Export, Import



မြန်မာ - ထိုင်း ကုန်သွယ်မှုကို ၂ဝ၂၂ ခုနှစ်တွင် နှစ်ဆမြှင့်တင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်နေ

မြန်မာ - ထိုင်း ကုန်သွယ်မှုကို ၂ဝ၂၂ ခုနှစ်တွင် နှစ်ဆမြှင့်တင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်နေ google

မြန်မာ-ထိုင်းနိုင်ငံတို့ကြား နှစ်နိုင်ငံ ကုန်သွယ်ရေးကို ၂ဝ၂၂ ခုနှစ်တွင် လက်ရှိ အခြေအနေများထက် နှစ်ဆမြှင့်တင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

''နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ တိုးတက်ရေးအတွက် နှစ်ဖက်အစိုးရ တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ညှိနှိုင်းပြီးတော့ လုပ်ဆောင်နေကြပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြှင့်စေဖို့အတွက် မြန်မာ့ပို့ကုန်တွေ ဈေးကွက်ပိုမိုရရှိစေဖို့ မြန်မာနိုင်ငံဘက်ကနေ တောင်းဆိုခဲ့တဲ့အပေါ် ထိုင်းနိုင်ငံဘက်က သဘောတူ လက်ခံထားတာတွေ ရှိပါတယ်'' လို့ ၎င်းက ပြောခဲ့ပါတယ်။

ဒါ့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နဲ့ အာဆီယံ စည်းမျဉ်းစည်းကမ်းများအရ မြန်မာ့ပို့ကုန်များဖြစ်တဲ့ ကြက်သွန်နီပျိုးပင်ပေါက်၊ ကြက်သွန်နီ၊ အာလူး၊ ပြောင်း၊ မြေပဲဆန်တို့အပေါ် ထိုင်းနိုင်ငံက Duty Free ၊ Quota Free များဖြင့် ဈေးကွက် ဝင်ရောက်ခွင့်ပြုရေးတို့ကို ညှိနှိုင်းဆွေးနွေးထားကြောင်း၊ ကုန်သွယ်မှုနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်များအနေဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းလိုတဲ့ အပင်နဲ့ အပင်ထွက်ပစ္စည်းများအတွက် Pest Risk Analysis (PRA) ပေးပို့ ပေးရေး ကိစ္စတို့ကိုလည်း ညှိနှိုင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ တင်သွင်းနေတဲ့ မော်တော်ယာဉ်၊ ယန္တရားများနဲ့ အသုံးပြုပြီးတဲ့ လျှပ်စစ်ပစ္စည်းအဟောင်းတို့ကို နှစ်နိုင်ငံ လိုက်နာဆောင်ရွက်ရမယ့် BASEL Convention အရ တင်ပို့ခြင်းမပြုရေး ကန့်သတ်ရန် ညှိနှိုင်းသဘောတူခဲ့ကြောင်း သိရပါတယ်။

 

Read More >>> အရင်ဘဏ္ဍာနှစ်ထက် တရုတ်နှင့် ထိုင်းနိုင်ငံများသို့ သဘာဝဓာတ်ငွေ့တင်ပို့ခြင်းမှ သန်း (၁၀၀) ကျော် ပိုရထား

 

၎င်းအပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အန္တရာယ်ရှိတဲ့ ကုန်စည်များ၊ တားမြစ်ထားတဲ့ အရက်၊ ဘီယာ၊ ကွမ်း စားဆေး စတဲ့ ကုန်စည်တို့ကို တစ်ဆင့်ခံ ကုန်သွယ်မှု နည်းလမ်းအရဖြစ်စေ၊ နယ်စပ်ကုန်သွယ်မှု နည်းလမ်းအရဖြစ်စေ ကုန်သွယ်မှုမပြုရန်၊ နှစ်နိုင်ငံတရားဝင် သတ်မှတ်ထားတဲ့ နယ်စပ်ထွက်ပေါက်များ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားများမှ ကုန်သွယ်မှုပြုရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူထားကြောင်း သိရပါတယ်။

 

Source : Myawady
Myanmar Industry Directory

Read times Last modified on Saturday, 24 August 2019 14:22
Rate this item
(1 Vote)