Export, Import



မြန်မာ့ဆန်ကို တရုတ်ဘက်မှ အခွန် (၆၅) ရာခိုင်နှုန်းအထိ ကောက်ခံနေခြင်းကြောင့် ဆန်ကုန်သည်များ အခက်ကြုံ

မြန်မာ့ဆန်ကို တရုတ်ဘက်မှ အခွန် (၆၅) ရာခိုင်နှုန်းအထိ ကောက်ခံနေခြင်းကြောင့် ဆန်ကုန်သည်များ အခက်ကြုံ google

မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်ကို တရုတ်နိုင်ငံဘက်က အခွန် (၆၅) ရာခိုင်နှုန်း သတ်မှတ်ကောက်ခံနေခြင်းကြောင့် ဆန်တင်ပို့သူများအတွက် အဆင်မပြေမှုများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး၊ ဆန်ကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်က ပြောပါတယ်။

“တရုတ်နိုင်ငံက မကြားဖူးတဲ့ အခွန်နှုန်းထားဖြစ်တဲ့ (၆၅) ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထားတဲ့အတွက် ကျွန်တော်တို့ အခွန်ဆောင်နေရတယ်၊ ဆန်တစ်အိတ်ကို ယွမ်းတစ်ရာသတ်မှတ်ရင် ကျွန်တော်တို့က (၆၅) ယွမ်ဆောင်နေရတယ်။ ကျွန်တော်တွေ့ဖူးသမျှထဲမှာတော့ ဒါမျိုးပုံစံမျိုးမရှိဘူး” ဟု ၎င်းကပြောပါတယ်။

အခုလို အခွန်နှုန်းထား မြင့်မားစွာ ပေးဆောင်ခြင်းကြောင့် ပြည်တွင်းတွင် ပြည်ပပို့ဆန်များ သိသိသာသာ ဈေးနှုန်းထိုးကျသွားခဲ့ပြီး ကုန်သည်များနှင့် စိုက်ပျိုးသူများမှာ အဆင်မပြေမှုများစွာ ကြုံတွေ့နေပြီး တင်း (၁၀၀) လျှင် ကျပ်ငါးသိန်း သတ်မှတ်ထားပေမယ့်လည်း အဆိုပါပမာဏအား မပေးနိုင်သည့် အခြေအနေများဖြင့် ကြုံတွေ့နေရကြောင်း သိရပါတယ်။

ကုန်သည်များအနေနဲ့လည်း တရုတ်ဘက်က သတ်မှတ်ထားတဲ့ ဈေးအတိုင်းဆိုရင် မကိုက်တဲ့အတွက် အခုဆိုရင် လမ်းကြောင်းပြောင်းပို့နေရပါတယ်။ လာအိုနိုင်ငံကနေ ထရန်စစ်နဲ့ တရုတ်နိုင်ငံထဲကို တင်ပို့နေရတာဖြစ်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်ပို့လျှင် ဆန်တစ်အိတ် ကျပ်တစ်ထောင်ဝန်းကျင်သာ ကုန်ကျပြီး လာအိုနိုင်ငံမှတဆင့် တင်ပို့လျှင် တစ်အိတ် ကျပ်ငါးထောင်ခန့် ကုန်ကျကြောင်း သိရပါတယ်။ ဒါပေမယ့် အခွန်ရာခိုင်နှုန်းနဲ့ တွက်ချက်ရင်တော့ လာအိုနိုင်ငံမှတဆင့် တင်ပို့မှုက ကုန်သည်များအတွက် များစွာတွက်ချေကိုက်ကြောင်း သိရပါတယ်။

Read More >>> ပြည်ပသို့ ဆန်တင်ပို့မှု ယခင်နှစ်ထက် ထက်ဝက်ခန့် လျော့နည်း

အခုလို ဆန်တင်ပို့မှုတွင် ကြုံတွေ့နေရသည့် အခြေအနေများကြောင့် ဆန်ကုန်သည်များအနေဖြင့် ဆန်ပမာဏများများ တင်ပို့လိုခြင်းမရှိတော့ဘဲ အလုပ်ဖြစ်ရုံသာ တင်ပို့နေကြခြင်းကြောင့် ပြည်ပဆန်တင်ပို့မှုလည်း လွန်စွာနှေး ကွေးလျက်ရှိကြောင်း ကုန်သည်များထံမှ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရတို့အကြား နှစ်နိုင်ငံ ဆန်တင်ပို့မှုပြုလုပ်ရန်အတွက် နားလည်မှုစာချွန်လွှာ ရေးထိုးထားသော်လည်း တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီတစ်ခုတည်းဖြင့်သာ စာချုပ်ချုပ်ဆိုထားသည့် ပုံစံမျိုး ဖြစ်နေသဖြင့် ပြည်တွင်းဆန်တင်ပို့သူများမှာ ဈေးနှိမ်ခံရခြင်းနှင့် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများကိုလည်း ကြုံတွေ့နေရကြောင်း သိရပါတယ်။

Source: Mizzima

 

>>>Zawgyi<<<

ျမန္မာ့ဆန္ကို တ႐ုတ္ဘက္မွ အခြန္ (၆၅) ရာခိုင္ႏႈန္းအထိ ေကာက္ခံေနျခင္းေၾကာင့္ ဆန္ကုန္သည္မ်ား အခက္ႀကံဳ

ျမန္မာႏိုင္ငံမွ တင္ပို႔သည့္ဆန္ကို တ႐ုတ္ႏိုင္ငံဘက္က အခြန္ (၆၅) ရာခိုင္ႏႈန္း သတ္မွတ္ေကာက္ခံေနျခင္းေၾကာင့္ ဆန္တင္ပို႔သူမ်ားအတြက္ အဆင္မေျပမႈမ်ားစြာ ျဖစ္ေပၚလ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး၊ ဆန္ကုန္သည္မ်ားအသင္း အေထြေထြအတြင္းေရးမွဴး ဦးစိုင္းေက်ာ္က ေျပာပါတယ္။

“တ႐ုတ္ႏိုင္ငံက မၾကားဖူးတဲ့ အခြန္ႏႈန္းထားျဖစ္တဲ့ (၆၅) ရာခိုင္ႏႈန္းအျဖစ္ သတ္မွတ္ထားတဲ့အတြက္ ကြၽန္ေတာ္တို႔ အခြန္ေဆာင္ေနရတယ္၊ ဆန္တစ္အိတ္ကို ယြမ္းတစ္ရာသတ္မွတ္ရင္ ကြၽန္ေတာ္တို႔က (၆၅) ယြမ္ေဆာင္ေနရတယ္။ ကြၽန္ေတာ္ေတြ႕ဖူးသမွ်ထဲမွာေတာ့ ဒါမ်ိဳးပုံစံမ်ိဳးမရွိဘူး” ဟု ၎ကေျပာပါတယ္။

အခုလို အခြန္ႏႈန္းထား ျမင့္မားစြာ ေပးေဆာင္ျခင္းေၾကာင့္ ျပည္တြင္းတြင္ ျပည္ပပို႔ဆန္မ်ား သိသိသာသာ ေဈးႏႈန္းထိုးက်သြားခဲ့ၿပီး ကုန္သည္မ်ားႏွင့္ စိုက္ပ်ိဳးသူမ်ားမွာ အဆင္မေျပမႈမ်ားစြာ ႀကဳံေတြ႕ေနၿပီး တင္း (၁၀၀) လွ်င္ က်ပ္ငါးသိန္း သတ္မွတ္ထားေပမယ့္လည္း အဆိုပါပမာဏအား မေပးႏိုင္သည့္ အေျခအေနမ်ားျဖင့္ ႀကဳံေတြ႕ေနရေၾကာင္း သိရပါတယ္။

ကုန္သည္မ်ားအေနနဲ႔လည္း တ႐ုတ္ဘက္က သတ္မွတ္ထားတဲ့ ေစ်းအတိုင္းဆိုရင္ မကိုက္တဲ့အတြက္ အခုဆိုရင္ လမ္းေၾကာင္းေျပာင္းပို႔ေနရပါတယ္။ လာအုိႏုိင္ငံကေန ထရန္စစ္နဲ႔ တ႐ုတ္နုိင္ငံထဲကုိ တင္ပို႔ေနရတာျဖစ္ေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံသို႔ ဆန္တင္ပို႔ရာတြင္ မူဆယ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွတဆင့္ တင္ပို႔လွ်င္ ဆန္တစ္အိတ္ က်ပ္တစ္ေထာင္ဝန္းက်င္သာ ကုန္က်ၿပီး လာအိုႏိုင္ငံမွတဆင့္ တင္ပို႔လွ်င္ တစ္အိတ္ က်ပ္ငါးေထာင္ခန႔္ ကုန္က်ေၾကာင္း သိရပါတယ္။ ဒါေပမယ့္ အခြန္ရာခိုင္ႏႈန္းနဲ႔ တြက္ခ်က္ရင္ေတာ့ လာအိုႏိုင္ငံမွတဆင့္ တင္ပို႔မႈက ကုန္သည္မ်ားအတြက္ မ်ားစြာတြက္ေခ်ကိုက္ေၾကာင္း သိရပါတယ္။

Read More >>> ျပည္ပသို႔ ဆန္တင္ပို႔မႈ ယခင္ႏွစ္ထက္ ထက္ဝက္ခန္႔ ေလ်ာ့နည္း

အခုလို ဆန္တင္ပို႔မႈတြင္ ႀကဳံေတြ႕ေနရသည့္ အေျခအေနမ်ားေၾကာင့္ ဆန္ကုန္သည္မ်ားအေနျဖင့္ ဆန္ပမာဏမ်ားမ်ား တင္ပို႔လိုျခင္းမရွိေတာ့ဘဲ အလုပ္ျဖစ္႐ုံသာ တင္ပို႔ေနၾကျခင္းေၾကာင့္ ျပည္ပဆန္တင္ပို႔မႈလည္း လြန္စြာေႏွး ေကြးလ်က္ရွိေၾကာင္း ကုန္သည္မ်ားထံမွ သိရပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္အစိုးရတို႔အၾကား ႏွစ္ႏိုင္ငံ ဆန္တင္ပို႔မႈျပဳလုပ္ရန္အတြက္ နားလည္မႈစာခြၽန္လႊာ ေရးထိုးထားေသာ္လည္း တ႐ုတ္ႏိုင္ငံဘက္မွ ကုမၸဏီတစ္ခုတည္းျဖင့္သာ စာခ်ဳပ္ခ်ဳပ္ဆိုထားသည့္ ပုံစံမ်ိဳး ျဖစ္ေနသျဖင့္ ျပည္တြင္းဆန္တင္ပို႔သူမ်ားမွာ ေဈးႏွိမ္ခံရျခင္းႏွင့္ ေငြေၾကးပိုင္းဆိုင္ရာ အခက္အခဲမ်ားကိုလည္း ႀကဳံေတြ႕ေနရေၾကာင္း သိရပါတယ္။

Source: Mizzima

Read times Last modified on Friday, 31 January 2020 16:55
Rate this item
(0 votes)