Export, Import



ကျွန်းသစ်တန်ချိန် (၁၀၀၀) ကျော်ကို ထိုင်းသို့ ပထမဆုံး တင်ပို့ခွင့်ပြု

ကျွန်းသစ်တန်ချိန် (၁၀၀၀) ကျော်ကို ထိုင်းသို့ ပထမဆုံး တင်ပို့ခွင့်ပြု google

ကျွန်းသစ်တန်ချိန် (၁,၀၀၀) ကျော်ကို ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် နယ်စပ်မှ တင်ပို့ခွင့်ပြုကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းထွန်းက ပြောပါတယ်။

တင်မြင့်ရီကုမ္ပဏီက ထိုင်းနိုင်ငံသို့ ကျွမ်းသစ်လုံးခွဲသားများ တင်ပို့ခွင့်ရရှိရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့သို့ တင်ပြတောင်းဆိုခဲ့ကြောင်း ဦးအောင်ဝင်းထွန်းက ပြောပါတယ်။

သစ်သားစက်ရုံများ

ထိုင်းနိုင်ငံသို့ ရောင်းချမည့် ကျွန်းသစ်ခွဲသားများမှာ မြန်မာ့အသစ်လုပ်ငန်းမှ ကျွန်းသစ်လုံး (၂,၈၁၈ ဒသမ ၂၀၈) တန်ကို တင်မြင့်ရီကုမ္ပဏီက ဝယ်ယူခြင်းဖြစ်ပါတယ်။ ပထမဆုံးအသုတ်ရောင်းချမှုကို မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ကျွန်းသစ်ခွဲသား (၁၉၈ ဒသမ ၉,၈၃၆) တန် ရောင်းချမှာဖြစ်ပါတယ်။

Read More >>> အမေရိကန်က အသားနှင့် လယ်ယာထွက်ကုန်အချို့ မြန်မာသို့ တင်သွင်းရန် လာရောက်ဆွေးနွေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် တရားဝင်သစ်ခွဲသားများ ပြည်ပသို့ တင်ပို့ရောင်းချမှုမှ တရားမဝင်သစ် ပြည်ပဖြတ်ကျော်တင်ပို့မှု ပပျောက်ရေးနှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခအပြည့်အဝရရှိရန် အထောက်အကူပြုမည်ဟု ဆိုပါတယ်။

မြန်မာ့သစ်လုပ်ငန်းက ယခုဘဏ္ဍာနှစ်တွင် ကျွန်းသစ်တန်ချိန် (၈,၀၀၀)၊ သစ်မာတန်ချိန် (၁၅,၀၀၀) နှင့် သစ်တောထွက်ပစ္စည်း (၂,၈၈၀) တန် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဟု ကြေညာထားပါတယ်။

Source: 7Day Daily

 

>>>Zawgyi<<<

ကၽြန္းသစ္တန္ခ်ိန္ (၁၀၀၀) ေက်ာ္ကို ထုိင္းသုိ႔ ပထမဆံုး တင္ပို႔ခြင့္ျပဳ

ကြၽန္းသစ္တန္ခ်ိန္ (၁,၀၀၀) ေက်ာ္ကို ထိုင္းႏိုင္ငံသို႔ ပထမဆုံးအႀကိမ္ နယ္စပ္မွ တင္ပို႔ခြင့္ျပဳေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမွဴး ဦးေအာင္ဝင္းထြန္းက ေျပာပါတယ္။

တင္ျမင့္ရီကုမၸဏီက ထိုင္းႏုိင္ငံသို႔ ကြၽမ္းသစ္လုံးခြဲသားမ်ား တင္ပို႔ခြင့္ရရွိရန္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနတို႔သို႔ တင္ျပေတာင္းဆိုခဲ့ေၾကာင္း ဦးေအာင္ဝင္းထြန္းက ေျပာပါတယ္။

သစ္သားစက္ရံုမ်ား

ထိုင္းႏိုင္ငံသို႔ ေရာင္းခ်မည့္ ကြၽန္းသစ္ခြဲသားမ်ားမွာ ျမန္မာ့အသစ္လုပ္ငန္းမွ ကြၽန္းသစ္လုံး (၂,၈၁၈ ဒသမ ၂၀၈) တန္ကို တင္ျမင့္ရီကုမၸဏီက ဝယ္ယူျခင္းျဖစ္ပါတယ္။ ပထမဆုံးအသုတ္ေရာင္းခ်မႈကို ျမန္မာ-ထိုင္းခ်စ္ၾကည္ေရး တံတားမွတစ္ဆင့္ ထိုင္းႏိုင္ငံသို႔ ကြၽန္းသစ္ခြဲသား (၁၉၈ ဒသမ ၉,၈၃၆) တန္ ေရာင္းခ်မွာျဖစ္ပါတယ္။

Read More >>> အေမရိကန္က အသားႏွင့္ လယ္ယာထြက္ကုန္အခ်ိဳ႕ ျမန္မာသို႔ တင္သြင္းရန္ လာေရာက္ေဆြးေႏြး

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္တြင္ တရားဝင္သစ္ခြဲသားမ်ား ျပည္ပသို႔ တင္ပို႔ေရာင္းခ်မႈမွ တရားမဝင္သစ္ ျပည္ပျဖတ္ေက်ာ္တင္ပို႔မႈ ပေပ်ာက္ေရးႏွင့္ ႏိုင္ငံေတာ္မွ ရသင့္ရထိုက္ေသာ အခြန္အခအျပည့္အဝရရွိရန္ အေထာက္အကူျပဳမည္ဟု ဆိုပါတယ္။

ျမန္မာ့သစ္လုပ္ငန္းက ယခုဘ႑ာႏွစ္တြင္ ကြၽန္းသစ္တန္ခ်ိန္ (၈,၀၀၀)၊ သစ္မာတန္ခ်ိန္ (၁၅,၀၀၀) ႏွင့္ သစ္ေတာထြက္ပစၥည္း (၂,၈၈၀) တန္ တင္ဒါစနစ္ျဖင့္ ေရာင္းခ်မည္ဟု ေၾကညာထားပါတယ္။

Source: 7Day Daily

Read times Last modified on Wednesday, 05 February 2020 16:21
Rate this item
(0 votes)