Export, Import



ကုမ္ပဏီများအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်များ Update ပြန်လည်လျှောက်ထားရမည်

ကုမ္ပဏီများအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်များ Update ပြန်လည်လျှောက်ထားရမည် google

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ပြီးသော ကုမ္ပဏီများအနေဖြင့်

ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက MyCO Online စနစ်ဖြင့် ရရှိခဲ့သော ကုမ္ပဏီမှတ်ပုံတင်အမှတ် TIN No.(9 digit) အား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ရှိ ကုမ္ပဏီမှတ်ပုံတင်အမှတ်နေရာတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်နေ့ နောက်ဆုံးထား၍ ပြင်ဆင်လျှောက်ထားကြရန် ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

သို့ဖြစ်ပါ၍ သတ်မှတ်ကာလဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်နေ့အထိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ရှိ ကုမ္ပဏီမှတ်ပုံတင်အမှတ် TIN No.(9 digit) အား ပြင်ဆင်ခြင်းမရှိသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ပြီး အဆိုပါကုမ္ပဏီများအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လိုပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ် ပြန်လည်လျှောက်ထားရမည်ဖြစ်ပါကြောင်း အသိပေးကြေညာထားပါတယ်။

Screenshot from 2019 12 27 10 10 16

Screenshot from 2019 12 27 10 10 21

 

Myanmar Industry Directory

>>>Zawgyi<<<




Read times
Rate this item
(0 votes)