Investment



ရင်းနှီးမြှုပ်နှံမှု လျှောက်လွှာပုံစံများကို ပြောင်းလဲသုံးစွဲရမည်

ရင်းနှီးမြှုပ်နှံမှု လျှောက်လွှာပုံစံများကို ပြောင်းလဲသုံးစွဲရမည် google

ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်နဲ့ အတည်ပြုလျှောက်ထားလွှာပုံစံများကို သြဂုတ်လ (၁) ရက်နေ့ကစပြီး ပြောင်းလဲသုံးစွဲရမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ဆုံးဖြတ်တဲ့အခါ ပိုမိုထိရောက်မှုရှိစေဖို့နဲ့ သတင်းအချက်အလက်များ ပိုမိုပြည့်စုံစေဖို့အတွက် မူလသတ်မှတ်ထုတ်ပြန်ထားတဲ့ လျှောက်ထားလွှာပုံစံ (၂)၊ (၄-က) နဲ့ (၄-ခ) တို့ကို ပြောင်းလဲပြင်ဆင်ခြင်းဖြစ်ပါတယ်။

အဆိုပြုပုံစံ (၂) မှာ ဖြည့်စွက်ထားတဲ့ အချက်များမှာ မိခင်ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုအကျဉ်းချုပ်၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ငွေကြေးထည့်ဝင်နိုင်မှု၊ နည်းပညာအတွေ့အကြုံများ၊ အဆိုပြုလုပ်ငန်း၏ ထုတ်လုပ်မှုကွင်းဆက်နှင့် အခြားဆက်စပ်လုပ်ငန်းများအပေါ် အကျိုးပြုမှုရှိ/ မရှိ တို့ပါဝင်ပါတယ်။

အတည်ပြုလျှောက်ထားလွှာ ပုံစံ (၄-က) နဲ့ (၄-ခ) တို့မှာ မိခင်ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုအကျဉ်းချုပ်၊ မတည်ငွေရင်းပမာဏ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ငွေကြေးထည့်ဝင်နိုင်မှု၊ နည်းပညာအတွေ့အကြုံများ၊ စီးပွားဖြစ်မစတင်ခင် ရင်းနှီးထည့်ဝင်ရမည့် ငွေပမာဏ၊ နည်းပညာလွှဲပြောင်းယူဆောင်လာမည့် အစီအစဉ်၊ အတည်ပြုလုပ်ငန်း၏ ထုတ်လုပ်မှုကွင်းဆက်နှင့် အခြားဆက်စပ်လုပ်ငန်းများအပေါ် အကျိုးပြုမှု ရှိ/ မရှိ အချက်များကို ဖြည့်စွက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

 

Myanmar Industrial Directory

Read times
Rate this item
(1 Vote)