Global News



၂၀၂၀ ခုနှစ်အထိ ကမ္ဘာ့စီးပွားရေး တိုးတက်မှု လျော့ကျမည်ဟု IMF ခန့်မှန်း

၂၀၂၀ ခုနှစ်အထိ ကမ္ဘာ့စီးပွားရေး တိုးတက်မှု လျော့ကျမည်ဟု IMF ခန့်မှန်း google

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး တင်းမာမှုတွေ၊ မသေချာမရေရာမှုတွေနဲ့ Brexit အရေးကိစ္စတို့က ကမ္ဘာ့စီးပွားရေးရဲ့ တက်ကြွမှုအင်အားကို ဆုတ်ယုတ်စေလျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ဇူလိုင် (၂၃) မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။

၎င်းအခြေအနေတွေကြောင့် လာမယ့် ၂၀၂၀ ခုနှစ်မှာလည်း အခြေအနေတွေဟာ သေချာရေရာမှု မရှိသေးဘူးလို့ IMF က ပြောပါတယ်။ လက်ရှိ ကုန်သွယ်ရေး ပဋိပက္ခတွေက ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ထိခိုက်စေပြီး၊ ကုန်ထုတ်လုပ်မှုတွေအပေါ် အားနည်းစေလျက်ရှိစဉ် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ၎င်းတို့ရဲ့ သဘောကွဲမှုတွေကို ပြေလည်စေဖို့အတွက် အခွန်ချမှတ်ကောက်ခံတဲ့ နည်းလမ်းအသုံးပြုမှုကို ရှောင်ကြဖို့ IMF က တိုက်တွန်းသွားပါတယ်။

IMF က သုံးလပတ် တစ်ကြိမ် ထုတ်ပြန်နေတဲ့ ၎င်းရဲ့ ကမ္ဘာ့စီးပွားရေး အလားအလာ ခန့်မှန်းချက်အသစ်တွေကို ပြင်ဆင်ထုတ်ပြန်ခဲ့ရာမှာတော့ ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို အနည်းငယ် လျှော့ချခန့်မှန်းသွားခဲ့ပါတယ်။

၎င်းရဲ့ ယခုအသစ် ခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေး တိုးတက်မှုဟာ ၂၀၁၉ မှာ (၃.၂) ရာခိုင်နှုန်းနဲ့ လာမယ့် ၂၀၂၀ မှာ (၃.၅) ရာခိုင်နှုန်းစီ ရှိမယ်လို့ မျှော်မှန်းကြောင်း ခန့်မှန်းသွားခဲ့ပါတယ်။

Read More >>> ၂၀၁၉ -၂၀၂၀ ရာသီ၌ ကမ္ဘာ့သကြားလိုအပ်မှု ဖြစ်ပေါ်ကာ သကြားဈေးကောင်းရန်ရှိ

“ ကမ္ဘာ့စီးပွားရေး တိုးတက်မှုကတော့ နှေးကွေးလေးလံမရေမရာ ဖြစ်နေပါတယ်၊ ဒါပေမယ့် ဒီလမ်းအတိုင်းတော့ ဒီတိုင်းကြီး ဆက်သွားမှာတော့လည်း မဟုတ်ပါဘူး” လို့ IMF ရဲ့ စီးပွားရေးအရာရှိချုပ် Gita Gopinath က ပြောသွားပါတယ်။ 

Source: SFJ Journal
Myanmar Industrial Directory

Read times Last modified on Monday, 29 July 2019 11:54
Rate this item
(0 votes)