Export, Import



မြန်မာ့ကမ်းလွန် A-6 လုပ်ကွက်မှ ထွက်ရှိမယ့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့သွားမည်

မြန်မာ့ကမ်းလွန် A-6 လုပ်ကွက်မှ ထွက်ရှိမယ့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့သွားမည် google

ပုဂ္ဂလိကပိုင် စွမ်းအင်ကုမ္ပဏီ MPRL E&P နဲ့ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့အကြား သတောတူညီချက်အရ သဘာဝဓာတ်ငွေ့များကို ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေဖြင့် အဆိုပါ ဓာတ်ငွေ့များကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် အဓိကအားဖြင့် သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ယခုလို သဘာဝဓာတ်ငွေ့ ရင်းမြစ်တစ်ခု ထပ်မံရရှိခြင်းကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကဏ္ဍအတွက် သတင်းကောင်းတစ်ခု ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍမှာ သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်တဲ့ ပမာဏက ထက်ဝက်ဝန်းကျင် ရှိပါတယ်။ မြန်မာနိုင်ငံ ကမ်းလွန် A-6 လုပ်ကွက်မှ ထွက်ရှိမယ့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့သွားမှာ ဖြစ်ပါတယ်။

MPRL E&P ဟာ မြန်မာနိုင်ငံမှာ ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်တို့မှာ စွမ်းအင်ရင်းမြစ်များ ရှာဖွေတူးဖော်ထုတ်လုပ်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခု ဖြစ်ပြီး MPRL E&P Group of Companies မှ ရှေ့ဆောင်ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ 
ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍဟာ အဓိကအားဖြင့် ပြည်တွင်းရင်းမြစ်များကို အခြေပြုထားပြီး ပြည်ပမှ တင်သွင်းတဲ့ ဓာတ်ငွေ့ဖြင့် ထုတ်လုပ်မှုများကို ဟန်ချက်ညီညီ ဖြည့်တင်းပါတယ်။

ပြည်တွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ပမာဏဟာ ပြီးခဲ့တဲ့ လေးနှစ်တာအတွင်း ပျမ်းမျှအားဖြင့် ၃.၅ ရာခိုင်နှုန်း နှစ်စဉ် ကျဆင်းလျက် ရှိတာမို့ ယခုလို ပြည်ပမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှုဖြင့် ဖြည့်တင်းပါတယ်။ ထိုင်းပင်လယ်ကွေ့ ဓာတ်ငွေ့သိုက်များမှ ထုတ်လုပ်မှု လျော့ကျလာခဲ့ပြီးတဲ့နောက်မှာ ပြည်ပမှ သဘာဝဓာတ်ငွေ့များ တင်သွင်း သုံးစွဲခဲ့ပါတယ်။

မြန်မာနိုင်ငံမှ တင်သွင်းတဲ့ ပမာဏဟာ ထိုင်းနိုင်ငံ သဘာဝဓာတ်ငွေ့ သုံးစွဲမှု ပမာဏ စုစုပေါင်းရဲ့ လေးပုံတစ်ပုံ ဝန်းကျင် ရှိပါတယ်။ မြန်မာနိုင်ငံမှ ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်တွေ ဖြစ်တဲ့ Total မှ လုပ်ကိုင်တဲ့ ရတနာ၊ Petronas မှ လုပ်ကိုင်တဲ့ ရဲတံခွန်၊ PTTEP မှ လုပ်ကိုင်တဲ့ ဇောတိကတို့ထံမှ သဘာဝဓာတ်ငွေ့များ ရယူလျက် ရှိတာမှာ ၎င်းနေရာသုံးခုရဲ့ ထုတ်လုပ်မှုပမာဏတွေ လျော့ကျနေပါတယ်။

ထိုင်းနိုင်ငံဟာ သဘာဝဓာတ်ငွေ့ အရည် liquefied natural gas (LNG) ကိုလည်း ဝေးလံတဲ့နေရာတွေထံမှ ဈေးကြီးပေးဝယ်ပြီး တင်သွင်းဖို့လည်း ကြိုးပမ်း ဆောင်ရွက်ပါတယ်။ ယခုလို အလုံအလောက် မရရှိမှု ပြဿနာကို A-6 လုပ်ကွက်မှ ရရှိမယ့် သဘာဝဓာတ်ငွေ့က သက်သာစေမှာ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အား သုံးစွဲမှုအပိုင်းမှာတော့ သုံးစွဲမှု ပမာဏဟာ ပြီးခဲ့တဲ့ လေးနှစ်တာအတွင်းမှာ သိသိသာသာ မြင့်တက်ခဲ့ခြင်း မရှိပါဘူး။ ထိုင်းနိုင်ငံ စီးပွားရေးနှေးကွေးနေတာရယ်၊ လျှပ်စစ်စွမ်းအင်ကို အကျိုးထိထိမိမိဖြင့် သုံးစွဲတဲ့နည်းလမ်းများ ကျင့်သုံးကြတာရယ်တို့ကြောင့် ယခုလို သုံးစွဲမှုပမာဏ မြင့်မတက်တာ ဖြစ်ပါတယ်။

Myanmar Industry Directory

 

Read More >>> တ႐ုတ္-ျမန္မာ ေရနံႏွင့္ သဘာဝဓာတ္ေငြ႔ပိုက္လုိင္းမွ ေရနံစိမ္းတန္ခ်ိန္ (၅) သန္း တင္ပို႔ထား 

>>>Zawgyi<<<

ျမန္မာ့ကမ္းလြန္ A-6 လုပ္ကြက္မွ ထြက္ရွိမယ့္ သဘာ၀ဓာတ္ေငြ႕မ်ားကို ထိုင္းႏိုင္ငံသို႔ တင္ပို႔သြားမည္

ပုဂၢလိကပိုင္ စြမ္းအင္ကုမၸဏီ MPRL E&P နဲ႔ ျမန္မာႏိုင္ငံ လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးဌာနတို႔အၾကား သေတာတူညီခ်က္အရ သဘာ၀ဓာတ္ေငြ႕မ်ားကို ထုတ္လုပ္ၿပီး ထိုင္းႏိုင္ငံသို႔ တင္ပို႔မွာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံအေနျဖင့္ အဆိုပါ ဓာတ္ေငြ႕မ်ားကို လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးအတြက္ အဓိကအားျဖင့္ သုံးစြဲသြားမွာ ျဖစ္ပါတယ္။ ယခုလို သဘာ၀ဓာတ္ေငြ႕ ရင္းျမစ္တစ္ခု ထပ္မံရရွိျခင္းေၾကာင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရး က႑အတြက္ သတင္းေကာင္းတစ္ခု ျဖစ္ပါတယ္။

လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈက႑မွာ သဘာ၀ဓာတ္ေငြ႕ျဖင့္ ထုတ္လုပ္တဲ့ ပမာဏက ထက္၀က္၀န္းက်င္ ရွိပါတယ္။ ျမန္မာႏိုင္ငံ ကမ္းလြန္ A-6 လုပ္ကြက္မွ ထြက္ရွိမယ့္ သဘာ၀ဓာတ္ေငြ႕မ်ားကို ထိုင္းႏိုင္ငံသို႔ တင္ပို႔သြားမွာ ျဖစ္ပါတယ္။

MPRL E&P ဟာ ျမန္မာႏိုင္ငံမွာ ကုန္းတြင္းပိုင္းႏွင့္ ကမ္းလြန္တို႔မွာ စြမ္းအင္ရင္းျမစ္မ်ား ရွာေဖြတူးေဖာ္ထုတ္လုပ္ေနတဲ့ ပုဂၢလိကကုမၸဏီတစ္ခု ျဖစ္ၿပီး MPRL E&P Group of Companies မွ ေရွ႕ေဆာင္ကုမၸဏီတစ္ခုလည္း ျဖစ္ပါတယ္။


ထိုင္းႏိုင္ငံ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈက႑ဟာ အဓိကအားျဖင့္ ျပည္တြင္းရင္းျမစ္မ်ားကို အေျချပဳထားၿပီး ျပည္ပမွ တင္သြင္းတဲ့ ဓာတ္ေငြ႕ျဖင့္ ထုတ္လုပ္မႈမ်ားကို ဟန္ခ်က္ညီညီ ျဖည့္တင္းပါတယ္။

ျပည္တြင္း သဘာ၀ဓာတ္ေငြ႕ထုတ္လုပ္မႈ ပမာဏဟာ ၿပီးခဲ့တဲ့ ေလးႏွစ္တာအတြင္း ပ်မ္းမွ်အားျဖင့္ ၃.၅ ရာခိုင္ႏႈန္း ႏွစ္စဥ္ က်ဆင္းလ်က္ ရွိတာမို႔ ယခုလို ျပည္ပမွ သဘာ၀ဓာတ္ေငြ႕ တင္သြင္းမႈျဖင့္ ျဖည့္တင္းပါတယ္။ ထိုင္းပင္လယ္ေကြ႕ ဓာတ္ေငြ႕သိုက္မ်ားမွ ထုတ္လုပ္မႈ ေလ်ာ့က်လာခဲ့ၿပီးတဲ့ေနာက္မွာ ျပည္ပမွ သဘာ၀ဓာတ္ေငြ႕မ်ား တင္သြင္း သုံးစြဲခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွ တင္သြင္းတဲ့ ပမာဏဟာ ထိုင္းႏိုင္ငံ သဘာ၀ဓာတ္ေငြ႕ သုံးစြဲမႈ ပမာဏ စုစုေပါင္းရဲ႕ ေလးပုံတစ္ပုံ ၀န္းက်င္ ရွိပါတယ္။ ျမန္မာႏိုင္ငံမွ ကမ္းလြန္ဓာတ္ေငြ႕လုပ္ကြက္ေတြ ျဖစ္တဲ့ Total မွ လုပ္ကိုင္တဲ့ ရတနာ၊ Petronas မွ လုပ္ကိုင္တဲ့ ရဲတံခြန္၊ PTTEP မွ လုပ္ကိုင္တဲ့ ေဇာတိကတို႔ထံမွ သဘာ၀ဓာတ္ေငြ႕မ်ား ရယူလ်က္ ရွိတာမွာ ၎ေနရာသုံးခုရဲ႕ ထုတ္လုပ္မႈပမာဏေတြ ေလ်ာ့က်ေနပါတယ္။

ထိုင္းႏိုင္ငံဟာ သဘာ၀ဓာတ္ေငြ႕ အရည္ liquefied natural gas (LNG) ကိုလည္း ေ၀းလံတဲ့ေနရာေတြထံမွ ေဈးႀကီးေပး၀ယ္ၿပီး တင္သြင္းဖို႔လည္း ႀကိဳးပမ္း ေဆာင္ရြက္ပါတယ္။ ယခုလို အလုံအေလာက္ မရရွိမႈ ျပႆနာကို A-6 လုပ္ကြက္မွ ရရွိမယ့္ သဘာ၀ဓာတ္ေငြ႕က သက္သာေစမွာ ျဖစ္ပါတယ္။

လွ်ပ္စစ္ဓာတ္အား သုံးစြဲမႈအပိုင္းမွာေတာ့ သုံးစြဲမႈ ပမာဏဟာ ၿပီးခဲ့တဲ့ ေလးႏွစ္တာအတြင္းမွာ သိသိသာသာ ျမင့္တက္ခဲ့ျခင္း မရွိပါဘူး။ ထိုင္းႏိုင္ငံ စီးပြားေရးေႏွးေကြးေနတာရယ္၊ လွ်ပ္စစ္စြမ္းအင္ကို အက်ဳိးထိထိမိမိျဖင့္ သုံးစြဲတဲ့နည္းလမ္းမ်ား က်င့္သုံးၾကတာရယ္တို႔ေၾကာင့္ ယခုလို သုံးစြဲမႈပမာဏ ျမင့္မတက္တာ ျဖစ္ပါတယ္။

Read times Last modified on Thursday, 30 January 2020 16:56
Rate this item
(0 votes)