Investment



အလုပ်အကိုင်ပေါင်း ငါးထောင်ကျော် ဖန်တီးပေးနိုင်မည့် စက်မှုလုပ်ငန်း (၁၁) ခုကို ခွင့်ပြုထား

အလုပ်အကိုင်ပေါင်း ငါးထောင်ကျော် ဖန်တီးပေးနိုင်မည့် စက်မှုလုပ်ငန်း (၁၁) ခုကို ခွင့်ပြုထား google

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းအမေရိကန်ဒေါ်လာ (၇၄) သန်းကျော်ရှိတဲ့ စက်မှုလုပ်ငန်း (၁၁) ခုကို ခွင့်ပြုပေးလိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှု နဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။

၎င်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီး တရုတ်နိုင်ငံက အများဆုံးမြှုပ်နှံတာလို့ သိရပါတယ်။ ဒါ့ပြင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးထောင်ကျော်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

အခုဘဏ္ဍာနှစ်စတင်တဲ့ အောက်တိုဘာလ (၁) ရက်နေ့မှ သြဂုတ်လ (၁၃) ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း (၂၃၅) ခုအထိ ရှိလာပြီဖြစ်ပြီး တန်ဖိုးငွေအားဖြင့် ကန်ဒေါ်လာ သန်းနှစ်ထောင်ကျော်ရှိနေတာဖြစ်ပါတယ်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေနဲ့ကတော့ စုစုပေါင်း (၁၄၄) ခုကို ခွင့်ပြုပေးခဲ့တာဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက ကန်ဒေါ်လာ သန်းသုံးရာကျော်နဲ့ ကျပ်ဘီလီယံ တစ်ထောင်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်တဲ့ နိုင်ငံများကတော့ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။

Read More >>> စက်မှုကဏ္ဍတွင် မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာ

 နိုင်ငံပေါင်း (၄၉) နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ (၂၇.၇၂) ရာခိုင်နှုန်းနဲ့လည်းကောင်း၊ လျှပ်စစ်ကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ (၂၆.၁၈) ရာခိုင်နှုန်းနဲ့လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ (၁၃.၈၂) ရာခိုင်နှုန်းနဲ့လည်းကောင်း အများဆုံးရင်းနှီးမြှုပ်နှံထားပါတယ်။

 

Ref: imyanmarhouse.com
Myanmar Industry Directory

Read times Last modified on Thursday, 22 August 2019 16:37
Rate this item
(0 votes)