Export, Import



ကော်ဖီအပါအဝင် သီးနှံခြောက်မျိုး ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ရေး လက်မှတ်ရေးထိုး

ကော်ဖီအပါအဝင် သီးနှံခြောက်မျိုး ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ရေး လက်မှတ်ရေးထိုး google

ကော်ဖီအပါအဝင် သီးနှံခြောက်မျိုးရဲ့ စံချိန်စံညွှန်းသတ်မှတ်ရေးဆွဲနိုင်ရေးနဲ့ ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်

အမေရိကန် နိုင်ငံတကာလူမှု့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Winerock International နဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တို့ စက်တင်ဘာလ (၂) ရက်နေ့ မနက်ပိုင်းက သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

“စံချိန်စံညွှန်းသတ်မှတ်ဖို့နဲ့ ပို့ကုန်မြင့်တင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ပြီး အကူအညီပေးဖို့အတွက် MOI ရေးထိုးတာဖြစ်ပါတယ်။ ပို့ကုန်မြင့်တင်ရေးအတွက်က သင်တန်းတွေလုပ်ပေးသွားမှာဖြစ်ပါတယ်” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ဆိုပါတယ်။

Foodstuffs (မုန့်အမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်း(၉၉)ခုကိုရှာရန် နှိပ်ပါ)

အဆိုပါ သဘောတူညီချက်အရ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ် (USAID) ရဲ့ ပံ့ပိုးမှုဖြင့် ကော်ဖီ၊ ဖရဲ၊ သခွား၊ ဂျင်း၊ ပဲပုပ်စေ့နဲ့ နှမ်း စတဲ့ သီးနှံ ခြောက်မျိုးတို့ကို စံချိန်စံညွှန်းသတ်မှတ်ရေးဆွဲနိုင်ရေးနဲ့ ပြည်ပတင်ပို့နိုင်မှု မြင့်တင်နိုင်ရေးအတွက် ကူညီပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

“ အဓိကအချက်ကတော့ မူဝါဒပိုင်းနဲ့ ပတ်သက်တာတွေ ဖွံ့ဖြိုးတိုးတက်လာအောင်၊၊ သီးနှံတွေကို အားပေးမြှင့်တင်ဖို့ ဘယ်လိုဆောင်ရွက်ပေးသင့်တယ်ဆိုတာတွေ၊ နောက်တစ်ခုက သင်တန်းပိုင်းတွေ ပါမယ်။ နောက်ပြီး နယ်တွေမှာရှိတဲ့ ကုန်သွယ်မှုစင်တာတွေမှာ ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မြှင့်တင်တာတွေ ပါလာမယ်” လို့ ၄င်းက ဆက်လက်ပြောပါတယ်။

၎င်းစီမံချက်ကို လာမယ့် ဒီဇင်ဘာလအတွင်း အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာမှာ အဓိက ဦးစားပေး တင်ပို့နိုင်မယ့် ပို့ကုန်အမယ်များ ချမှတ်ကာ ပြည်ပပို့ကုန် မြင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

Read More >>> ၂၀၂၀ တွင် ပို့ ကုန်အသစ်ငါးမျိုး တိုးချဲ့တင်ပို့မည်

လက်ရှိ ဖရဲ၊သခွား၊ ပဲပုပ်တို့ကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး ဂျင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှမ်းကို အီးယူနိုင်ငံများသို့ အများဆုံးတင်ပို့နေကြောင်း သိရပါတယ်။ ကော်ဖီကိုတော့ ဟောင်ကောင်၊ အမေရိကန်၊ ကနေဒါ အပါအဝင် နိုင်ငံအတော်များများသို့ တင်ပို့လျက်ရှိပါတယ်။

 

Source: Mizzima News
Myanmar Industry Directory

Read times Last modified on Wednesday, 04 September 2019 10:44
Rate this item
(0 votes)