Export, Import



ပို့ကုန်ရငွေစာရင်း ပြန်လည်တင်ပြနိုင်ခြင်းမရှိတဲ့ ကုမ္ပဏီ ( ၂၅ ) ခုကို ပို့ကုန်၊ သွင်းကုန်မှတ်ပုံတင် ရုပ်သိမ်း

ပို့ကုန်ရငွေစာရင်း ပြန်လည်တင်ပြနိုင်ခြင်းမရှိတဲ့ ကုမ္ပဏီ ( ၂၅ ) ခုကို ပို့ကုန်၊ သွင်းကုန်မှတ်ပုံတင် ရုပ်သိမ်း google

နိုင်ငံခြားသို့ ကုန်ပစ္စည်းတင်ပို့တဲ့ ကုမ္ပဏီ ( ၂၅ ) ခုကို ဇူလိုင်လ ဒုတိယပတ်ကစပြီး ပို့ကုန်၊ သွင်းကုန်မှတ်ပုံတင် ရုပ်သိမ်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

အဆိုပါ ရုတ်သိမ်းခံရတဲ့ ကုမ္ပဏီ ( ၂၅ ) ခုမှာ၂၀၁၇ ခုနှစ်က နိုင်ငံခြားသို့ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေစာရင်း ပြန်လည်တင်ပြနိုင်ခြင်းမရှိတဲ့ ကုမ္ပဏီများဖြစ်၍ ပို့ကုန်၊ သွင်းကုန်မှတ်ပုံတင် ရုပ်သိမ်းခြင်းဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

အခုလို ရုတ်သိမ်းခြင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်တို့က အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဦးခင်မောင်လွင်က ရှင်းပြပါတယ်။

ပြည်ပပို့ကုန်တင်ပို့နေတဲ့ ကုမ္ပဏီများအနေနဲ့ ၂၀၁၂ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ကုန်ပစ္စည်းများ သင်္ဘောတင်ပြီး ခြောက်လအတွင်း သက်ဆိုင်ရာကုမ္ပဏီက ဘဏ်များမှာ နိုင်ငံခြားငွေ ထည့်သွင်းရမှာဖြစ်ပါတယ်။ နိုင်ငံခြားငွေထည့်သွင်းပြီးတဲ့နောက် စာရင်းကိုလည်း ဗဟိုဘဏ်သို့ ပေးပို့တင်ပြရမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အထိ ပို့ကုန်တင်ပို့ပြီး နိုင်ငံခြားငွေပေးသွင်းဖို့ ကုမ္ပဏီ ( ၁၁၀ ) ကျန်ရှိနေပြီး အဆိုပါကုမ္ပဏီများ စာရင်းရှင်းရန် ဗဟိုဘဏ်က စီးပွားကူးသန်းဝန်ကြီးဌာနထံ စာပေးပို့ပြီး အကြောင်းကြားရာ စီးပွားကူးသန်းဝန်ကြီးဌာနမှ ပြီးခဲ့တဲ့ သုံးလကျော်က စာထုတ်ပြီး သက်ဆိုင်ရာကုမ္ပဏီများကို ရက် ( ၆၀ ) အတွင်း စာရင်းရှင်းဖို့ အကြောင်းကြားခဲ့ပါတယ်။ ပြီးနောက် ( ၁၅ ) ရက် ထပ်မံတိုးပေးပြီး သတိပေးခဲ့ပါတယ်။

သတိပေးတဲ့အချိန် ကုန်ဆုံးချိန်မှာ ကုမ္ပဏီ ( ၂၅ ) ခုက ဗဟိုဘဏ်သို့ စာရင်းရှင်းလင်းခြင်း မဆောင်ရွက်ခြင်းကြောင့် ကုမ္ပဏီမှတ်ပုံတင် ပြန်လည်ရုပ်သိမ်း ရခြင်းဖြစ်တယ်လို့ ဦးခင်မောင်လွင်က ရှင်းပြပါတယ်။

 

Source: 7Day Daily
Myanmar Industrial Directory

Read times
Rate this item
(0 votes)