Export, Import



ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရရှိထားသူများ၏ အကျိုးခံစားခွင့်များ

ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရရှိထားသူများ၏ အကျိုးခံစားခွင့်များ google

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရရှိထားသူများသည် အောက်ပါ အကျိုးခံစားခွင့်များ ရရှိနိုင်ပါသည်။

(က) ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရရှိထားသူများသည် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသများမှ တစ်ဆင့်ပုံမှန်ကုန်သွယ်မှု (Conventional Trade) စနစ်ဖြင့်သော်လည်းကောင်း၊ နယ်စပ်ဒေသများမှတစ်ဆင့် (Border Trade) စနစ်ဖြင့်သော်လည်းကောင်း သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိသည်။

( ခ ) နိုင်ငံတော်မှ အခါအားလျော်စွာ ပိတ်ပင်ထားသော ပစ္စည်းများမှအပ ကျန်သည့်ပစ္စည်းများကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ပသို့ တင်ပို့ ရောင်းချခွင့်ရှိသည်။

( ဂ ) ပြည်ပမှ တင်သွင်းခွင့်မပြုရန် အခါအားလျော်စွာ သတ်မှတ်ထားသည့် ပစ္စည်းများမှအပ ကျန်ပစ္စည်းများကို ပြည်ပသို့ပို့ကုန်များ တင်ပို့ရောင်းချခြင်းဖြင့် ရရှိသည့် နိုင်ငံခြားငွေဖြင့် ဖြစ်စေ၊ အခြား တရားဝင်ရရှိပြီး သတ်မှတ်သည့် အခွန်အခများ ပေးဆောင်ပြီးသည့် ငွေဖြင့်ဖြစ်စေ၊ နယ်စပ်ကုန်သွယ်မှုအတွက် နယ်စပ်စခန်းတိုင်းတွင် သတ်မှတ်ထားသည့် ငွေကြေးအမျိုးအစားဖြင့်ဖြစ်စေ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွင်းကုန်များ တင်သွင်းခွင့်ရှိသည်။

(ဃ) ပြည်ပမှ တင်သွင်းသောပစ္စည်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ သီးခြားကန့်သတ်ထားသော ကုန်ပစ္စည်းများအား သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်ပစ္စည်းများကို ပြည်တွင်း၌ ကြိုက်နှစ်သက်ရာ အစီအစဉ်ဖြင့် ဖြန့်ဖြူရောင်းချခွင့်ရှိသည်။

Source: Ministry Of Commerce

Myanmar Industry Directory

 

>>>Zawgyi<<<

ပို႔ကုန္၊သြင္းကုန္လုပ္ငန္းရွင္ မွတ္ပုံတင္ရရွိထားသူမ်ား၏ အက်ိဳးခံစားခြင့္မ်ား

ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္ မွတ္ပုံတင္ရရွိထားသူမ်ားသည္ ေအာက္ပါ အက်ိဳးခံစားခြင့္မ်ား ရရွိႏိုင္ပါသည္။

(က) ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္ မွတ္ပုံတင္ရရွိထားသူမ်ားသည္ ပင္လယ္ေရေၾကာင္းႏွင့္ နယ္စပ္ေဒသမ်ားမွ တစ္ဆင့္ပုံမွန္ကုန္သြယ္မႈ (Conventional Trade) စနစ္ျဖင့္ေသာ္လည္းေကာင္း၊ နယ္စပ္ေဒသမ်ားမွတစ္ဆင့္ (Border Trade) စနစ္ျဖင့္ေသာ္လည္းေကာင္း သတ္မွတ္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ပို႔ကုန္သြင္းကုန္လုပ္ငန္းမ်ား ေဆာင္႐ြက္ခြင့္ရွိသည္။

( ခ ) ႏိုင္ငံေတာ္မွ အခါအားေလ်ာ္စြာ ပိတ္ပင္ထားေသာ ပစၥည္းမ်ားမွအပ က်န္သည့္ပစၥည္းမ်ားကို သတ္မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ျပည္ပသို႔ တင္ပို႔ ေရာင္းခ်ခြင့္ရွိသည္။

( ဂ ) ျပည္ပမွ တင္သြင္းခြင့္မျပဳရန္ အခါအားေလ်ာ္စြာ သတ္မွတ္ထားသည့္ ပစၥည္းမ်ားမွအပ က်န္ပစၥည္းမ်ားကို ျပည္ပသို႔ပို႔ကုန္မ်ား တင္ပို႔ေရာင္းခ်ျခင္းျဖင့္ ရရွိသည့္ ႏိုင္ငံျခားေငြျဖင့္ ျဖစ္ေစ၊ အျခား တရားဝင္ရရွိၿပီး သတ္မွတ္သည့္ အခြန္အခမ်ား ေပးေဆာင္ၿပီးသည့္ ေငြျဖင့္ျဖစ္ေစ၊ နယ္စပ္ကုန္သြယ္မႈအတြက္ နယ္စပ္စခန္းတိုင္းတြင္ သတ္မွတ္ထားသည့္ ေငြေၾကးအမ်ိဳးအစားျဖင့္ျဖစ္ေစ သတ္မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ သြင္းကုန္မ်ား တင္သြင္းခြင့္ရွိသည္။

(ဃ) ျပည္ပမွ တင္သြင္းေသာပစၥည္းမ်ားႏွင့္ပတ္သက္၍ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၏ ဥပေဒ၊ လုပ္ထုံးလုပ္နည္းအရ သီးျခားကန႔္သတ္ထားေသာ ကုန္ပစၥည္းမ်ားအား သတ္မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး က်န္ပစၥည္းမ်ားကို ျပည္တြင္း၌ ႀကိဳက္ႏွစ္သက္ရာ အစီအစဥ္ျဖင့္ ျဖန႔္ျဖဴေရာင္းခ်ခြင့္ရွိသည္။

Source: Ministry Of Commerce

 

Read times Last modified on Wednesday, 29 January 2020 17:42
Rate this item
(0 votes)