Global News



အိန္ဒိယအစိုးရက ပဲစင်းငုံတင်သွင်းခွင့်ပမာဏကို နှစ်ဆတိုးမြှင့်ပေးလိုက်

အိန္ဒိယအစိုးရက ပဲစင်းငုံတင်သွင်းခွင့်ပမာဏကို နှစ်ဆတိုးမြှင့်ပေးလိုက် google

အိန္ဒိယအစိုးရက အောက်တိုဘာလ မတိုင်မီ ပုဂ္ဂလိကလုပ်ငန်းများမှ ပဲစင်းငုံတင်သွင်းခွင့် ပမာဏကို တန်ချိန်လေးသိန်းသို့ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ပြီး အစိုးရသမဝါယမအသင်း Nafed ကိုလည်း ပဲဈေးမြင့်တက်လာမယ့်အရေးကို ဖြေရှင်းဖို့နဲ့

ပဲစင်းငုံ တန်ချိန်နှစ်သိန်း ဈေးကွက်ကို ထုတ်ပြန်ရောင်းချဖို့ စားနပ်ရိက္ခာဝန်ကြီး Ram Vilas Paswan ဦးဆောင်တဲ့ ဝန်ကြီးဌာနချင်း ကော်မတီအစည်းအဝေးမှာ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

“ပဲစင်းငုံဈေးတက်တဲ့အကြောင်းကို မီဒီယာတွေမှာသာ ရေးသားထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အစိုးရဆီမှာတော့ ပဲစင်းငုံအပါအဝင် လုံလောက်တဲ့အရန်ပဲ ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မတီက အရေးပါတဲ့ ဆုံးဖြတ်ချက် နှစ်ခု၊ သုံးခုလောက် ချမှတ်ခဲ့ပါတယ်” လို့ Paswan က အစည်းအဝေးအပြီးမှာ သတင်းထောက်များကို ပြောခဲ့ပါတယ်။

အစည်းအဝေးမှာ နိုင်ငံရဲ့ ပဲမျိုးစုံရောင်းလိုအားအခြေအနေကို အသေးစိတ်ဆွေးနွေးပြီးနောက် အစိုးရက အောက်တိုဘာလအထိ ကုန်သည်တွေ တင်သွင်းနိုင်မယ့် ပဲစင်းငုံပမာဏကို လက်ရှိ တန်ချိန်နှစ်သိန်းမှ တန်ချိန်လေးသိန်းသို့ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း Paswan ကပြောပါတယ်။

“ဒီတော့ အောက်တိုဘာလ ( ၃၀ ) ရက်မတိုင်ခင်မှာ ပဲစင်းငုံ တန်ချိန်လေးသိန်း တင်သွင်းပါလိမ့်မယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနက ပဲစင်းငုံ တန်ချိန်နှစ်သိန်း တင်သွင်းမှုကို ခွင့်ပြုထားပြီးဖြစ်ကာ လာမယ့် ရက်အနည်းငယ်အတွင်း လိုင်စင်တွေ ချပေးသွားမှာပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

အိန္ဒိယအစိုးရဟာ ပြည်တွင်းတောင်သူများရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ၂၀၁၇ ခုနှစ်ကစပြီး ပဲစင်းငုံကို တန်ချိန်နှစ်သိန်းသာ တင်သွင်းဖို့ ကန့်သတ်ခဲ့ပါတယ်။ ကော်မတီက သီးခြားအနေဖြင့် မိုဇမ်ဘစ်နိုင်ငံနဲ့ နှစ်နိုင်ငံ သဘောတူညီမှုအရ မိုဇမ်ဘစ်ထံမှ ပဲစင်းငုံတန်ချိန် ( ၁.၇၅ ) သိန်း တင်သွင်းမှုကိုလည်း ခွင့်ပြုခဲ့ကြောင်း ၎င်းက ပြောပါတယ်။

အစိုးရမှာ ပဲမျိုးစုံ အရန်အနေဖြင့် တန်ချိန် ( ၃၉ ) သိန်းရှိပြီး ၎င်းအနက် ပဲစင်းငုံ တန်ချိန်ခုနစ်သိန်းခွဲ ပါဝင်ကြောင်း ၎င်းက ပြောပါတယ်။ အိန္ဒိယရဲ့ ပဲမျိုးစုံထုတ်လုပ်မှုမှာ ယခင်ရာသီက တန်ချိန် ( ၂၅၄.၂ ) သိန်း ရှိခဲ့ရာမှ ၂၀၁၈ - ၂၀၁၉ သီးနှံနှစ်မှာ တန်ချိန် ( ၂၃၂ ) သိန်းထိ လျော့ကျလာမယ်လို့ Paswan က ပြောပါတယ်။

 

Source: The Farmer Myanmar
Myanmar Industrial Directory

Read times Last modified on Wednesday, 19 June 2019 09:56
Rate this item
(1 Vote)