Investment

Investment
Tuesday, 29 October 2019 10:35

တရုတ်-ဟောင်ကောင်ကုမ္ပဏီ V-Power က ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေ

နိုင်ငံအတွင်း သဘာဝဓာတ်ငွေ့ရည် (LNG) စီမံကိန်းကို တင်ဒါအောင်မြင်ပြီးနောက် တရုတ်-ဟောင်ကောင်ကုမ္ပဏီ V-Power က ထားဝယ်အထူးစီးပွားရေးဇုန်တွင် အလားတူ စီမံကိန်းကို ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ၎င်းအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက ပြောပါတယ်။

Investment
Saturday, 26 October 2019 15:00

အောက်တိုဘာလအတွင်း ယခင်နှစ်ကာလတူထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သန်း ၂၅၀ ကျော် ပိုမိုဝင်ရောက်

ယခုဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း (၃၀၀) ခန့်ရရှိထားပြီး ယခင်နှစ် ကာလတူနှိုင်းယှဉ်ပါက သန်း (၂၅၀) ကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

Investment
Saturday, 26 October 2019 11:03

၂၀၂၀ တွင် ထိုင်းနာမည်ကြီး ပီတီတီကုမ္ဗဏီက မြန်မာနိုင်ငံတွင် ဓာတ်ဆီဆိုင်ဖွင့်မည်

မြန်မာနိုင်ငံမှာ ၂၀၂၀ အတွင်း ထိုင်းရေနံကုမ္ဗဏီက ဓာတ်ဆီဆိုင်ဖွင့်ဖို့ ရည်မှန်းထားကြောင်း အေးရှားနယူးစ် နက်ခ်ဝါ့ခ် သတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။

Investment
Thursday, 24 October 2019 10:56

IFC က ဝက်မွေးမြူထုတ်လုပ်ရေးကဏ္ဍတွင် ဒေါ်လာသန်း (၈၀၀) ရင်းနှီးမြှုပ်နှံမည်

နိုင်ငံတကာငွေရေးကြေးရေးကော်ပိုရေးရှင်း (International Finance Corporation- IFC) က မြန်မာနိုင်ငံ၏ ဝက်မွေးမြူရေးနှင့် ဝက်သတ်ရုံများ တည်ဆောက်သည့် လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာသန်း (၈၀၀) ရင်းနှီးမြှုပ်နှံမှာဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပါတယ်။

Investment
Wednesday, 23 October 2019 14:00

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံချိန်တင်ဝင်ရောက်လာမည်ဟု မျှော်မှန်း

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း နိုင်ငံရေးအခြေအနေများကြောင့် မြန်မာပြည်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဝင်နည်းပေမယ့်လည်း ယခုဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်လာမယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။

Investment
Saturday, 19 October 2019 14:11

စက်မှုကဏ္ဍတွင် တရုတ်နှင့် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ

ယခုဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံမှ စက်မှုလုပ်ငန်းတစ်ခု၊ ဟောင်ကောင်နိုင်ငံမှ စက်မှုလုပ်ငန်း (၄) ခုတို့ကို ရန်ုကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကျင်းပခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှာ ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။

Investment
Wednesday, 16 October 2019 16:27

မြန်မာ့လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ဖိလစ်ပိုင်ကုမ္ပဏီ ဝင်ရောက်လာ

ကျေးလက်ဒေသများတွင် လျှပ်စစ်စွမ်းအင်ဖြန့်ဖြူးရေး လုပ်ငန်းအပါအဝင် မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှာ ဖိလစ်ပိုင်နိုင်ငံမှ စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ AC ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကုမ္ပဏီက စတင်ရင်းနှီးမြှုပ်နှံကာ ဝင်ရောက်လာပါတယ်။

Investment
Wednesday, 16 October 2019 14:47

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းတွင် တရုတ်နှင့် ဟောင်ကောင်မှ ပထမဆုံးရင်းနှီးမြှုပ်နှံ

ယခုဘဏ္ဍာနှစ်အတွင်း တရုတ်နှင့် ဟောင်ကောင်တို့မှ ရင်းနှီးမြှုပ်နှံမှုလေးခု ရန်ကုန်တိုင်းသို့ ပထမဆုံး ဝင်ရောက်လာပါတယ်။

Investment
Saturday, 05 October 2019 16:44

ဗြိတိန်ကုမ္ပဏီများ ဘဏ်လုပ်ငန်းနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

ဗြိတိန်ကုမ္ပဏီများက မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့ရှာဖွေ ထုတ်လုပ်ရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောပါတယ်။