Export, Import



တိုက်ပွဲများကြောင့် တရုတ်သို့ ဘာတာစနစ်ဖြင့် တင်ပို့မည့် ဆန်များ တင်ပို့နိုင်ခြင်းမရှိသေး

တိုက်ပွဲများကြောင့် တရုတ်သို့ ဘာတာစနစ်ဖြင့် တင်ပို့မည့် ဆန်များ တင်ပို့နိုင်ခြင်းမရှိသေး google

တရုတ်နိုင်ငံသို့ ကုန်စည်ဖလှယ်တဲ့စနစ် (The Barter System) နဲ့ ဆန်တင်ပို့ရောင်းချရန် အဆင်သင့်ဖြစ်နေပေမယ့်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် တင်ပို့နိုင်ခြင်း မရှိသေးကြောင်း မန္တလေး ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းကျော်က ပြောပါတယ်။

အခုလို တရုတ်နိုင်ငံဆီ ဘာတာစနစ်နဲ့ ဆန်တန်ချိန် (၁) သိန်းကို တင်ပို့ရောင်းချနိုင်ရန် ပြီးခဲ့တဲ့ ဇူလိုင်လ (၂၅) ရက်နေ့က မန္တလေးမြို့မှာ မန္တလေး ဆန်စပါးဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနဲ့ တရုတ်နိုင်ငံမှ ရွှေချိုက်ကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးခဲ့ကာ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိ ဆန်တင်နိုင်ရန်အတွက် နောက်ဆုံးအဆင့်ဖြစ်တဲ့ ကုမ္ပဏီတံဆိပ် ရိုက်နှိပ်ထားတဲ့ ဆန်အိတ်ခွံများ ရောက်ရှိလာရန်သာ ကျန်ရှိနေခြင်းဖြစ်ပြီး ရှမ်းမြောက်ဒေသမှ တိုက်ပွဲများကြောင့် တရုတ်နိုင်ငံမှ ဆန်အိတ်ခွံများမှာလည်း မြန်မာနိုင်ငံဘက်ကို ရောက်ရှိမလာသေးကြောင်း သိရပါတယ်။

Rice Mill, Machinery & Spare Parts (ဆန်စက်နှင့် ဆန်စက်ဆိုင်ရာအပိုပစ္စည်းထုတ်လုပ်ငန်း (၂၅) ခုကိုရှာရန် နှိပ်ပါ)

“ ဒီဘက်က ဆန်က အဆင်သင့်ဖြစ်နေပြီ။ အဲဒါကို တင်ပို့ဖို့အတွက် တရုတ်ကုမ္ပဏီဘက်က အိတ်ခွံတွေပို့ဖို့ လုပ်နေချိန်မှာ တိုက်ပွဲဖြစ်နေတာ။ ခုအိတ်ခွံတွေလည်း တိုက်ပွဲကြောင့် မပို့နိုင်ဘူး။ လမ်းပွင့်သွားရင်တော့ တင်ပို့ဖို့အတွက် အဆင်သင့်ပဲ။ ဆက်တိုက်လည်း တင်ပို့နိုင်မှာပါ” လို့ ဦးစိုင်းကျော်က ပြောပါတယ်။

ဘာတာစနစ်နဲ့ တင်ပို့မယ့် ဆန်ဈေးနှုန်းမှာ ပျှမ်းမျှတစ်အိတ်ကို တရုတ်ငွေ ယွမ် (၁၀၅) ယွမ်ခန့် သတ်မှတ်ထားပြီး ဆန်အမျိုးအစားအလိုက် ဈေးနှုန်းအနည်းငယ် အပြောင်းအလဲရှိမှာဖြစ်ကြောင်း သိရပါတယ်။

“ ခုဆန်ဈေးနှုန်းက အရင်ပုံမှန်ဈေးနှုန်းထက် တစ်အိတ်ကို ယွမ် (၂၀) ဝန်းကျင် နည်းသွားတယ်။ အဲ့လိုပဲ ဟိုဘက်မှာလည်း တရားဝင်ဖြစ်သွားတော့ အစိုးရက အခွန်ကောက်လိုက်တာ တစ်အိတ်ကို (၆၀) လောက်ကျမှာပဲ။ ဟိုဘက်က စားသုံးသူက ဈေးတက်တယ်။ ဒီဘက်က ရောင်းချသူကတော့ ဈေးကျသွားတယ်” လို့ ဦးစိုင်းကျော်က ပြောပါတယ်။

**တရုတ်နိုင်ငံက တစ်သျှူးငှက်ပျောနဲ့ ပိုးအိမ် ဝယ်ယူဖို့ ကမ်းလှမ်းထား**

လက်ရှိ ပြည်တွင်းမှာ ဆန်ဈေးနှုန်း ကောင်းမွန်ခြင်း မရှိတဲ့အတွက် စပါးဈေးနှုန်းမှာလည်း အစိုဓာတ်များပါက တင်းတစ်ရာကို ကျပ် (၄) သိန်းခွဲဝန်းကျင်သာ ဈေးရရှိနေပြီး သတ်မှတ်အရည်အသွေး ပြည့်မီတဲ့ စပါးတင်း တစ်ရာကို ကျပ် (၅) သိန်းဝန်းကျင်ခန့်သာ ဈေးရရှိကြောင်း သိရပါတယ်။

 

Source: AMIA Myanmar
Myanmar Industry Directory

Read times Last modified on Saturday, 07 September 2019 13:48
Rate this item
(0 votes)