Global News



ကုန်သွယ်ရေးတင်းမာမှုတွေကြောင့် အနိမ့်ဆုံးအမှတ်အထိ ကျဆင်းသွားတဲ့ ကမ္ဘာ့ရေနံဈေး

ကုန်သွယ်ရေးတင်းမာမှုတွေကြောင့် အနိမ့်ဆုံးအမှတ်အထိ ကျဆင်းသွားတဲ့ ကမ္ဘာ့ရေနံဈေး google

ကမ္ဘာ့ရေနံဈေးတွေကတော့ သြဂုတ် (၇) ရက်မှာ (၅) ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ခုနစ်လတာအတွင်း အနိမ့်ဆုံး အမှတ်ကို ရောက်ရှိခဲ့ပါတယ်။

ဒါဟာ လက်ရှိ အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုတွေ ပိုနက်ရှိုင်းလာမှုကြောင့် ရေနံစိမ်းဝယ်လိုအား လျော့ကျမယ့်အရေး စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေခြင်း၊ အမေရိကန် ရေနံစိမ်းသိုလှောင်မှုပိုင်းမှာ မမျှော်လင့်ဘဲ များပြားလာခြင်းတို့ကြောင့် ခုလိုရေနံဈေး ကျသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

Brent ရေနံဈေးနှုန်းကတော့ ၎င်းနေ့က (၄) ရာခိုင်နှုန်း ဒါမှမဟုတ် (၂.၃၈) ဒေါ်လာကျပြီး တစ်စည်ကို (၅၆.၅၆) ဒေါ်လာမှာ ရှိနေခဲ့ပါတယ်။ ဒါကတော့ ခုနစ်လအတွင်း အနိမ့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ အမေရိကန် WTI ရေနံဈေးကတော့ (၅) ရာခိုင်နှုန်း ဒါမှမဟုတ် (၂.၆၆) ဒေါ်လာကျပြီး တစ်စည်ကို ဒေါ်လာ (၅၀.၉၇) မှာ ရှိနေခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ ဒေတာကိန်းဂဏာန်းတွေအရ အမေရိကန် ရေနံသိုလှောင်ပစ္စည်း ပမာဏပိုင်းမှာ ပြီးခဲ့တဲ့အပတ်က စည်ပေါင်း (၂.၄) သန်းအထိ မြင့်တက်ခဲ့တယ်လို့ ပြသနေခဲ့ပြီးနောက် အခုလို ရေနံဈေးကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

 

Source: SFJ Journal
Myanmar Industry Directory

Read times Last modified on Friday, 09 August 2019 15:19
Rate this item
(0 votes)