြီးက ပြောကြားထားပါတယ်။

ထို့အပြင် အမေရိကန်အစိုးရက အကူအညီပေးရာတွင် စီမံကိန်းအကြီးစားပုံစံပေးခြင်းထက် မြန်မာအစိုးရတာဝန်ရှိသူများကို မူဝါဒများ ဖော်ဆောင်ရာ၌ အကူအညီပေးခြင်းနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် လယ်သမားများကို တိုက်ရိုက်အသေးစားချေးငွေပေးခြင်းတို့ ဆောင်ရွက်နေကြောင်း အမေရိကန်သံအမတ်ကြီးက ရှင်းပြပါတယ်။

 

Read More >>> အလုပ်အကိုင်ပေါင်း ငါးထောင်ကျော် ဖန်တီးပေးနိုင်မည့် စက်မှုလုပ်ငန်း (၁၁) ခုကို ခွင့်ပြုထား

အမေရိကန်စီးပွားရေးလုပ်ငန်းများက တာဝန်ယူမှု၊ တာဝန်ခံမှုကို ဦးတည်နေစဉ် မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းများ လိုက်နာရေးကိစ္စ တင်းကျပ်စွာ တားမြစ်ရန် တရုတ်သံရုံးကိုယ်တိုင် တောင်းဆိုချက်အရ မြန်မာ - တရုတ် စီးပွားရေးအသင်း ဖွဲ့စည်းရန်ပြင်ဆင်နေပါတယ်။

 

Source : 7 Day Daily
Myanmar Industry Directory

Read times
Rate this item
(1 Vote)