Investment



နိုင်ငံပေါင်း ( ၄ ) နိုင်ငံက လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံလို

နိုင်ငံပေါင်း ( ၄ ) နိုင်ငံက လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံလို google

ဂျပန်၊ တရုတ်၊ ကိုရီးယားနဲ့ အင်္ဂလန်နိုင်ငံတို့က မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကဏ္ဍများ၌

ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားပါတယ်။

“အင်္ဂလန်က ကုမ္ပဏီတစ်ခုဆိုရင် နော်ဝေရဲ့ နည်းပညာ၊ ဂျာမနီရဲ့ စက်ပစ္စည်း၊ အင်္ဂလန်နိုင်ငံရဲ့ စီမံခန့်ခွဲမှုနဲ့ စင်ကာပူမှာ မှတ်ပုံတင်မယ်။ အဲဒီလောက်ကို သူတို့က စနစ်တကျ လုပ်ပြီးလာတာ။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ ဆွေးနွေးနေပါတယ်။ သူတို့က ရေအား၊ နောက်တစ်ခုက Gas Turbine ဖြစ်ပါတယ်” လို့ ဦးသန့်စင်လွင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောင်းလဲလိုက်တဲ့ မီတာခနှုန်းထားအရ နှစ်နှစ်အတွင်း တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အားကို ပေးနိုင်မယ်လို့ ယူဆကြောင်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကလည်း တစ်ယူနစ် ကျပ် ( ၁၁၀ ) နဲ့ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းထားမှုများရှိကြောင်း ပြောကြားပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီထံ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများမှ လာရောက်ကမ်းလှမ်းထားမှုများရှိပြီး၊ ကမ်းလှမ်းရာတွင် တစ်ယူကို ကျပ် ( ၁၁၀ ) နှုန်းထားနဲ့ အဆိုပြု တင်ပြထားမှုများရှိကြောင်း သိရပါတယ်။

“ကျွန်တော်တို့ဆီကို လာဆွေးနွေးတဲ့ အခြေအနေတွေက ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာလည်း ပြောပါတယ်။ ( ၁၁၀ ) ကျပ်ဝန်းကျင်မှာ ဈေးနှုန်းက ရှိနေပါတယ်။ အဲဒါက ကျွန်တော်တို့က LNG ကို ပြောတာပါ။ ဒီဈေးနှုန်းမျိုး ဖြစ်တဲ့အတွက် အခုဈေးနှုန်းက မျှခြေဖြစ်ပါတယ်။ ကျွန်တော်တို့က အစိုးရ အကျိုးအမြတ်ရဖို့ မဟုတ်ပါဘူး။ မျှခြေတစ်ခုမှာ နည်းနည်းပေးရတဲ့သူနဲ့ များများပေးရတဲ့သူ မျှခြေတစ်ခုမှာ ဖြစ်ဖို့ပဲ မျှော်မှန်းတာ ဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ( ၁ ) ရက်နေ့ကစပြီး လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

Source: Eleven Media
Myanmar Industrial Directory

Read times Last modified on Thursday, 18 July 2019 11:55
Rate this item
(1 Vote)