Investment



ရန်ကုန်တိုင်းသို့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်

ရန်ကုန်တိုင်းသို့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက် google

ရန်ကုန်တိုင်းသို့ လက်ရှိဘဏ္ဍာနှစ်မှာ ဝင်ရောက်လာတဲ့ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူ စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဟာ တရုတ်စီးပွားရေးလုပ်ငန်းများ ဖြစ်ကြောင်း တိုင်းရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးမျိုးခိုင်ဦးက ပြောခဲ့ပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းသို့ ဝင်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၁၁၃) ခုမှာ တရုတ်နိုင်ငံမှ လုပ်ငန်းပေါင်း (၆၅) ခုပါဝင်နေခြင်းဖြစ်ပါတယ်။ ‘‘ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲမှာ တရုတ်က အများဆုံးပဲ’’ လို့ ဦးမျိုးခိုင်ဦးက ပြောခဲ့ပါတယ်။

ရန်ကုန်တိုင်းကို ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာသန်း (၂၀၀) ကျော် ဝင်ရောက်လာကြောင်း ၎င်းက ဆိုခဲ့ပြီး အများစုက စက်မှုလုပ်ငန်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရန်ကုန်မြို့ကို ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ချင်စရာ နေရာတစ်ခုဖြစ်အောင် အကောင်အထည်ဖော်မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထားခဲ့ပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ နိုင်ငံခြားသားလုပ်ငန်းရှင်များကို မြေရောင်းချပေးမယ့် အစီအစဉ် အကောင်အထည်ဖော်မယ်လို့ ၎င်းက ဆိုထားခဲ့ပါတယ်။

အခုဘဏ္ဍာနှစ် ကိုးလကျော်အတွင်း မြန်မာနိုင်ငံသို့ ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ထပ်မံတိုးမြှင့်တဲ့ ရင်းနှီးမြှုပ်နှံမှုများအပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၃.၃) ဘီလီယံကျော် ရှိလာခဲ့ပါတယ်။ ရန်ကုန်တိုင်းမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ထက်ဝက်ကျော်ရှိပေမယ့်လည်း မြန်မာတစ်နိုင်ငံလုံးမှာ ဒေါ်လာသန်း (၄၀၀) ကျော်သာ ရင်းနှီးမြှုပ်နှံထားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ စင်ကာပူနိုင်ငံက အများဆုံးဖြစ်ပြီး အခုဘဏ္ဍာနှစ် ကိုးလအတွင်း ဒေါ်လာ (၁.၉) ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားခဲ့ခြင်း ဖြစ်ပါတယ်။

 

Source : 7 Day Daily
Myanmar Industrial Directory

Read times
Rate this item
(0 votes)