Investment



ကိုရီးယားမှ ရင်းနှီးမြှုပ်နှံမှုများ စက်မှုမြို့တော်စီမံကိန်းပြီးစီးပါက အလုံးအရင်းဖြင့် ဝင်ရောက်လာမည်

ကိုရီးယားမှ ရင်းနှီးမြှုပ်နှံမှုများ စက်မှုမြို့တော်စီမံကိန်းပြီးစီးပါက အလုံးအရင်းဖြင့် ဝင်ရောက်လာမည် google

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်မှာ တည်ရှိတဲ့ ကိုရီးယား-မြန်မာစက်မှုမြို့တော်ကို လာမယ့် ၂၀၂၅ ခုနှစ်မှာ

အပြီးတည်ဆောက်သွားမှာဖြစ်ပြီး ၎င်းစီမံကိန်းပြီးစီးပါက ကိုရီးယားနိုင်ငံမှ စက်မှုလက်မှုလုပ်ငန်းများ အလုံးအရင်းနဲ့ ဝင်ရောက်လာမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

၎င်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၂၀) ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Korea Land and Housing Corporatiion တို့က ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ စီမံကိန်းပြီးစီးပါက ကိုရီးယားနိုင်ငံအပြင် တခြားနိုင်ငံများက စက်မှုလက်မှုလုပ်ငန်းတွေလည်း ဝင်ရောက်လာနိုင်ကြောင်း သိရပါတယ်။

အဆိုပါစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကာ ၂၀၁၇ ခုနှစ်တွင်သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု (၆၀) ရာခိုင်နှုန်း၊ မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံမှု (၄၀) ရာခိုင်နှုန်းနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

စီမံကိန်းမှာ အသေးစား၊ အလတ်စားနဲ့ အကြီးစားစက်မှုလုပ်ငန်းများသာမက One Stop Service အလုပ်သမားသင်တန်းကျောင်းနဲ့ ဝန်ထမ်းအိမ်ရာ၊ ပန်းခြံနဲ့ ရေဆိုးသန့်စင်စက်ရုံ၊ စီမံခန့်ခွဲရေးရုံးနဲ့ အခြား စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုဇုန်များလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုရီးယားရင်းနှီးမြှုပ်နှံမှုအနေနဲ့ စုစုပေါင်းအမေရိကန်ဒေါ်လာ (၁၆၈.၁၃) သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။

 

Source: Pyimyanmar
Myanmar Industry Directory

Read times Last modified on Tuesday, 06 August 2019 14:51
Rate this item
(0 votes)