Export, Import



တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး စပါးအတိုင်း ပြည်ပတင်ပို့ခွင့်ပြုမည်

တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး စပါးအတိုင်း ပြည်ပတင်ပို့ခွင့်ပြုမည် google

တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး စပါးအတိုင်း ပြည်ပတင်ပို့ခွင့်ပြုမှာဖြစ်ကြောင်း ဒီဇင်ဘာ (၅) ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးမှ သိရပါတယ်။

အစည်းအဝေးတွင် ဦးဆောင်အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံရဲ့ အဓိကသီးနှံဖြစ်တဲ့ ဆန်စပါးထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်ပဝယ်လိုအားကျဆင်းခြင်းကြောင့် ပြည်တွင်းတွင် စပါးဈေးနှုန်းများ ကျဆင်းရပါတယ်။

အခုလို စပါးဈေးကျဆင်းခြင်းကြောင့် တောင်သူများ အကျိုးစီးပွား မထိခိုက်စေရေး အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ပေးရန် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းကော်မတီက ထုတ်လုပ်မှုကုန်ကျစရိတ်ကို တွက်ချက်သုံးသပ်စေပြီး ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

စပါးတင်း ၁၀၀ အခြေခံဈေးနှုန်းကို ကျပ်ငါးသိန်းအဖြစ် အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး ဈေးကွက်ပေါက်ဈေးက အခြေခံဈေးနှုန်းအောက် ကျဆင်းနေပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူခြင်းအားဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်နိုင်ရန် ဖြစ်ပါတယ်။ စပါးဝယ်ယူရန် လိုအပ်ပါက နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ ကျပ် ၁၅ ဘီလီယံ သုံးစွဲခွင့်ပြုထားပြိးဖြစ်ပါတယ်။

Read More >>> လာအိုနိုင်ငံအတွက် လိုအပ်သော မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေး ဆွေးနွေး

ဒါ့ပြင် ပြည်တွင်းတွင် စပါးလက်ကျန် များပြားမှုကြောင့် ဈေးနှုန်းကျဆင်းခြင်းကို ထိန်းကျောင်းနိုင်ရန် လုံးသွယ်အမျိုးအစားစပါးကို စပါးအတိုင်း ပြည်ပသို့ တင်ပို့ရောင်းချခွင့်ကိုလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ တင်ပို့ခွင့် လိုင်စင် ခွင့်ပြုပေးမှာဖြစ်ပြီး တန်ချိန်တစ်သိန်းမှ စတင် ခွင့်ပြုမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်အပြီး တင်ပို့ရန်နှင့် လိုအပ်ပါက တန်ချိန်ငါးသိန်းအထိ တင်ပို့ခွင့်ပြုမှာဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့ပါတယ်။

ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်းကိုလည်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရေးနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးတို့ကို ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) စီမံကိန်းကို ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၃၀ဝ စီဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပေးနေကြောင်း သိရပါတယ်။

တောင်သူလယ်သမားအခွင့်ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ကို ကျေးလက်နေ တောင်သူလယ်သမားများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပြီး ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးလျှော့ချရေးအတွက်လည်း ရည်ရွယ်ကြောင်း သိရပါတယ်။

Source: Ministry Of Commerce

Zawgyi

ေတာင္သူလယ္သမား အက်ိဳးစီးပြားျမွင့္တင္ေရး စပါးအတုိင္း ျပည္ပတင္ပို႔ခြင့္ျပဳမည္

ေတာင္သူလယ္သမား အက်ိဳးစီးပြားျမွင့္တင္ေရး စပါးအတုိင္း ျပည္ပတင္ပို႔ခြင့္ျပဳမွာျဖစ္ေၾကာင္း ဒီဇင္ဘာ (၅) ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ ေတာင္သူလယ္သမား အခြင့္အေရးကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမွင့္တင္ေရး ဦးေဆာင္အဖြဲ႔ စံုညီအစည္းအေဝးမွ သိရပါတယ္။

အစည္းအေဝးတြင္ ဦးေဆာင္အဖြဲ႔ေခါင္းေဆာင္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ျမန္မာႏုိင္ငံရဲ႕ အဓိကသီးႏွံျဖစ္တဲ့ ဆန္စပါးထုတ္လုပ္ေရာင္းဝယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ လက္ရွိျဖစ္ေပၚေနတဲ့ ျပည္ပဝယ္လုိအားက်ဆင္းျခင္းေၾကာင့္ ျပည္တြင္းတြင္ စပါးေစ်းႏႈန္းမ်ား က်ဆင္းရပါတယ္။

အခုလို စပါးေစ်းက်ဆင္းျခင္းေၾကာင့့္ ေတာင္သူမ်ား အက်ိဳးစီးပြား မထိခိုက္ေစေရး အေျခခံရည္ညႊန္းစပါးေစ်းႏႈန္း ထုတ္ျပန္ေပးရန္ ဆန္စပါးေစ်းကြက္ႏွင့္ ေစ်းႏႈန္းဆုိင္ရာ သံုးသပ္အႀကံျပဳတင္ျပေရးလုပ္ငန္းေကာ္မတီကို ဖြဲ႔စည္းခဲ့ေၾကာင္း၊ ၎ေကာ္မတီက ထုတ္လုပ္မႈကုန္က်စရိတ္ကို တြက္ခ်က္သုံးသပ္ေစၿပီး ၂၀၁၉-၂၀၂၀ ခုႏွစ္အတြက္ အေျခခံရည္ညႊန္းစပါးေစ်းႏႈန္း ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

စပါးတင္း ၁၀၀ အေျခခံေစ်းႏႈန္းကို က်ပ္ငါးသိန္းအျဖစ္ ေအာက္တုိဘာ ၁၅ ရက္က ထုတ္ျပန္ေၾကညာခဲ့ၿပီး ေစ်းကြက္ေပါက္ေစ်းက အေျခခံေစ်းႏႈန္းေအာက္ က်ဆင္းေနပါက အေျခခံေစ်းႏႈန္းအတုိင္း ဝယ္ယူျခင္းအားျဖင့္ ေတာင္သူလယ္သမားမ်ား၏ အက်ိဳးစီးပြားျမွင့္တင္ႏုိင္ရန္ ျဖစ္ပါတယ္။ စပါးဝယ္ယူရန္ လုိအပ္ပါက ႏုိင္ငံေတာ္လွည့္ပတ္ရန္ပံုေငြ က်ပ္ ၁၅ ဘီလီယံ သံုးစြဲခြင့္ျပဳထားၿပိးျဖစ္ပါတယ္။

ဒါ႔ျပင္ ျပည္တြင္းတြင္ စပါးလက္က်န္ မ်ားျပားမႈေၾကာင့္ ေဈးႏႈန္းက်ဆင္းျခင္းကို ထိန္းေက်ာင္းႏုိင္ရန္ လုံးသြယ္အမ်ိဳးအစားစပါးကို စပါးအတိုင္း ျပည္ပသို႔ တင္ပို႔ေရာင္းခ်ခြင့္ကိုလည္း ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွ ဒီဇင္ဘာလအထိ တင္ပို႔ခြင့္ လိုင္စင္ ခြင့္ျပဳေပးမွာျဖစ္ၿပီး တန္ခ်ိန္တစ္သိန္းမွ စတင္ ခြင့္ျပဳမွာျဖစ္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၃၁ ရက္အၿပီး တင္ပို႔ရန္ႏွင့္ လိုအပ္ပါက တန္ခ်ိန္ငါးသိန္းအထိ တင္ပို႔ခြင့္ျပဳမွာျဖစ္ေၾကာင္း ဒုတိယသမၼတက ေျပာၾကားခဲ့ပါတယ္။

ေက်းလက္ေန ျပည္သူမ်ား မိသားစုဝင္ေငြတိုးေရး ျမစိမ္းေရာင္ေက်း႐ြာ စီမံကိန္းကိုလည္း ဒုတိယသမၼတက ထည့္သြင္းေျပာၾကားခဲ့ပါတယ္။ ေက်းလက္ေနျပည္သူမ်ား အလုပ္အကိုင္အခြင့္အလမ္းႏွင့္ မိသားစုဝင္ေငြ တိုးပြားေစေရးႏွင့္ ေက်းလက္ေဒသ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ႏိုင္ေရးတို႔ကို ရည္႐ြယ္ၿပီး ျမစိမ္းေရာင္ေက်း႐ြာ (ငါးက႑) စီမံကိန္းကို ေက်း႐ြာတစ္႐ြာလွ်င္ က်ပ္သိန္း ၃၀ဝ စီျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ ေပးေနေၾကာင္း သိရပါတယ္။

ေတာင္သူလယ္သမားအခြင့္ကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမွင့္တင္ေရးဦးေဆာင္အဖြဲ႔ကို ေက်းလက္ေန ေတာင္သူလယ္သမားမ်ား လူမႈဘဝဖြံ႔ၿဖိဳးေရးအတြက္ ရည္ရြယ္ဖြဲ႔စည္းျခင္းျဖစ္ၿပီး ေက်းလက္ေဒသ ဆင္းရဲႏြမ္းပါးေလ်ွာ့ခ်ေရးအတြက္လည္း ရည္ရြယ္ေၾကာင္း သိရပါတယ္။

Source: Ministry Of Commerce

Read times Last modified on Saturday, 21 December 2019 14:55
Rate this item
(0 votes)