Investment



မြန်မာ့ဆိုလာစွမ်းအင်ကဏ္ဍတွင် ထိုင်းကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံတော့မည်

မြန်မာ့ဆိုလာစွမ်းအင်ကဏ္ဍတွင် ထိုင်းကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံတော့မည် google

ထိုင်းကုမ္ပဏီများက မြန်မာနိုင်ငံရှိ ဆိုလာစွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ လာရောက်ဆွေးနွေးနေကြောင်း ဇူလိုင် (၃၁) ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောခဲ့ပါတယ်။

"မြန်မာနိုင်ငံအလယ်ပိုင်းမှာဆို ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ဆိုလာစွမ်းအင်ပိုင်းကို ဦးစားပေးလာတယ်။ ကျွန်တော်တို့ဆီကို ဆိုလာစွမ်းအင်နဲ့ ပတ်သက်လို့ ထိုင်းကုမ္ပဏီလေး၊ ငါးခုလောက်က ကျွန်တော်တို့ကို လာဆွေးနွေးတယ်။ ထိုင်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ အဆင့်က အဆင့်လေးရှိတယ်။ အမေရိကန်ဒေါ်လာ (၁၁.၃) ဘီလီယံလောက် ရင်းနှီးမြှုပ်နှံထားတယ်" လို့ ဦးသန့်စင်လွင်က ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၀) ကျော်ရှိပြီး ၎င်း (၈၀) ကျော်ထဲမှာ စင်ကာပူနဲ့ တရုတ်က အများဆုံးရင်းနှီးမြှုပ်နှံထားကာ တတိယအများဆုံးမှာ ဟောင်ကောင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၁.၃) ဘီလီယံနဲ့ စတုတ္ထအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ထိုင်းနိုင်ငံက သီလဝါစက်မှုဇုန်ရှိ ကုန်ထုတ်လုပ်တဲ့လုပ်ငန်းများမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာလည်း ဆိုလာစွမ်းအင်လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံထားကြောင်း ၎င်းဦးစီးဌာနမှ သိရပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်ရေးသည် ၂၀၁၉ ခုနှစ် ပထမခြောက်လအတွင်း အမေရိကန်ဒေါ်လာ (၃.၈၅) ဘီလီယံရရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ပထမခြောက်လအတွင်းက အမေရိကန်ဒေါ်လာ (၂၁) သန်းသာ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံမတ် H.E.Mrs.Suphatra Srimaitreephithak က ဆိုထားပါတယ်။

 

Source: The Myanmar Times
Myanmar Industry Direcrory

Read times Last modified on Monday, 05 August 2019 16:16
Rate this item
(1 Vote)