Export, Import



မြန်မာ-တရုတ် ပူးပေါင်း၍ စက်ပစ္စည်းများနှင့် လျှပ်စစ်ထုတ်ကုန်များကို တင်သွင်း၊ တင်ပို့ရန် လက်မှတ်ရေးထိုး

မြန်မာ-တရုတ် ပူးပေါင်း၍ စက်ပစ္စည်းများနှင့် လျှပ်စစ်ထုတ်ကုန်များကို  တင်သွင်း၊ တင်ပို့ရန် လက်မှတ်ရေးထိုး google

စက်ပစ္စည်းများနှင့် လျှပ်စစ်ထုတ်ကုန်များ တင်သွင်း၊ တင်ပို့ရာတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နဲ့ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးအသင်းချုပ် (CCCME) တို့ စက်တင်ဘာ (၂၂) ရက်က စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပါတယ်။

လက်မှတ်ရေးထိုးတဲ့ အစီအစဉ်ကို တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် စီမံကိန်းများ ချိတ်ဆက်မှုအခမ်းအနားမှာ ပြုလုပ်ခဲ့ပြီး မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးတဲ့ အစီအစဉ် ပါဝင်ခဲ့ပါတယ်။

အခုလို ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီမံကိန်းချိတ်ဆက်မှု အခမ်းအနားကျင်းပခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ပိုမိုသိရှိနားလည်လာနိုင်ပြီး တရုတ်နိုင်ငံမှ အလားအလာရှိသော စီးပွားရေးလုပ်ငန်းရှင်များကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရန်အတွက် ပိုမိုဆွဲဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

လျှပ်စစ်ပစ္စည်းများ ဝယ်ယူနိုင်သည့်လုပ်ငန်းများကို ရှာရန်နှိပ်ပါ

ဒါ့ပြင် ဆွေးနွေးညှိနှိုင်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုကို လက်တွေ့ကျကျ မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

‘‘ထွေထွေထူးထူးတော့ မဟုတ်ဘူး။ တရုတ်ဘက်က လာလုပ်တာ’’ ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။

အဆိုပါ ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်ဟိုင်၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြင်ပရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာဝမ်ရှမ်းဝမ်နဲ့ ယူနန်ခရိုင် ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာကျောက်ဆူဝမ်တို့ လာရောက်ခဲ့ပါတယ်။

မြန်မာအစိုးရဘက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ ပဲခူးတိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးညွန့်ရွှေနဲ့ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့ တက်ရောက်ခဲ့ပါတယ်။

Read More >>> တရုတ်နိုင်ငံက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထား

Source: 7Day Daily

Read times
Rate this item
(0 votes)