Export, Import



ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အား ပြောင်းလဲ ပြင်ဆင်သတ်မှတ်မည်

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အား ပြောင်းလဲ ပြင်ဆင်သတ်မှတ်မည် google

ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျောက် အသုံးပြုရတဲ့ ကုမ္ပဏီမှတ်ပုံတင် ID တစ်ခုတည်း digit ၉ လုံးဖြင့် အသုံးပြုနိုင်စေရန် ရည်ရွယ်ပြီး DICA ၊ ကုန်သွယ်ရေး၊ အကောက်ခွန်၊ ပြည်တွင်းအခွန်ဌာနများမှာ တူညီစွာသုံးစွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပထမအဆင့်အနေဖြင့် DICA (MyCo) မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီမှတ်ပုံတင် အမှတ်အား ကုန်သွယ်ရေးရဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် (ပသက) မှတ်ပုံတင်နေရာမှာ စတင်ပြောင်းလဲ အသုံးပြုသွားမှာဖြစ်တဲ့အတွက် ကုန်သွယ်/ဦးစီးမှ သတင်းကြေငြာလွာ (၄/၂၀၁၉) ဖြင့် ထုတ်ပြန်ကြေငြာခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအဆင်ပြေစေရန် စက်တင်ဘာ (၃) ရက်နောက်ဆုံးအစား စက်တင်ဘာ (၃၀) ရက်နေ့အထိ တိုးမြှင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်း ၈၂၃ ခုကိုရှာရန် နှိပ်ပါ

စာရင်းအရ ပြောင်းလဲဆောင်ရွက်ရမယ့် ကုမ္ပဏီပေါင်း (၃) သောင်းကျော် ရှိနေတဲ့အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေစေရန်နဲ့ ကြန့်ကြာမှုမရှိစေရန် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ကုန်သွယ်/ ဦးစီး တွင်ပြောင်းလဲ ပြင်ဆင်ပြီးပါက အကောက်ခွန် (MACCS) စနစ်သို့ ကုမ္ပဏီအချက်အလက်များအား (API) စနစ်ဖြင့် အဆင့်ဆင့်ပေးပို့ ချိတ်ဆက်သွားမှာဖြစ်ပါတယ်။

လက်ရှိမှာ DICA (MyCo) စနစ်မှ ကုမ္ပဏီအချက်အလက်များအား ကုန်သွယ်/ ဦးစီးသို့ အီလက်ထရောနစ်ဒေတာဖြင့် ချိတ်ဆက်ပေးပို့ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ပေးပို့ချိတ်ဆက်နိုင်ပါက ကုန်သွယ်/ ဦးစီး (ပသက) မှတ်ပုံတင်ခြင်းအပါအဝင် ဆက်စပ်တဲ့ မှတ်ပုံတင်ခြင်း လုပ်ငန်းရပ်များအားလုံးအား လူကိုယ်တိုင်လာရောက်ရန်မလိုဘဲ အွန်လိုင်းပေါ်မှ လျောက်ထားထုတ်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Source: Dica

 

<<<Zawgyi>>>

ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မွတ္ပုံတင္အား ေျပာင္းလဲ ျပင္ဆင္သတ္မွတ္မည္

ကုန္သြယ္မႈလုပ္ငန္းစဥ္တစ္ေလ်ာက္ အသုံးျပဳရတဲ့ ကုမၸဏီမွတ္ပုံတင္ ID တစ္ခုတည္း digit ၉ လံုးျဖင့္ အသုံးျပဳနိုင္ေစရန္ ရည္ရြယ္ၿပီး DICA ၊ ကုန္သြယ္ေရး၊ အေကာက္ခြန္၊ ျပည္တြင္းအခြန္ဌာနမ်ားမွာ တူညီစြာသုံးစြဲသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ပထမအဆင့္အေနျဖင့္ DICA (MyCo) မွာ မွတ္ပုံတင္ထားတဲ့ ကုမၸဏီမွတ္ပုံတင္ အမွတ္အား ကုန္သြယ္ေရးရဲ႕ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မွတ္ပုံတင္ (ပသက) မွတ္ပုံတင္ေနရာမွာ စတင္ေျပာင္းလဲ အသုံးျပဳသြားမွာျဖစ္တဲ့အတြက္ ကုန္သြယ္/ဦးစီးမွ သတင္းေၾကျငာလြာ (၄/၂၀၁၉) ျဖင့္ ထုတ္ျပန္ေၾကျငာခဲ့ၿပီး လုပ္ငန္းေဆာင္ရြက္မႈအဆင္ေျပေစရန္ စက္တင္ဘာ (၃) ရက္ေနာက္ဆုံးအစား စက္တင္ဘာ (၃၀) ရက္ေန႔အထိ တိုးျမႇင့္ေဆာင္ရြက္ေပးသြားမွာျဖစ္ပါတယ္။

Export/Import Companies (ပုိ႔ကုန္သြင္းကုန္လုပ္ငန္း ၈၂၃ ခုကုိရွာရန္ ႏွိပ္ပါ)

စာရင္းအရ ေျပာင္းလဲေဆာင္ရြက္ရမယ့္ ကုမၸဏီေပါင္း (၃) ေသာင္းေက်ာ္ ရွိေနတဲ့အတြက္ လုပ္ငန္းေဆာင္ရြက္ရာတြင္ အဆင္ေျပေစရန္နဲ႔ ၾကန႔္ၾကာမႈမရွိေစရန္ စီစဥ္ေဆာင္ရြက္ေပးသြားမွာျဖစ္ပါတယ္။ ဆက္လက္ၿပီး ကုန္သြယ္/ ဦးစီး တြင္ေျပာင္းလဲ ျပင္ဆင္ၿပီးပါက အေကာက္ခြန္ (MACCS) စနစ္သို႔ ကုမၸဏီအခ်က္အလက္မ်ားအား (API) စနစ္ျဖင့္ အဆင့္ဆင့္ေပးပို႔ ခ်ိတ္ဆက္သြားမွာျဖစ္ပါတယ္။

လက္ရွိမွာ DICA (MyCo) စနစ္မွ ကုမၸဏီအခ်က္အလက္မ်ားအား ကုန္သြယ္/ ဦးစီးသို႔ အီလက္ထေရာနစ္ေဒတာျဖင့္ ခ်ိတ္ဆက္ေပးပို႔ရန္ ျပင္ဆင္ေဆာင္ရြက္လ်က္ရွိၿပီး ေပးပို႔ခ်ိတ္ဆက္နိုင္ပါက ကုန္သြယ္/ ဦးစီး (ပသက) မွတ္ပုံတင္ျခင္းအပါအဝင္ ဆက္စပ္တဲ့ မွတ္ပံုတင္ျခင္း လုပ္ငန္းရပ္မ်ားအားလုံးအား လူကိုယ္တိုင္လာေရာက္ရန္မလိုဘဲ အြန္လိုင္းေပၚမွ ေလ်ာက္ထားထုတ္ယူျခင္းလုပ္ငန္းမ်ားကို ေဆာင္ရြက္နိုင္မွာျဖစ္ပါတယ္။

Read More >>> သြင္းကုန္လိုင္စင္ေၾကးမ်ား တိုးျမႇင့္ေကာက္ခံမည္

Source: Dica
Myanmar Industry Directory

Read times Last modified on Monday, 24 February 2020 16:30
Rate this item
(1 Vote)