Export, Import



ပို့ကုန်၊ သွင်းကုန် မှတ်ပုံတင်ပြင်ဆင်ခြင်းအား (၁) လ ထပ်တိုး ဆောင်ရွက်ပေးမည်

ပို့ကုန်၊ သွင်းကုန် မှတ်ပုံတင်ပြင်ဆင်ခြင်းအား (၁) လ ထပ်တိုး ဆောင်ရွက်ပေးမည် google

အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် ( MYCO ) ဖြင့် မှတ်ပုံတင်ထားသော ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် အချက်အလက်များ ပြန်လည်ပြင်ဆင်ခြင်းကို ယခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ထိ ထပ်မံ သက်တမ်းတိုးမြှင့်လိုက်ပါတယ်။

ပြန်လည် ပြင်ဆင်ရန် ကျန်ရှိသော ကုမ္ပဏီများ Update ပြန်လည်ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး ယခုကဲ့သို့ သက်တမ်း (၁) လ တိုးမြှင့်ပေးခြင်း ဖြစ်ပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းများကို ရှာရန်နှိပ်ပါ

အဆိုပါ တိုးမြှင့်လိုက်သော ရက်အတွင်းတွင် လုပ်ငန်းနှင့်သက်ဆိုင်သော အချက်အလက်များကို လာရောက်ပြင်ဆင်ခြင်း မရှိပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်များကို စာရင်းမှ ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်။

Read More >>> ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို ကြိုတင်ခွင့်ပြုချက်ယူရမည့် အချက်များ အသိပေးထုတ်ပြန်

MYCO စနစ်ဖြင့် မှတ်ပုံတင်ထားသော ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်များကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့ နောက်ဆုံးထား ပြန်လည် ပြင်ဆင်ရန် ယခင်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Ref: DICA

 

>>>Zawgyi<<<








Ref: DICA

Read times Last modified on Thursday, 13 February 2020 16:17
Rate this item
(0 votes)