Export, Import



မလေးရှားသို့ ဆန်တန်ချိန် ရှစ်သောင်း တင်ပို့ရန် မြန်မာနိုင်ငံ စီစဉ်

မလေးရှားသို့ ဆန်တန်ချိန် ရှစ်သောင်း တင်ပို့ရန် မြန်မာနိုင်ငံ စီစဉ် google

မြန်မာနိုင်ငံအနေနဲ့ မလေးရှားသို့ နှစ်လအတွင်း ဆန်တန်ချိန် (၈၀၀၀၀) တင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

မလေးရှားနိုင်ငံဟာ ယခင်နှစ်တွေက ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေကနေ ဆန်ကို အဓိကတင်သွင်းခဲ့ပြီး ယခုနှစ်မှာတော့ မြန်မာနိုင်ငံမှ ဝယ်ယူရန် စီစဉ်နေတာဖြစ်ပါတယ်။

မြန်မာ့ဆန်ဈေးက နိုင်ငံတကာဈေးကွက်မှာ အနည်းငယ်မြင့်တက်နေသလို ပြည်တွင်းဈေးကွက်မှာ ဆန်ကြမ်းတစ်အိတ်ကို ကျပ် ( ၁၀၀၀) ကျော် မြင့်တက်လာပါတယ်။

ကုန်မာပစ္စည်းထုတ်လုပ်ငန် (၂၁၅၇) ခုကို ရှာရန်နှိပ်ပါ

လက်ရှိပြည်တွင်းဈေးကွက်မှာ ဆန်ကွဲတစ်အိတ်ကို ကျပ် (၂၂,၀၀၀) နှင့် ၂၅ မှတ်တန် ဆန်တစ်အိတ်ကို ကျပ် (၁၈,၅၀၀) ဖြင့် ရောင်းချနေပါတယ်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံက ဆန်တန်ချိန် (၉၀၀,၀၀၀) တင်ပို့ထားပြီး ဒီဇင်ဘာ ၆ ရက်နေ့အထိ ဆန်တန်ချိန် (၇၀၀,၀၀၀) နီးပါးကို ပြည်ပသို့ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် (၃၃၀,၀၀၀) တိုး၍ တင်ပို့နိုင်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ယခုဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် (၂ ဒသမ ၅) သန်း တင်ပို့ရန် မျှော်မှန်းထားပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်အထိ ဆန်တန်ချိန် (၇၇၀,၀၀၀) တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း (၂၂၀) ရရှိခဲ့ပါတယ်။

ပြည်ပသို့ ဆန်တင်ပို့ရာတွင် စုစုပေါင်း ဆန်တန်ချိန် (၁၀၀,၀၀၀) ကို ကုန်းလမ်းဖြင့်လည်းကောင်း၊ တန်ချိန် (၆၅၀,၀၀၀) ကို ပင်လယ်ရေကြောင်းဖြင့်လည်းကောင်း တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ပြောကြားခဲ့ပါတယ်။

Read More >>> ဂရိနိုင်ငံမှ မြန်မာ့သကြားအား ဝယ်ယူရန် ကမ်းလှမ်းလာ

Source: Global New Light Of Myanmar

Myanmar Industry Directory

 

>>>Zawgyi<<<

မေလးရွားသို႔ ဆန္တန္ခ်ိန္ ရွစ္ေသာင္း တင္ပို႔ရန္ ျမန္မာႏုိင္ငံ စီစဥ္

ျမန္မာႏိုင္ငံအေနနဲ႔ မေလးရွားသို႔ ႏွစ္လအတြင္း ဆန္တန္ခ်ိန္ (၈၀၀၀၀) တင္ပို႔ရန္ စီစဥ္ေနေၾကာင္း ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္မွ သိရပါတယ္။

မေလးရွားႏုိင္ငံဟာ ယခင္ႏွစ္ေတြက ထိုင္းနဲ႔ ဗီယက္နမ္ႏုိင္ငံေတြကေန ဆန္ကို အဓိကတင္သြင္းခဲ့ၿပီး ယခုႏွစ္မွာေတာ့ ျမန္မာႏုိင္ငံမွ ဝယ္ယူရန္ စီစဥ္ေနတာျဖစ္ပါတယ္။

ျမန္မာ့ဆန္ေစ်းက ႏိုင္ငံတကာေစ်းကြက္မွာ အနည္းငယ္ျမင့္တက္ေနသလုိ ျပည္တြင္းေစ်းကြက္မွာ ဆန္ၾကမ္းတစ္အိတ္ကို က်ပ္ ( ၁၀၀၀) ေက်ာ္ ျမင့္တက္လာပါတယ္။

လက္ရွိျပည္တြင္းေစ်းကြက္မွာ ဆန္ကြဲတစ္အိတ္ကို က်ပ္ (၂၂,၀၀၀) ႏွင့္ ၂၅ မွတ္တန္ ဆန္တစ္အိတ္ကို က်ပ္ (၁၈,၅၀၀) ျဖင့္ ေရာင္းခ်ေနပါတယ္။

လက္ရွိ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာ ျမန္မာနုိင္ငံက ဆန္တန္ခ်ိန္ (၉၀၀,၀၀၀) တင္ပို႔ထားၿပီး ဒီဇင္ဘာ ၆ ရက္ေန႔အထိ ဆန္တန္ခ်ိန္ (၇၀၀,၀၀၀) နီးပါးကို ျပည္ပသို႔ တင္ပုိ႔ခဲ့ေၾကာင္း သိရပါတယ္။ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ စာရင္းမ်ားအရ ယခင္ဘ႑ာႏွစ္ကာလတူႏွင့္ ႏႈိင္းယွဥ္ပါက ဆန္တန္ခ်ိန္ (၃၃၀,၀၀၀) တုိး၍ တင္ပို႔ႏုိင္ေၾကာင္း သိရပါတယ္။

ျမန္မာႏုိင္ငံအေနနဲ႔ ယခုဘ႑ာႏွစ္တြင္ ဆန္တန္ခ်ိန္ (၂ ဒသမ ၅) သန္း တင္ပုိ႔ရန္ ေမွ်ာ္မွန္းထားပါတယ္။ ဒီဇင္ဘာလ ၁၃ ရက္အထိ ဆန္တန္ခ်ိန္ (၇၇၀,၀၀၀) တင္ပို႔ခဲ့ၿပီး အေမရိကန္ေဒၚလာသန္း (၂၂၀) ရရွိခဲ့ပါတယ္။

ျပည္ပသို႔ ဆန္တင္ပို႔ရာတြင္ စုစုေပါင္း ဆန္တန္ခ်ိန္ (၁၀၀,၀၀၀) ကို ကုန္းလမ္းျဖင့္လည္းေကာင္း၊ တန္ခ်ိန္ (၆၅၀,၀၀၀) ကို ပင္လယ္ေရေၾကာင္းျဖင့္လည္းေကာင္း တင္ပို႔ခဲ့ေၾကာင္း ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္မွ ေျပာၾကားခဲ့ပါတယ္။

Source: Global New Light Of Myanmar

Read times
Rate this item
(0 votes)