Export, Import



မြန်မာ့ပို့ကုန်များကို ပြည်ပနိုင်ငံ (၅) နိုင်ငံအထိ တိုးချဲ့တင်ပို့မည်

မြန်မာ့ပို့ကုန်များကို ပြည်ပနိုင်ငံ (၅) နိုင်ငံအထိ တိုးချဲ့တင်ပို့မည် Ministry of Commerce

မြန်မာ့ပို့ကုန်များကို ဥရောပ၊ Central America၊ လက်တင်အမေရိကား၊ အာဖရိက၊ သြစတြေးလျနိုင်ငံများအထိ တိုးချဲ့တင်ပို့ရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

ပို့ကုန်တိုးမြှင့်တင်ပို့ရေးအတွက် ၂၀၂၀ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ငါးနှစ်မဟာဗျူဟာစီမံကိန်း ရေးဆွဲမှာဖြစ်ပြီး အခုကတော့ strategy ဆွဲတုန်းပဲရှိသေးကြောင်း သိရပါတယ်။ ပို့ကုန်များတင်ပို့တဲ့အခါ အဓိကအားဖြင့် သမာရိုးကျဈေးကွက်တွေဖြစ်တဲ့ အိမ်နီးချင်းဈေးကွက်၊ အာဆီယံဈေးကွက်တွေအပြင် ဥရောပ၊ Central America၊ လက်တင်အမေရိကား၊ အာဖရိက၊ သြစတြေးလျအထိ တိုးချဲ့ဖို့ စီးပွားရေးသံမှူးများလည်း လွှတ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

အဆိုပါနိုင်ငံတွေဆီ မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေ အရောက်နည်းနေတာကြောင့် ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့်ချဲ့ပြီး ဆက်လုပ်သွားဖို့ရှိကြောင်း သိရပါတယ်။ ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အမျိုးသားပို့ကုန်မဟာဗျူဟာစီမံကိန်း ရေးဆွဲရေးအတွက် နိုဝင်ဘာလအတွင်း ကုန်သည်စက်မှုအသင်းချုပ်မှာ ဆွေးနွေးပွဲကျင်းပကာ အလားအလာကောင်းတဲ့ ပို့ကုန်ကဏ္ဍများကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

Read More >>> လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ (၆၅) သန်းကျော် ရရှိထား

ပထမငါးနှစ် အမျိုးသားပို့ကုန်မဟာဗျူဟာစီမံကိန်းကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရေးဆွဲအကောင်အထည်ဖော်ခဲ့ရာ ပို့ကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း (၄၀၀) အထိ တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါငါးနှစ်စီမံကိန်းတွင် ဦးစားပေးအဖြစ် ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်၊ သစ်တောထွက်ကုန်၊ အထည်ချုပ်လုပ်ငန်းနဲ့ ရော်ဘာတို့အပါအဝင် ကဏ္ဍ (၁၁) မျိုးကို ဆောင်ရွက်ခဲ့ပြီး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ ထိုင်းတို့ကို အများဆုံးတင်ပို့ခဲ့ကြောင်း သိရပါတယ်။

Source: Pyimyanmar

 

>>>Zawgyi<<<

ျမန္မာ့ပို႔ကုန္မ်ားကို ျပည္ပႏုိင္ငံ (၅) နုိင္ငံအထိ တုိးခ်ဲ႕တင္ပုိ႔မည္

ျမန္မာ့ပို႔ကုန္မ်ားကို ဥေရာပ၊ Central America၊ လက္တင္အေမရိကား၊ အာဖရိက၊ ၾသစေၾတးလ်ႏုိင္ငံမ်ားအထိ တိုးခ်ဲ႕တင္ပို႔ရန္ စီစဥ္ထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရပါတယ္။

ပို႔ကုန္တုိးျမွင့္တင္ပို႔ေရးအတြက္ ၂၀၂၀ ခုႏွစ္ကေန ၂၀၂၅ ခုႏွစ္အထိ ငါးႏွစ္မဟာဗ်ဴဟာစီမံကိန္း ေရးဆြဲမွာျဖစ္ၿပီး အခုကေတာ့ strategy ဆြဲတုန္းပဲရွိေသးေၾကာင္း သိရပါတယ္။ ပုိ႔ကုန္မ်ားတင္ပို႔တဲ့အခါ အဓိကအားျဖင့္ သမာ႐ိုးက်ေစ်းကြက္ေတြျဖစ္တဲ့ အိမ္နီးခ်င္းေစ်းကြက္၊ အာဆီယံေစ်းကြက္ေတြအျပင္ ဥေရာပ၊ Central America၊ လက္တင္အေမရိကား၊ အာဖရိက၊ ၾသစေၾတးလ်အထိ တိုးခ်ဲ႕ဖို႔ စီးပြားေရးသံမွဴးမ်ားလည္း လႊတ္ထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။

အဆုိပါႏုိင္ငံေတြဆီ ျမန္မာႏုိင္ငံရဲ႕ ပို႔ကုန္ေတြ အေရာက္နည္းေနတာေၾကာင့္ ေစ်းကြက္ကို က်ယ္က်ယ္ျပန္႔ျပန္႔ခ်ဲ႕ၿပီး ဆက္လုပ္သြားဖုိ႔ရွိေၾကာင္း သိရပါတယ္။ ၂၀၂၀ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အထိ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာစီမံကိန္း ေရးဆြဲေရးအတြက္ ႏုိဝင္ဘာလအတြင္း ကုန္သည္စက္မႈအသင္းခ်ဳပ္မွာ ေဆြးေႏြးပြဲက်င္းပကာ အလားအလာေကာင္းတဲ့ ပို႔ကုန္က႑မ်ားကို ေရြးခ်ယ္သြားမွာျဖစ္ပါတယ္။

Read More >>> လက္ရွိဘ႑ာႏွစ္ တစ္လခန္႔တြင္ ဆန္ႏွင့္ ဆန္ကြဲတင္ပို႔မႈမွ ေဒၚလာ (၆၅) သန္းေက်ာ္ ရရွိထား

ပထမငါးႏွစ္ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာစီမံကိန္းကို ၂၀၁၅ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အထိ ေရးဆြဲအေကာင္အထည္ေဖာ္ခဲ့ရာ ပုိ႔ကုန္က႑မွာ အေမရိကန္ေဒၚလာ သန္း (၄၀၀) အထိ တုိးတက္တင္ပို႔ႏုိင္ခဲ့ေၾကာင္း သိရပါတယ္။

အဆုိပါငါးႏွစ္စီမံကိန္းတြင္ ဦးစားေပးအျဖစ္ ဆန္စပါး၊ ပဲမ်ိဳးစံုႏွင့္ ဆီထြက္သီးႏွံ၊ ေရထြက္ကုန္၊ သစ္ေတာထြက္ကုန္၊ အထည္ခ်ဳပ္လုပ္ငန္းနဲ႔ ေရာ္ဘာတို႔အပါအဝင္ က႑ (၁၁) မ်ိဳးကို ေဆာင္ရြက္ခဲ့ၿပီး အထူးသျဖင့္ အိမ္နီးခ်င္းႏုိင္ငံမ်ားျဖစ္တဲ့ တ႐ုတ္၊ ထိုင္းတို႔ကို အမ်ားဆံုးတင္ပို႔ခဲ့ေၾကာင္း သိရပါတယ္။

Source: Pyimyanmar

Read times Last modified on Wednesday, 05 February 2020 16:51
Rate this item
(0 votes)