Export, Import



ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အမှတ်များ အချိန်မှီလာရောက် မပြောင်းလဲပါက မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည်

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အမှတ်များ အချိန်မှီလာရောက် မပြောင်းလဲပါက မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည် google

ကုန်သွယ်ဦးစီးဌာနက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အမှတ်များအား အချိန်မှီလာရောက် ပြောင်းလဲကြရန် အသိပေးထုတ်ပြန်ထားပါတယ်။

ကုန်သွယ်မှုလုပ်ငန်းနှင့် ဆက်စပ်သည့် ဌာနများအားလုံးတွင် ကုမ္ပဏီမှတ်ပုံတင်အမှတ်များအား TIN နံပါတ် (Digit ၉ လုံး) ဖြင့် ပြောင်းလဲသုံးစွဲမှုအား (၅.၁.၂၀၂၀) ရက်နေ့တွင် စတင်ပြောင်းလဲသုံးစွဲကြမှာဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် (ပသက) အမှတ်များအား ယခင်ထုတ်ပေးထားရှိသည့် အမှတ်များအစား အဆိုပါ TIN နံပါတ် (Digit ၉ လုံး) ဖြင့် ပြောင်းလဲသုံးစွဲမည်ဖြစ်သဖြင့် ၂၀၁၉ သြဂုတ်လမှစတင် အသိပေးပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပါတယ်။

ယခုအခါ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ကုမ္ပဏီများ၊ ITC card ကိုင်ဆောင်ထားသူများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂိုလိကအဖွဲ့အစည်းများ၊ သမဝါယမအသင်းအဖွဲ့များ အစိုးရဌာနများအနေဖြင့် မိမိတို့၏ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်များအား (၃၁.၁၂.၂၀၁၉) ရက်နေ့ နောက်ဆုံးထားပြိး ကုန်သွယ်ရေးဦးစီးဌာနသို့ အချိန်မှီလာရောက်ပြောင်းလဲကြရမှာဖြစ်ပါတယ်။

အဆိုပါသတ်မှတ်ရက်အတွင်း ပြောင်းလဲခြင်းမရှိသည့် ကုမ္ပဏီများအား ပသက မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်သည့်အပြင် (၅.၁.၂၀၂၀) နောက်ပိုင်းတွင်လည်း ကုန်သွယ်မှုနှင့် ဆက်စပ်သည့် လုပ်ငန်းရပ်များ ဆောင်ရွက်နိုင်တော့မည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

79981647 2488830284576428 8299834912937082880 o

Myanmar Industry Directory

 

Zawgyi







Read times
Rate this item
(1 Vote)