Export, Import



အရင်ဘဏ္ဍာနှစ်ထက် တရုတ်နှင့် ထိုင်းနိုင်ငံများသို့ သဘာဝဓာတ်ငွေ့တင်ပို့ခြင်းမှ သန်း (၁၀၀) ကျော် ပိုရထား

အရင်ဘဏ္ဍာနှစ်ထက် တရုတ်နှင့် ထိုင်းနိုင်ငံများသို့ သဘာဝဓာတ်ငွေ့တင်ပို့ခြင်းမှ သန်း (၁၀၀) ကျော် ပိုရထား google

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အစ အောက်တိုဘာမှ သြဂုတ်လဆန်းအထိ ဆယ်လကျော်အတွင်း မြန်မာနိုင်ငံမှ တရုတ်နဲ့ ထိုင်းနိုင်ငံများသို့

သဘာဝဓာတ်ငွေ့တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ (၃) ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

''အရင်ဘဏ္ဍာနှစ်ကာလတူထက် သန်း (၁ဝဝ) ကျော်ပိုရတယ်။ ဈေးနှုန်းမြင့်တဲ့အတွက်ကြောင့် ပိုရတာ။ အရင်က တင်ပို့ခဲ့တဲ့ပမာဏထက်တော့ နည်းတယ်'' လို့ ၎င်းက ပြောပါတယ်။ ဒါ့ပြင် အခုလို ပိုမိုရရှိထားခြင်းမှာ ပမာဏပိုမို တင်ပို့ထားခြင်းကြောင့် မဟုတ်ဘဲ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေး မြင့်တက်လာခြင်းကြောင့်လို့ ဦးခင်မောင်လွင်က ဆိုပါတယ်။

ဆယ်လကျော်အတွင်း တရုတ်သို့ သဘာဝဓာတ်ငွေ့ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၅) ဘီလီယံနဲ့ ထိုင်းမှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၆) ဘီလီယံကျော် ရရှိထားပြီး အရင်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ (၁၁၃) သန်း ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

သဘာဝဓာတ်ငွေ့ကဏ္ဍပါဝင်တဲ့ စက်မှုကုန်ချောတင်ပို့မှုမှ ဆယ်လကျော်အတွင်း အမေရိကန်ဒေါ်လာ (၈ ဒသမ ၂) ဘီလီယံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းများအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်ပေးနေတဲ့ စီမံကိန်းလေးခုရှိပြီး အဆိုပါလုပ်ကွက်များမှ ၂ဝ၁၉-၂ဝ၂၀ ဘဏ္ဍာနှစ်မှာ သဘာဝဓာတ်ငွေ့ကုဗပေ သန်းခြောက်သိန်းသုံးသောင်းကျော် ထုတ်လုပ်ထားကြောင်း စာရင်းများအရ သိရပါတယ်။

Read More >>> တရုတ်နိုင်ငံကို မြန်မာ - တရုတ် ပိုက်လိုင်းမှ ရေနံစိမ်းတန်ချိန် သန်း ( ၂၀၀ ) တင်ပို့

အခု ၂ဝ၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဆယ်လကျော်အတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများနဲ့ အမေရိကန်ဒေါ်လာ (၂၉၄၃၈) သန်းကျော် ကုန်သွယ်ထားပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုက အများဆုံးဖြစ်ပါတယ်။ ကုန်သွယ်မှုလိုငွေအနေဖြင့် (၁၂၁၄) သန်းရှိပြီး ယမန်နှစ်ကာလတူထက် ပို့ကုန်ကန်ဒေါ်လာ (၇၉၇) သန်းဖိုးပိုမိုကာ သွင်းကုန် ကန်ဒေါ်လာ (၉ဝ၁) သန်းဖိုး လျော့နည်းခဲ့ကြောင်း သိရပါတယ်။

 

Source: Myanmar Business Today
Myanmar Industry Directory

Read times Last modified on Thursday, 22 August 2019 15:19
Rate this item
(0 votes)