Export, Import

Export, Import
Thursday, 26 September 2019 14:20

ပြည်ပသို့ ဆန်တင်ပို့ရာတွင် ကွန်တိန်နာရရှိမှု အခက်အခဲနှင့် ကြုံတွေ့နေရ

ပြည်ပသို့ ဆန်တင်ပို့တဲ့အခါ ဆန်ထည့်ရန်အတွက် ကွန်တိန်နာအလွတ် ရရှိမှုနည်းတဲ့အတွက် အခက်အခဲနဲ့ ရင်ဆိုင်နေရကြောင်း ဆန်တင်ပို့တဲ့ လုပ်ငန်းရှင်များထံမှ သိရပါတယ်။

Export, Import
Wednesday, 25 September 2019 14:54

မြန်မာ့စပါးကို ပြည်ပသို့ တင်ပို့ခွင့်ပြုမည်

ဒီနှစ်မှာ နိုင်ငံအတွင်း ဆန်လက်ကျန်များနိုင်တဲ့အတွက် ပြည်ပကို စပါးတင်ပို့ခွင့်ပြုမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

Export, Import
Wednesday, 25 September 2019 10:33

မြန်မာ-တရုတ် ပူးပေါင်း၍ စက်ပစ္စည်းများနှင့် လျှပ်စစ်ထုတ်ကုန်များကို တင်သွင်း၊ တင်ပို့ရန် လက်မှတ်ရေးထိုး

စက်ပစ္စည်းများနှင့် လျှပ်စစ်ထုတ်ကုန်များ တင်သွင်း၊ တင်ပို့ရာတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နဲ့ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးအသင်းချုပ် (CCCME) တို့ စက်တင်ဘာ (၂၂) ရက်က စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပါတယ်။

Export, Import
Friday, 20 September 2019 16:59

လက်လီ၊ လက်ကားမှတ်ပုံတင်မရှိပါက ကုန်ပစ္စည်း (၆) မျိုးကို တင်သွင်းခွင့်ပြုမည်မဟုတ်

လက်လီ၊ လက်ကားမှတ်ပုံတင် လျှောက်ထားခြင်းမရှိသေးတဲ့ ကုမ္ပဏီများကို စက်တင်ဘာ (၁၁) ရက် နောက်ပိုင်းမှာ ကုန်ပစ္စည်း (၆) မျိုးကို တင်သွင်းခွင့် လိုင်စင်ထုတ်ပေးမှာ မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Export, Import
Wednesday, 18 September 2019 10:20

မြန်မာ့ဆန်ဈေးကွက်သစ် ပိုမိုရရှိရေး အာဖရိကသို့ ဈေးကွက်သွားရှာမည်

မြန်မာ့ဆန် ပိုမိုရောင်းချနိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က အောက်တိုဘာလအတွင်း အိုင်ဗရီကို့စ်၊ ဂါနာနဲ့ ဘီနင်အပါအဝင် အခြား အာဖရိကနိုင်ငံအချို့သို့ သွားရောက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

Export, Import
Monday, 16 September 2019 17:56

တရုတ်နိုင်ငံက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထား

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

Export, Import
Monday, 16 September 2019 16:11

ဥရောပသို့ ရေထွက်ကုန်တင်ပို့ခွင့် ရလာသည့် စက်ရုံ (၂၅) ရုံအထိ ရှိလာ

ဥရောပနိုင်ငံများသို့ အရည်အသွေးသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ရေထွက်ကုန်ပစ္စည်း တင်ပို့ခွင့်ရလာတဲ့ စက်ရုံပေါင်း (၂၅) ရုံအထိ ရှိလာပြီဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

Export, Import
Monday, 16 September 2019 15:26

မြန်မာ့ဆန်များ ဈေးသက်သာ၍ နိုင်ငံတကာတွင် ဝယ်လိုအားများလာ

မြန်မာ့ဆန်ဈေးနှုန်း သက်သာခြင်းကြောင့် နိုင်ငံတကာဈေးကွက်မှာ ဝယ်လိုအားများကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင်အချို့က ပြောပါတယ်။

Export, Import
Friday, 13 September 2019 14:06

မြန်မာ့လယ်ယာထွက်ကုန်များကို ထိုင်းမှတဆင့် မလေးရှားနိုင်ငံသို့ တင်ပို့ခွင့်ရရန် တင်ပြ

မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများကို ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးရန် ဒုတိယသမ္မတဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီထံ တင်ပြထားကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။