Export, Import



နေ့စဉ် ဆန်တန်ချိန် တစ်သောင်းခန့် ပြည်ပတင်ပို့ရောင်းချနေရ

နေ့စဉ် ဆန်တန်ချိန် တစ်သောင်းခန့် ပြည်ပတင်ပို့ရောင်းချနေရ google

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နေ့စဉ် ဆန်တန်ချိန် တစ်သောင်းခန့် ပြည်ပသို့ တင်ပို့ရောင်းချနေရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

ဘဏ္ဍာနှစ်အစကနေ အခုထိဆို ရက် ၉၀ လောက်ရှိပါပြီ။ ဒီရက်တွေအတွင်းမှာ တစ်ရက်ကို ပြည်ပကို ဆန်တန်ချိန် တစ်သောင်းလောက် တင်ပို့ရောင်းချခဲ့တဲ့အတွက် အခုထိဆိုရင် ဆန်တန်ချိန် ကိုးသိန်းလောက် တင်ပို့ရောင်းချပြီးပါပြီဟု ယင်းအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ဆန်ကို အာဖရိကနိုင်ငံများသို့ အများဆုံး တင်ပို့နေပြီး အာဆီယံနိုင်ငံများသို့ ဒုတိယ အများဆုံး တင်ပို့လျက်ရှိကာ ယခုနှစ်တွင် နွေစပါးမှ ရရှိသည့်ဆန်ကို ပြည်ပသို့ တင်ပို့ရောင်းချရမှု လျော့နည်းနိုင်ကြောင်း ဦးမျိုးသူရအေးက သုံးသပ်ထားပါတယ်။

နွေစပါးအတွက် ဆည်ရေပေးနိုင်မှု အခက်အခဲရှိတယ်ဆိုတာ အစိုးရကလည်း ကြေညာပြီးသွားပါပြီ။ နွေစပါး လျှော့စိုက်ကြဖို့လည်း ပြောထားပါတယ်။ နွေစပါးစိုက်ပျိုးမှု သိသိသာသာလျှော့နည်းမှာဖြစ်လို့ အထွက်နှုန်းလျော့ရင် ပြည်ပဆန်တင်ပို့မှု လျော့ကျလာမှာပါဟု ၎င်းက ဆိုပါတယ်။

ပြည်ပသို့ လက်ရှိဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် နှစ်သန်းခွဲတင်ပို့နိုင်ရန် ဆန်စပါး အသင်းချုပ်က မျှော်မှန်းထားပြီး ဘဏ္ဍာနှစ်စမှ ဒီဇင်ဘာ ၁၃ ရက်အထိ ပြည်ပဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ မက်ထရစ်တန် (၇၇၀,ဝဝဝ) ကျော်ရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း (၂၂၀) ကျော် ရှိခဲ့ပါတယ်။

Read More >>> နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ခုနှစ်သောင်းကျော်တင်ပို့ထား

လက်ရှိတွင် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု လျော့နည်းလာနေပြီး ပြည်ပဆန်တင်ပို့ ရောင်းချမှု စုစုပေါင်း၏ (၁၅) ရာခိုင်နှုန်းကသာ နယ်စပ်မှတစ်ဆင့် ရောင်းချခြင်းဖြစ်ကြောင်း ဦးမျိုးသူရအေးက ပြောပါတယ်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပဆန်ပို့ကုန်၏ (၅၅) ရာခိုင်နှုန်းမှာ နယ်စပ်မှတစ်ဆင့် တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် (၄၅) ရာခိုင်နှုန်း တင်ပို့ခဲ့ကြောင်း သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပဆန်တင်ပို့မှု စုစုပေါင်း၏ (၃၉) ရာခိုင်နှုန်းကျော်ကို အာဖရိကဈေးကွက်နိုင်ငံများ၊ (၃၁) ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၊ (၁၁) ရာခိုင်နှုန်းကို အီးယူဈေးကွက်နှင့် အခြားနိုင်ငံများကို (၁၈) ရာခိုင်နှုန်ကျော် တင်ပို့ရောင်းချခဲ့ပါတယ်။

Source: Ministry Of Commerce

Myanmar Industry Directory

 

>>>Zawgyi<<<

ေန႔စဥ္ ဆန္တန္ခ်ိန္ တစ္ေသာင္းခန္႔ ျပည္ပတင္ပို႔ေရာင္းခ်ေနရ

ယခု ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြင္း ေန႔စဥ္ ဆန္တန္ခ်ိန္ တစ္ေသာင္းခန္႔ ျပည္ပသို႔ တင္ပို႔ေရာင္းခ်ေနရေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ သိရပါတယ္။

ဘ႑ာႏွစ္အစကေန အခုထိဆို ရက္ ၉၀ ေလာက္ရွိပါၿပီ။ ဒီရက္ေတြအတြင္းမွာ တစ္ရက္ကို ျပည္ပကို ဆန္တန္ခ်ိန္ တစ္ေသာင္းေလာက္ တင္ပို႔ေရာင္းခ်ခဲ့တဲ့အတြက္ အခုထိဆိုရင္ ဆန္တန္ခ်ိန္ ကိုးသိန္းေလာက္ တင္ပို႔ေရာင္းခ်ၿပီးပါၿပီဟု ယင္းအသင္းခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ ဦးမ်ိဳးသူရေအးက ဇန္နဝါရီ ၁ ရက္တြင္ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံက ဆန္ကို အာဖရိကႏိုင္ငံမ်ားသို႔ အမ်ားဆုံး တင္ပို႔ေနၿပီး အာဆီယံႏိုင္ငံမ်ားသို႔ ဒုတိယ အမ်ားဆုံး တင္ပို႔လ်က္ရွိကာ ယခုႏွစ္တြင္ ေႏြစပါးမွ ရရွိသည့္ဆန္ကို ျပည္ပသို႔ တင္ပို႔ေရာင္းခ်ရမႈ ေလ်ာ့နည္းႏိုင္ေၾကာင္း ဦးမ်ိဳးသူရေအးက သုံးသပ္ထားပါတယ္။

ေႏြစပါးအတြက္ ဆည္ေရေပးႏိုင္မႈ အခက္အခဲရွိတယ္ဆိုတာ အစိုးရကလည္း ေၾကညာၿပီးသြားပါၿပီ။ ေႏြစပါး ေလွ်ာ့စိုက္ၾကဖို႔လည္း ေျပာထားပါတယ္။ ေႏြစပါးစိုက္ပ်ိဳးမႈ သိသိသာသာေလွ်ာ့နည္းမွာျဖစ္လို႔ အထြက္ႏႈန္းေလ်ာ့ရင္ ျပည္ပဆန္တင္ပို႔မႈ ေလ်ာ့က်လာမွာပါဟု ၎က ဆိုပါတယ္။

ျပည္ပသို႔ လက္ရွိဘ႑ာႏွစ္အတြင္း ဆန္တန္ခ်ိန္ ႏွစ္သန္းခြဲတင္ပို႔ႏိုင္ရန္ ဆန္စပါး အသင္းခ်ဳပ္က ေမွ်ာ္မွန္းထားၿပီး ဘ႑ာႏွစ္စမွ ဒီဇင္ဘာ ၁၃ ရက္အထိ ျပည္ပဆန္ႏွင့္ ဆန္ကြဲတင္ပို႔မႈမွာ မက္ထရစ္တန္ (၇၇၀,ဝ၀ဝ) ေက်ာ္ရွိခဲ့ၿပီး ဝင္ေငြ အေမရိကန္ေဒၚလာ သန္း (၂၂၀) ေက်ာ္ ရွိခဲ့ပါတယ္။

လက္ရွိတြင္ နယ္စပ္မွတစ္ဆင့္ ျပည္ပသို႔ ဆန္တင္ပို႔ေရာင္းခ်မႈ ေလ်ာ့နည္းလာေနၿပီး ျပည္ပဆန္တင္ပို႔ ေရာင္းခ်မႈ စုစုေပါင္း၏ (၁၅) ရာခိုင္ႏႈန္းကသာ နယ္စပ္မွတစ္ဆင့္ ေရာင္းခ်ျခင္းျဖစ္ေၾကာင္း ဦးမ်ိဳးသူရေအးက ေျပာပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း ျပည္ပဆန္ပို႔ကုန္၏ (၅၅) ရာခိုင္ႏႈန္းမွာ နယ္စပ္မွတစ္ဆင့္ တင္ပို႔ေရာင္းခ်ခဲ့ျခင္းျဖစ္ၿပီး ပင္လယ္ေရေၾကာင္းမွတစ္ဆင့္ (၄၅) ရာခိုင္ႏႈန္း တင္ပို႔ခဲ့ေၾကာင္း သိရပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း ျပည္ပဆန္တင္ပို႔မႈ စုစုေပါင္း၏ (၃၉) ရာခိုင္ႏႈန္းေက်ာ္ကို အာဖရိကေဈးကြက္ႏိုင္ငံမ်ား၊ (၃၁) ရာခိုင္ႏႈန္းေက်ာ္ကို တ႐ုတ္ႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ (၁၁) ရာခိုင္ႏႈန္းကို အီးယူေဈးကြက္ႏွင့္ အျခားႏိုင္ငံမ်ားကို (၁၈) ရာခိုင္ႏႈန္ေက်ာ္ တင္ပို႔ေရာင္းခ်ခဲ့ပါတယ္။

Source: Ministry Of Commerce

Read times
Rate this item
(0 votes)