Export, Import



၂၀၁၉ ခုနှစ် အတွင်း ပြည်ပသို့ ဓာတ်ငွေ့တင်ပို့မှု ဒေါ်လာ ၃ ဘီလီယံခန့်ရရှိ

၂၀၁၉ ခုနှစ် အတွင်း ပြည်ပသို့ ဓာတ်ငွေ့တင်ပို့မှု ဒေါ်လာ ၃ ဘီလီယံခန့်ရရှိ google

နိုင်ငံတကာဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လက်ရှိ ဘဏ္ဍာနှစ် (၁၀) လကျော်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့ ကန်ဒေါ်လာ သုံးဘီလီယံဖိုး တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားပို့ကုန် စုစုပေါင်းပမာဏ ဒေါ်လာ (၁၄) ဘီလီယံကျော်မှာ သဘာဝဓာတ်ငွေ့ကဏ္ဍ ပြည်ပတင်ပို့မှု (၂၀) ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ (၁.၆) ဘီလီယံကျော် ရရှိပြီး တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ရောင်းချမှုမှ ဒေါ်လာ (၁.၅) ဘီလီယံခန့် ရရှိထားပါတယ်။

‘‘ဝင်ငွေတိုးတာက ဈေးတက်လာလို့ပါ’’ လို့ ဦးခင်မောင်လွင်က ရှင်းပြပါတယ်။ ပြီးခဲ့တဲ့နှစ်က နိုင်ငံတကာရေနံနှင့် သဘာဝဓာတ်ငွေ့ဈေး လျော့နည်းမှုကြောင့် ပို့ကုန်ဝင်ငွေအနည်းငယ် လျော့နည်းခဲ့ပေမယ့်လည်း ၂၀၁၈ အောက်တိုဘာ (၁) ရက်က စတင်တဲ့ ဘဏ္ဍာနှစ်မှာတော့ ဈေးနှုန်းပိုရနေတယ်လို့ ၎င်းကဆိုပါတယ်။

အခုလို ပြည်ပတင်ပို့မှုမှ ဝင်ငွေတိုးတက်မှုရှိလာပေမယ့်လည်း မြန်မာနိုင်ငံရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းလေးခုအနက် ရတနာနှင့် ရဲတံခွန်စီမံကိန်းဟာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုအကျဘက်ကို ဦးတည်နေပြီး မကြာမီနှစ်များအတွင်း စီမံကိန်းရပ်ဆိုင်းမှာဖြစ်ကြောင်း၂၀၁၉-၂၀ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရ၊သုံးမှန်းခြေ အဆိုပြုချက်စာရင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့ကမ်းလွန်မှာ ရွှေ၊ ရတနာ၊ ရဲတံခွန်နဲ့ ဇောတိက စီမံကိန်းလေးခုရှိပြီး အဆိုပါစီမံကိန်းများမှ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ သဘာဝဓာတ်ငွေ့ကုဗပေ သန်း (၆၃၀,၀၀၀) ခန့် ထုတ်လုပ်မယ်လို့ အဆိုပါစာရင်းမှာ ဖော်ပြထားပါတယ်။ ၎င်းပမာဏမှာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ထက် ကုဗပေသန်း (၂၅,၀၀၀) ကျော်လျော့နည်းတဲ့ ပမာဏဖြစ်တယ်လို့ အထက်ပါ စာရင်းမှာ ဖော်ပြထားပါတယ်။

 

Source: 7day daily
Myanmar Industry Directory

Read times
Rate this item
(1 Vote)