Export, Import



သွင်းကုန်လိုင်စင်ကြေးများ တိုးမြှင့်ကောက်ခံမည်

သွင်းကုန်လိုင်စင်ကြေးများ တိုးမြှင့်ကောက်ခံမည် google

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သွင်းကုန်များအတွက် လိုင်စင်ထုတ်ပေးရာတွင် ကောက်ခံသည့် သွင်းကုန်လိုင်စင်ကြေးများကို တိုးမြှင့်ကောက်ခံတော့မှာဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်ထောင်စုလွှတ်တော်သို့ ပြောကြားပါတယ်။

''သွင်းကုန်လိုင်စင်ကြေးများကို အနည်းဆုံး ၃၀ဝ၀ဝ (သုံးသောင်း) ကျပ်မှ အများဆုံး ၉၀ဝ၀ဝ (ကိုးသောင်း) ကျပ်အထိ ပြင်ဆင်ကောက်ခံနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီသို့ တင်ပြခဲ့ပြီးဖြစ်ပါတယ်'' လို့ ၎င်းက ပြောပါတယ်။

ယခုနှစ် ပထမခြောက်လပတ် အခွန်ကောက်ခံရရှိမှုနဲ့ပတ်သက်ပြီး လွှတ်တော်သို့ ပြန်လည်ရှင်းလင်းစဉ် အထက်ပါအကြောင်းအရာကိုပါ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ နှုန်းထားအသစ်နဲ့ မည်သည့်လတွင် စတင်ကောက်ခံမည်ဆိုသည်မှာမူ စီးပွားရေးရာကော်မတီရဲ့ ဆုံးဖြတ်ချက်သာဖြစ်တာကြောင့် ၄င်းက ထုတ်ဖော်ပြောဆိုသွားခဲ့ခြင်းမရှိပေ။

Pharmaceutical Manufacturers (ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း (၁၁) ခုကိုရှာရန် နှိပ်ပါ)

လက်ရှိကောက်ခံလျက်ရှိတဲ့ သွင်းကုန်လိုင်စင်ကြေးနှုန်းထားများမှာ အနည်းဆုံး (၂၅၀) ကျပ်မှ အများဆုံး (၅၀ဝ၀ဝ) ကျပ်အထိဖြစ်ပါတယ်။ လက်ရှိကောက်ခံလျက်ရှိတဲ့ သွင်းကုန်ခွန်နှုန်းထားက ခေတ်နဲ့ လိုက်လျောညီထွေမရှိတော့တာာကြောင့် ခေတ်နဲ့အညီ ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားပါတယ်။

ဝန်ကြီးဌာနက လက်ရှိ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွင်း ပို့ကုန်သွင်းကုန်များမှ လိုင်စင်ကြေးရငွေကို ကျပ် (၄.၁၆၇) ဘီလျံကျော်ရရှိရန် ခန့်မှန်းထားပေမယ့်လည်း ယခုသြဂုတ်လ (၁၈) ရက်အထိ ကျပ် (၃.၈၅၄) ဘီလျံကျော်သာ ရရှိသေးပါတယ်။

အခုလို သွင်းကုန်လိုင်စင်ကြေးများ တိုးမြှင့်ကောက်ခံတော့မှာဖြစ်ပေမယ့်လည်း သွင်းကုန်လိုင်စင်ရရှိရန် လိုအပ်ချက်ကိုမူ ဖြေလျှော့ပေးခဲ့တယ်လို့ ဆိုပါတယ်။ မူလက သွင်းကုန်လိုင်စင်လျှောက်ထားပြီးမှ တင်သွင်းနိုင်တဲ့ ကုန်စည်အမယ်ဟာ (၄၈၁၈) လိုင်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်အတွင်း (၄၆၁၃) ခုသို့ ဖြေလျှော့သတ်မှတ်ခဲ့ကြောင်း ဦးအောင်ထူးက ပြောပါတယ်။

ဖြေလျှာ့လိုက်ခြင်းကြောင့် ကုန်သွယ်မှုတန်ဖိုးတိုးတက်ခဲ့ပေမယ့်လည်း အခြားတစ်ဖက်မှာမူ လိုင်စင်ထုတ်ပေးရာမှ ရရှိတဲ့ အခွန်အခရငွေ ကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။ 

Read More >>> ပြင်သစ်နိုင်ငံမှ မျိုးကောင်းမျိုးသန့် ဝက်များ မြန်မာနိုင်ငံသို့ တင်သွင်းထား

လွှတ်တော်ကိုယ်စားလှယ်များထောက်ပြခဲ့တဲ့ လူစီးယာဉ်ကို ကုန်ပို့ယာဉ်အဖြစ်ပုံပြောင်းကာ တင်သွင်းခဲ့မှုများကိုလည်း ယာဉ်တန်ဖိုးရဲ့ (၅၀) ရာခိုင်နှုန်း၊ (၁၀ဝ) ရာခိုင်နှုန်းများဖြင့် ဒဏ်တပ်ရိုက်ကာ မူလယာဉ်အမျိုးအစားအတိုင်းပင် မှတ်ပုံတင်စေခဲ့ပြီးဖြစ်ကြောင်းလည်း ၎င်းက ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

ယာဉ်တင်သွင်းသူများဟာ အခွန်သက်သာစေရန်အတွက် လူစီးယာဉ်များကို ကုန်ပို့ယာဉ်များအဖြစ်ပုံပြောင်းကာ တင်သွင်းခဲ့မှုများရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Source: The Myanmar Times
Myanmar Industry Directory

Read times Last modified on Friday, 30 August 2019 11:04
Rate this item
(0 votes)