Export, Import



တရုတ်နိုင်ငံကို မြန်မာ - တရုတ် ပိုက်လိုင်းမှ ရေနံစိမ်းတန်ချိန် သန်း ( ၂၀၀ ) တင်ပို့

တရုတ်နိုင်ငံကို မြန်မာ - တရုတ် ပိုက်လိုင်းမှ ရေနံစိမ်းတန်ချိန် သန်း ( ၂၀၀ ) တင်ပို့ google

မြန်မာ - တရုတ်ရေနံစိမ်းပိုက်လိုင်း စတင်လည်ပတ်ချိန်မှ ( ၂ ) နှစ်ကျော် ကာလအတွင်း တရုတ်နိုင်ငံကို ရေနံစိမ်းတန်ချိန် သန်း ( ၂၀၀ ) ပို့လွှတ်ခဲ့ကြောင်း အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ - တရုတ် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းဟာ ၂၀၁၇ ခုနှစ်က စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောကြီးများနဲ့ တင်ဆောင်လာတဲ့ ရေနံစိမ်းများကို ကျောက်ဖြူမြို့ မဒေးကျွန်းရှိ ရေနံလှောင်ကန်များဆီ ပို့လွှတ်ကာ ၎င်းကနေတဆင့် ပိုက်လိုင်းနဲ့ တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ပါတယ်။

‘‘ပိုက်လိုင်းက နှစ်လိုင်းပါ။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်လိုင်းနဲ့ ရေနံစိမ်းပိုက်လိုင်း တစ်လိုင်း ဖြစ်ပါတယ်။ ရေနံစိမ်းပိုက်လိုင်းက သဘာဝဓာတ်ငွေ့ပိုက်လိုင်းထက် လုပ်ငန်းလည်ပတ်တာ နောက်ကျပါတယ်။ လက်ရှိမှာတော့ ( ၂ ) နှစ်ကျော် လည်ပတ်ပြီးပါပြီ’’ လို့ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာ - တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်လည်ပတ်ချိန်မှ ခြောက်နှစ်တာကာလအတွင်း တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့ ( ၂၂.၁ ) ဘီလီယံကုဗမီတာနဲ့ မြန်မာနိုင်ငံအတွက် ( ၃၅ ) ဘီလီယံကုဗမီတာ ပို့လွှတ်ခဲ့ကြောင်း အရှေ့တောင်အာရှ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ (SEAOP/SEAGP) က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ကုမ္ပဏီက မြန်မာ - တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို၂၀၁၃ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး ပိုက်လိုင်းဖြတ်သန်းခအနေနဲ့ တစ်နှစ်ကို ကန်ဒေါ်လာ ( ၁၃.၈၁ ) သန်းအထိ ပေးဆောင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၎င်းကုမ္ပဏီကို မြန်မာ၊ တရုတ်၊ ကိုရီးယားနဲ့ အိန္ဒိယ လေးနိုင်ငံမှ ကုမ္ပဏီခြောက်ခုနဲ့ ဖွဲ့စည်းထားပြီး တရုတ်အခြေစိုက်ကုမ္ပဏီ CNP က ( ၅၀ ) ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားပါတယ်။

 

Source: 7Day Daily
Myanmar Industrial Directory

Read times
Rate this item
(1 Vote)