Events & Exhibition



မြန်မာ့အကြီးမားဆုံး စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာပြပွဲ ကျင်းပ

မြန်မာ့အကြီးမားဆုံး စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာပြပွဲ ကျင်းပ facebook page



ပြပွဲကြီးမှာ တရုတ်၊ ကိုရီးယား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတို့မှ နိုင်ငံတကာ ပြခန်းတွဲ (၆) ခု အပါအဝင် တရုတ်၊ ကိုရီးယား၊ မလေးရှား၊ စကာင်္ပူ၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှ ပါဝင် ပြသသူ (၁၀၀) ကျော်တို့ ပါဝင်ကြမှာဖြစ်ပါတယ်။







Myanmar Industry Directory

 

Unicode

မြန်မာနိုင်ငံ၏ အကြီးမားဆုံး စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာပြပွဲကို ယနေ့ အောက်တိုဘာ (၉) ရက်မှ (၁၁) ရက်နေ့အထိ နေရာအသစ်ဖြစ်တဲ့ Myanmar Expo (ME) မှာ မနက် (၉) နာရီမှ ညနေ (၅) နာရီထိ ကျင်းပလျက်ရှိပါတယ်။

၎င်းပြပွဲကြီးတွင် အဆောက်အဦးနှင့် ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအင်နှင့် ပြန်ပြည့်မြဲစွမ်းအင်၊ သတ္တုတွင်းတူးဖော်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများအတွက် နောက်ဆုံးပေါ် နည်းပညာများနဲ့ တီထွင်ဖန်တီးမှုများကို တစ်နေရာတည်းမှာ ပြသသွားမှာဖြစ်ပါတယ်။

စက်ယန္တရားကြီးများနှင့် ဆက်စက်ပစ္စည်းများကို ဝယ်ယူနိုင်သည့်လုပ်ငန်းကိုရှာရန် နှိပ်ပါ

ပြပွဲကြီးမှာ တရုတ်၊ ကိုရီးယား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတို့မှ နိုင်ငံတကာ ပြခန်းတွဲ (၆) ခု အပါအဝင် တရုတ်၊ ကိုရီးယား၊ မလေးရှား၊ စကာၤပူ၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှ ပါဝင် ပြသသူ (၁၀၀) ကျော်တို့ ပါဝင်ကြမှာဖြစ်ပါတယ်။

နောက်ဆုံးပေါ်နည်းပညာများနဲ့ စက်ပစ္စည်းများအပြင် အဆိုပါပြပွဲကြီးမှာ ဟောပြောပွဲနဲ့ ဆွေးနွေးပွဲများစွာကိုလည်း ပူးတွဲကျင်းပမှာဖြစ်ပြီး Federation of Myanmar Engineering Society မှစီစဉ်တဲ့The Roles of Power, Mining & Construction Sectors in the Development of Myanmar ကို အဓိကဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒါ့ပြင် Intelligent parking solution နဲ့ lubricants in total cost saving ကဲ့သို့ ဘေးကင်းလုံခြုံရေးနှင့် ပစ္စည်းသစ်များနဲ့ သက်ဆိုင်တဲ့ အခြားသော လူသိများတဲ့ ခေါင်းစဉ်များကိုလည်း ကျင်းပသွားမှာဖြစ်ပါတယ်။

Read More >>> ဂျပန်-မြန်မာ အရင်းအမြစ်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြပွဲ ကျင်းပမည် 

၎င်းပြပွဲကြီးဟာ စက်မှုလုပ်ငန်းသုံး စက်ယန္တယားများ၊ ကိုယ်စားလှယ်လွှဲအပ်လုပ်ကိုင်ခြင်း၊ အဆောက်အဦးနှင့် ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ စွမ်းအင်နှင့် ပြန်ပြည့်မြဲစွမ်းအင်လုပ်ငန်းများအတွက် တိုးတက်မှုကို ရှာဖွေနိုင်စေမယ့် တစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ အခွင့်အလမ်းဖြစ်ပါတယ်။

အဆိုပါအခမ်းအနားကို Informa Markets မှ စီစဉ်ပြီး The Union of Myanmar Federation of Chamber of Commerce (UMFCCI), Myanmar Industries Association (MIA), Myanmar Federation of Mining Association (MFMA), Myanmar Construction Entrepreneurs Association (MCEA), Myanmar Engineering Society (MES) နဲ့ the Renewable Energy Association of Myanmar (REAM) တို့ အပါအဝင် ထိပ်တန်းအသင်းအဖွဲ့ကြီးများမှ ပံ့ပိုးပေးထားပါတယ်။

Read times Last modified on Wednesday, 09 October 2019 14:19
Rate this item
(0 votes)