Export, Import



နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ခုနှစ်သောင်းကျော်တင်ပို့ထား

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ခုနှစ်သောင်းကျော်တင်ပို့ထား google

ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း မြန်မာ-တရုတ် နယ်စပ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန်ကိုးထောင်ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် (၅၅၀ဝ) ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တန်ချိန် (၄၀ဝ) နီးပါး၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တန်ချိန် (၁၃၀ဝ) ကျော်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ တန်ချိန် (၂၀ဝဝ) တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် (၈၀ဝ) ကျော် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရပါတယ်။

ယခုတစ်ပတ် ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ (သုည ဒသမ ဝ၂၈) သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် (၁၀ဝ) ကျော် တင်ပို့ခဲ့ပြီး လွယ်ဂျယ်ကုန်သွယ်ရေးခစန်းမှ တန်ချိန် (၇၀) ကျော်နှင့် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ တန်ချိန် (၅၀) တင်ပို့ခဲ့ကြောင်း သိရပါတယ်။

ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် (၉၀) ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ဒီဇင်ဘာ (၁၅) ရက်မှ (၂၁) ရက် ကာလအတွင်း အမေရိကန်ဒေါ်လာ (၁၂ ဒသမ ၅) သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် လေးသောင်းကျော် တင်ပို့ခဲ့ပါတယ်။

နိုင်ငံအလိုက် တင်ပို့မှုများမှာ အာရှနိုင်ငံများသို့ တန်ချိန် (၁၆၀ဝဝ) နီးပါး၊ အီးယူနိုင်ငံများသို့ တန်ချိန် (၅၇၀ဝ) နီးပါးနှင့် အာဖရိကနိုင်ငံများသို့ တန်ချိန် (၂၀ဝဝဝ) ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် တစ်သောင်းကျော် ပိုမိုခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက် ကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ (၅ ဒသမ ၅) သန်းကျော် တန်ဖိုးရှိ ဆန်ကွဲတန်ချိန် နှစ်သောင်းကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ အာရှနိုင်ငံများသို့ တန်ချိန် ၁၀ဝ ကျော်၊ အီးယူ နိုင်ငံများသို့ တန်ချိန် ၁၂၀ဝ၀ ကျော်၊ အာဖရိကနိုင်ငံများသို့ တန်ချိန် ၈၅၀ဝ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။

ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၁၅၀ဝ၀ ကျော် လျော့နည်း တင်ပို့ခဲ့တာဖြစ်ပြီး ယခုတစ်ပတ် ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ခုနစ်သောင်းကျော် တင်ပို့နိုင်ခဲ့သော်လည်း ယခင် တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် တန်ချိန် လေးထောင်နီးပါး လျော့နည်းခဲ့ကြောင်း သိရပါတယ်။

Source: Ministry Of Commerce

 

>>>Zawgyi<<<

နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားမွ ဆန္ႏွင့္ ဆန္ကြဲတန္ခ်ိန္ ခုႏွစ္ေသာင္းေက်ာ္တင္ပို႔ထား

ဒီဇင္ဘာ ၁၄ ရက္မွ ၂၀ ရက္အတြင္း ျမန္မာ-တ႐ုတ္ နယ္စပ္ ႏွင့္ ျမန္မာ-ထိုင္းနယ္စပ္ရွိ ကုန္သြယ္ေရးစခန္းမ်ားမွ အေမရိကန္ေဒၚလာ ႏွစ္သန္းေက်ာ္တန္ဖိုးရွိ ဆန္တန္ခ်ိန္ကိုးေထာင္ေက်ာ္ တင္ပို႔ခဲ့ေၾကာင္း သိရပါတယ္။

ျမန္မာ-တ႐ုတ္နယ္စပ္ရွိ မူဆယ္ (၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္မွ ဆန္တန္ခ်ိန္ (၅၅၀ဝ) ေက်ာ္၊ ခ်င္းေ႐ႊေဟာ္ကုန္သြယ္ေရးစခန္းမွ တန္ခ်ိန္ (၄၀ဝ) နီးပါး၊ လြယ္ဂ်ယ္ကုန္သြယ္ေရးစခန္းမွ တန္ခ်ိန္ (၁၃၀ဝ) ေက်ာ္ႏွင့္ ျမန္မာ-ထိုင္းနယ္စပ္ရွိ တာခ်ီလိတ္ ကုန္သြယ္ေရးစခန္းမွ တန္ခ်ိန္ (၂၀ဝ၀) တင္ပို႔ခဲ့ပါတယ္။ ယခင္တစ္ပတ္တင္ပို႔မႈႏွင့္ႏႈိင္းယွဥ္ပါက တန္ခ်ိန္ (၈၀ဝ) ေက်ာ္ ေလ်ာ့နည္းတင္ပို႔ခဲ့ေၾကာင္း သိရပါတယ္။

ယခုတစ္ပတ္ ကုန္သြယ္ေရးစခန္းမ်ားမွ အေမရိကန္ေဒၚလာ (သုည ဒသမ ဝ၂၈) သန္း တန္ဖိုးရွိ ဆန္ကြဲတန္ခ်ိန္ (၁၀ဝ) ေက်ာ္ တင္ပို႔ခဲ့ၿပီး လြယ္ဂ်ယ္ကုန္သြယ္ေရးခစန္းမွ တန္ခ်ိန္ (၇၀) ေက်ာ္ႏွင့္ ကန္ပိုက္တီကုန္သြယ္ေရးစခန္းမွ တန္ခ်ိန္ (၅၀) တင္ပို႔ခဲ့ေၾကာင္း သိရပါတယ္။

ယခင္တစ္ပတ္တင္ပို႔မႈႏွင့္ႏႈိင္းယွဥ္ပါက တန္ခ်ိန္ (၉၀) ေက်ာ္ ပိုမိုတင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ ပင္လယ္ေရေၾကာင္း ကုန္သြယ္မႈမွာ ဒီဇင္ဘာ (၁၅) ရက္မွ (၂၁) ရက္ ကာလအတြင္း အေမရိကန္ေဒၚလာ (၁၂ ဒသမ ၅) သန္းေက်ာ္ တန္ဖိုးရွိ ဆန္တန္ခ်ိန္ ေလးေသာင္းေက်ာ္ တင္ပို႔ခဲ့ပါတယ္။

ႏုိင္ငံအလိုက္ တင္ပို႔မႈမ်ားမွာ အာရွႏိုင္ငံမ်ားသို႔ တန္ခ်ိန္ (၁၆၀ဝ၀) နီးပါး၊ အီးယူႏိုင္ငံမ်ားသို႔ တန္ခ်ိန္ (၅၇၀ဝ) နီးပါးႏွင့္ အာဖရိကႏိုင္ငံမ်ားသို႔ တန္ခ်ိန္ (၂၀ဝ၀ဝ) ေက်ာ္ တင္ပို႔ခဲ့တယ္လို႔ သိရပါတယ္။ ယခင္တစ္ပတ္ တင္ပို႔မႈႏွင့္ႏႈိင္းယွဥ္ပါက တန္ခ်ိန္ တစ္ေသာင္းေက်ာ္ ပိုမိုခဲ့ပါတယ္။

ဒီဇင္ဘာ ၁၅ ရက္မွ ၂၁ ရက္ ကာလအတြင္း ပင္လယ္ေရေၾကာင္းမွ အေမရိကန္ေဒၚလာ (၅ ဒသမ ၅) သန္းေက်ာ္ တန္ဖိုးရွိ ဆန္ကြဲတန္ခ်ိန္ ႏွစ္ေသာင္းေက်ာ္ တင္ပို႔ခဲ့ေၾကာင္း သိရပါတယ္။ အာရွႏိုင္ငံမ်ားသို႔ တန္ခ်ိန္ ၁၀ဝ ေက်ာ္၊ အီးယူ ႏိုင္ငံမ်ားသို႔ တန္ခ်ိန္ ၁၂၀ဝ၀ ေက်ာ္၊ အာဖရိကႏိုင္ငံမ်ားသို႔ တန္ခ်ိန္ ၈၅၀ဝ နီးပါး တင္ပို႔ႏိုင္ခဲ့ပါတယ္။

ယခင္တစ္ပတ္ႏွင့္ ႏႈိင္းယွဥ္ပါက ဆန္ကြဲတန္ခ်ိန္ ၁၅၀ဝ၀ ေက်ာ္ ေလ်ာ့နည္း တင္ပို႔ခဲ့တာျဖစ္ၿပီး ယခုတစ္ပတ္ ဆန္ႏွင့္ ဆန္ကြဲတင္ပို႔မႈ စုစုေပါင္းတန္ခ်ိန္ ခုနစ္ေသာင္းေက်ာ္ တင္ပို႔ႏိုင္ခဲ့ေသာ္လည္း ယခင္ တစ္ပတ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ တန္ခ်ိန္ ေလးေထာင္နီးပါး ေလ်ာ့နည္းခဲ့ေၾကာင္း သိရပါတယ္။

Source: Ministry Of Commerce

Read times
Rate this item
(0 votes)